Ma MaMarch 5, 20144min35937
အထက်တန်းကျောင်းတက်တုန်းက …….. စာသင်တာကို ဝါသနာပါပြီး ဆရာအလုပ်ကို တန်ဖိုးထားတဲ့ မြန်မာစာသင်တဲ့ မြန်မာစစ်စစ်ဆရာမကြီးကို ချစ်ကြောက်ရိုသေသလို သူသင်ပေးခဲ့တာတွေကိုလည်း ကြုံတိုင်းအမှတ်ရမိတယ်။ 🙂 ကလေးဘဝတုန်းက ဖတ်ခဲ့တဲ့ ဦးဖိုးကျားရဲ့ အခမဲ့ကူလီထမ်းခြင်း၏အကျိ ုး ဆိုတဲ့ စာဆိုရင် ဘဝတလျှောက်လုံးမှာ စွဲမြဲမှတ်သားထားမိစေတဲ့ စာတစ်ပုဒ်ပါပဲ။ ဦးဖိုးကျားရဲ့ ဘုရားဖူးသွားခြင်း ဆိုတဲ့စာထဲမှာ ပါလာတဲ့ ခါတော်မီ ဆိုတာ အချိန်အခါအလျှောက်ပေါ်လာတာ ကိုခေါ်တယ်လို့ မြန်မာစာဆရာမက ရှင်းပြပေးခဲ့တယ်။ ကိုယ်လည်း စာမရေးဖြစ်တာ ကြာနေရာက သဂျီးက ပိုစ့်တွေပွိုင့်တိုးပေးတယ်ဆိုတာနဲ့  ပိုစ်တင်ဖို့ ကြိုးစားဖြစ်လို့ ခါတော်မီ ပေါ့။ 😆   အရိုးပြိုင်းပြိုင်းနဲ့ သစ်ပင်တွေကို မြင်တော့ ဗစ်တာခင်ညိုသီဆိုထားတဲ့ နွေရောက်ပြီလေ … ရိုးတံကျဲကျဲ ပင်အိုတို့အလှချင်းလည်းပြိုင်…. ဆိုတဲ့သီချင်းကို သတိရမိသလို ရွာထဲကနေပါလာတဲ့ အကျင့်နဲ့ […]