ကိုယ့်မှာ ကိုသောင်းစိန် ဆိုတဲ့ စက်မှုတက္ကသိုလ် ကျောင်းဆင်း သူငယ်ချင်းတစ်ယောက် ရှိတယ်။ ကိုယ့်ထက်တော့ နည်းနည်း ကြီးပါတယ်။ သူနဲ့ ကိုယ်နဲ့က အရက်သောက်ဖေါ် သောက်ဖက်။ အရက်သောက်ရင်းသူပြန်ပြောပြတဲ့ သူ့ဇာတ်လမ်း အပိုင်းအစလေးတွေကို စုပြီး ရုပ်ရှင်ရိုက်ရင် နီကိုရဲ ထိုင်ငိုသွားနိုင်ပါတယ်။ ဟုတ်မဟုတ် ဖတ်သာကြည့်ဗျာ။ သူက ရန်ကုန်တက္ကသိုလ်ထဲက အလှဖုရားမလေးတစ်ပါး ကို လိုက်နေတဲ့ အချိန်ပေါ့။ သိပ္ပံကန်တင်း မှာ နေ့လယ်စာစားပြီးသကာလ ကိုသောင်းစိန်ဟာ အဖြေမရသေးတဲ့ သူ့ချစ်သူလေးနဲ ့ယှဉ်တွဲပြီး အဓိပတိလမ်းမကြီးပေါ်မှာ ဂုဏ်ယူဝင့်ကြွားစွာလမ်းလျှောက်နေပါသတဲ့။ အဲဒီမှာပဲ သူ့ဟာမလေးရဲ့ ဒိုင်ယာလော့ခ်လေးတွေ ပွင့်ဟလာပါသတဲ့။ “ခိုခိုသောင်း” (ကိုကိုသောင်း လို ့ခါ်တာပါ။ ချွဲလွန်းပျစ်လွန်းလို့ ခိုခိုသောင်း ဖြစ်သွားတာပါ။” “ခင်ညာ” “ကျမ ကို တကယ် ချစ်ရဲ ့လား” […]