ခိုခိုသောင်း ၏ စွန် ့စားခန်းများ…။
ကိုယ့်မှာ ကိုသောင်းစိန် ဆိုတဲ့
စက်မှုတက္ကသိုလ် ကျောင်းဆင်း သူငယ်ချင်းတစ်ယောက်
ရှိတယ်။
ကိုယ့်ထက်တော့ နည်းနည်း ကြီးပါတယ်။
သူနဲ့ ကိုယ်နဲ့က အရက်သောက်ဖေါ် သောက်ဖက်။
အရက်သောက်ရင်းသူပြန်ပြောပြတဲ့
သူ့ဇာတ်လမ်း အပိုင်းအစလေးတွေကို စုပြီး
ရုပ်ရှင်ရိုက်ရင်
နီကိုရဲ ထိုင်ငိုသွားနိုင်ပါတယ်။
ဟုတ်မဟုတ် ဖတ်သာကြည့်ဗျာ။
သူက ရန်ကုန်တက္ကသိုလ်ထဲက
အလှဖုရားမလေးတစ်ပါး ကို
လိုက်နေတဲ့ အချိန်ပေါ့။
သိပ္ပံကန်တင်း မှာ နေ့လယ်စာစားပြီးသကာလ
ကိုသောင်းစိန်ဟာ အဖြေမရသေးတဲ့
သူ့ချစ်သူလေးနဲ ့ယှဉ်တွဲပြီး
အဓိပတိလမ်းမကြီးပေါ်မှာ
ဂုဏ်ယူဝင့်ကြွားစွာလမ်းလျှောက်နေပါသတဲ့။
အဲဒီမှာပဲ သူ့ဟာမလေးရဲ့
ဒိုင်ယာလော့ခ်လေးတွေ ပွင့်ဟလာပါသတဲ့။
“ခိုခိုသောင်း” (ကိုကိုသောင်း လို ့ခါ်တာပါ။
ချွဲလွန်းပျစ်လွန်းလို့ ခိုခိုသောင်း ဖြစ်သွားတာပါ။”
“ခင်ညာ”
“ကျမ ကို တကယ် ချစ်ရဲ ့လား”
“ဘယ့်နှယ့်ပြောလိုက်ပါလိမ့်
ဆီးဖြူဖန်ခါးသီးများဆိုရင်
ငုံတောင်ထားလိုက်ချင်တာပါကွယ်
ငှယ်ငှယ်”
“သက်သေပြနိုင်လား”
“ဓူဝံကြယ်ကို ခူးဆွတ်ပေးရမလား။
မဉ္ဇူသက နတ်ပန်းကို ယူပေးရမလား”
“အဲ့ဒီလောက် မခက်ပါဘူး”
“ပြောလိုက်စမ်းပါ။
ခေး ကျေနပ်အောင် သက်သေပြပါ့မယ်”
“အဲ့ဒါဆိုလေ…၊
ဟောဒီ ရေမြောင်းကြီးထဲကို ခုန်ဆင်းပြီး
လမ်းလျှောက်ပြ”
အဓိပတိလမ်းမကြီးဘေးက
ရေမြောင်းကြီးတွေ ခင်ဗျားတို့
တွေ့ဖူးကြမှာပေါ့။
လူတစ်ရပ်လောက်မြင့်တဲ့ မြောင်းကြီးတွေလေ။
အဲဒီ ရေမြောင်းကြီးကို လက်ညှိုးထိုးပြီး
သူ့ဟာမလေးက
ခုန်ဆင်းခိုင်းနေတာပါဗျာ။
ဘေးပတ်ဝန်းကျင်မှာလည်း
ကျောင်းသားကျောင်းသူတွေ
စည်ကားနေတဲ့အချိန်မျိုးကြီးဆိုတော့
ကိုကိုသောင်းစိန် ခင်ဗျာ
အခက်ကြီး ခက်နေရပြီပေါ့။
“ဟာ…ခေး ကလည်း ကွာ။ အခြားဟာ ခိုင်း။
လူတွေကအများကြီးနဲ့ ရှက်စရာကြီးကွာ”
ဆိုပြီး အထွန့်တက်ကြည့်ပါသေးတယ်။
“ဟင့်အင်း…ဟင့်အင်း၊ ခေး ကို တကယ်ချစ်ရင်
ဒီရေမြောင်းထဲ
ခုန်ချပြီး ဓါတ်တိုင် တစ်တိုင်စာလောက်
လမ်းလျှောက်ပြရမှာပဲ
မဟုတ်ရင်တော့ ခေးကို
မချစ်ဘူးလို့ မှတ်လိုက်မယ်”
ဆိုပြီး လုပ်ရောတဲ့ဗျာ။
ကိုသောင်းစိန် တော်တော် တင်းသွားပြီ။
ဘယ့်နှယ့် ဒီလောက် လူစည်ကားနေတဲ့အချိန်ကြီးမှာ
ရေမြောင်းထဲ ခုန်ဆင်းခိုင်းပြီး
လမ်းလျှောက်ခိုင်းရတယ်လို့။
ဒါပေမယ့် ရွှေမှုံရတီ မျက်နာနဲ ့တူတဲ့
သူ့ခေးမလေးရဲ့
မျက်နှာချောချောလေးနဲ့
အိချောပို ဘော်ဒီလို
တောင့်တင်းဖြောင့်စင်း တဲ့
ခေးမလေးရဲ ့ဘော်ဒီစထွက်ချာကို
တစ်ချက်လှမ်းရှိုးလိုက်ပြီး
“အင်း…သောင်းစိန်။ သည်းခံကွ၊ သည်းခံကွ”
လို့ စိတ်ထဲက ကိုယ့်ကိုယ်ကို
သတိပေးပြီးသကာလ
ဝတ်ထားတဲ့ ပုဆိုးကို
ခါးတောင်းမြှောင်နေအောင်ကျိုက်ပြီး
ရေစပ်စပ် ပဲ ရှိနေတဲ့ ရေမြောင်းထဲ
ခုန်ဆင်းပစ်လိုက်ပါသတဲ့။
ပတ်ဝန်းကျင် က ကျောင်းသူကျောင်းသားတွေကလည်း
တအံ့တဩဖြစ်ကြတာပေါ့။
ဒီလူ ဘာကြောင်တာလဲ ဆိုတဲ့ သဘောနဲ့
ဝိုင်းအားပေးကြတာပေါ့။
အဲဒါနဲ့ ဓါတ်တိုင်တစ်တိုင်လောက်
လျှောက်ပြလိုက်ပြီးမှ
သူ့ဟာမလေးက
“ဟေး…ခိုခိုသောင်း မီးကို ချစ်တာ ယုံသွားပြီ”
ဆိုပြီး
စီရော်နယ်လ်ဒို ဂိုးသွင်းပြီး
အောင်ပွဲခံသလို
အော်ကြီးဟစ်ကျယ်နဲ့ အောင်ပွဲခံပါသတဲ့။
ဘေးက လူတွေက လည်း အဲ့ဒီတော့မှ
နားလည်သွားကြသတဲ့။
အဲ့ဒီ ပါဖေါမန် ့စ်နဲ ့
ကိုသောင်းစိန်ဟာ ခေးမလေး ဆီက
အဖြေရလိုက်ပါသတဲ့။
++++++++++++++++
ကိုကိုသောင်းစိန် နဲ ့ RASU ထဲက သူ ့ခေးမ
ချစ်သက်တမ်း ၆ လ လောက်ရှိလာချိန်မှာပေါ့။
ချစ်သူတို ့ဘာသာဘာဝ
အထိအတွေ ့လေးတွေလည်း
ရှိသင့်သလောက်ရှိနေခဲ့ပြီပေါ့။
အဲဒါနဲ ့ တစ်နေ ့လယ်ခင်းမှာ
ထိကြတွေ ့ကြမယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ ့
ကိုသောင်းစိန်က
သူ့ ဟာမလေးကို နေ ့လယ်စာကျွေးပြီး
စည်းရုံးရေးဆင်းနေပါသတဲ့၊၊
နေ ့လယ်စာ စားပြီးတော့
နာမည်ကျော်စစ်ကိုင်းလမ်းပေါ်မှာ
သူ ့ဟာမလေး ပုခုံးကို
ပိုင်ပိုင်နိုင်နိုင်ဆုပ်ကိုင်ပြီး
လမ်းလျှောက်လာတယ်ပေါ့ဗျာ။
အဓိပတိလမ်းရောက်ရင်
ညာဘက်ကိုကွေ ့။
ဟေးဟေး အင်းလျားလမ်းကိုဖြတ်လိုက်ရင်
ပန်းခြံထဲရောက်။
အိုး…မင်းဘယ်ပြေးမလဲ မိချိုသဲ။
ဟဲဟဲ။
လက်တွေ ့မှာတော့
အဲ့သလောက် မလွယ်ကူပါဘူး ခင်ဗျာ။
အဲ့ဒီမှာ ပဲ ကန် ့ကော်ပန်းရောင်းတဲ့
ကောင်လေးတစ်ယောက် ပေါ်လာပါရောတဲ့၊၊
သူ ့ဟာမလေးက
“ကန် ့ကော်ပန်းလေးတွေ လှလိုက်ထှာ”
ဖြစ်ရောဗျာ။
ကျွန်ုပ်တို ့၏ ဇာတ်လိုက်ကျော်ကိုသောင်းစိန် က
အမှတ်သည်းခြေ မရှိပဲ
“မီး အလှ အတွက်
ကန့်ကော်ပန်းလေးတွေက
ပွင့်ကြရရှာတာပါ”
ဆိုပြီး လုပ်ရောတဲ့၊၊
သူ ့ဟာမလေး က
“မီးပန်ချင်တယ် ကိုကို”
လို ့ပြောတော့
ကိုသောင်းစိန်က ကန် ့ကော်ပန်းရောင်းတဲ့
ကောင်လေးကို လှမ်းခေါ်သတဲ့၊၊
အလိုက်ကိုမသိဘူး။
သူ ့ဟာမလေးက
“ဟင့်အင်း ဟင့်အင်း
ကိုကို ကိုယ်တိုင်ခူးပေးတာမှ ပန်ချင်တာ”
ဆိုပြီးလုပ်ရောတဲ့ဗျာ။
ကိုသောင်းစိန် ခင်ဗျာလည်း
“အော် မီးရယ်၊
ဒါလည်း ကန် ့ကော်ပန်း စစ်စစ်တွေ ပါပဲ”
လို ့ စည်းရုံးရေးဆင်းပါသေးသတဲ့။
သူ ့ဟာမလေးက
“ဟင့်အင်း ဟင့်အင်း
ကိုကို ကိုယ်တိုင် ခူးပေးတာပဲ ပန်ချင်တယ်။
မခူးပေးရင် ကိုကိုခေါ်တဲ့ ပန်းခြံထဲကို
မလိုက်တော့ဘူး”
ဆိုပြီးလုပ်ပြန်ရောတဲ့ဗျာ။
ကိုသောင်းစိန်လည်း ပန်းခြံထဲ
သွားချင်နေတဲ့ သူ ့စိတ်ကြောင့်
(ပန်းခြံထဲ ဘာသွားလုပ်ချင်တာလဲ မသိ အားဟိ)
” သည်းခံ သောင်းစိန် သည်းခံစမ်း”
လို ့ကျုံးဝါးပြီး
ခါးထောင်းကို မြှောင်အောင်ကျိုက်ပြီး သကာလ
ကန် ့ကော်ပင်ပေါ် တက်ပြီး ပန်းခူးပေးခဲ့ရဖူးတဲ့
ဇာတ်လမ်းတစ်ပုဒ်
အမှန်တကယ် ရှိခဲ့ဖူးပါတယ်မိတ်ဆွေ၊
ဟေးဟေး
တကယ့်အဖြစ်နော်ကိုကို။
(BC)
23 comments
kai
July 5, 2017 at 1:54 pm
ကံ့ကော်မြေရဲ့.. စစ်ကိုင်းလမ်းမှာ.. ကံ့ကော်ပန်းတက်ခူးပြီး.. ချစ်သူကိုပေးပန်နိုင်တဲ့ လုပ်ရပ်က… သေသည်အထိပဲ.. ဂုဏ်ယူစရာရယ်လို့စ်.. အသေအချာ..။
ဆက်ပါစမ်း.. ဆက်ပါလေစမ်း..။ :k:
black chaw
July 5, 2017 at 2:02 pm
@ kai !!!
ခမ်းနားတဲ့သမိုင်းပေါ့သူကြီးရယ်။
ဦးကျောက်ခဲ
July 5, 2017 at 2:00 pm
ဂန္တဝင် ခိုခိုသောင်းရဲ့ …
ကြည်နူးဖွယ် ချစ်ဇာတ်လမ်းရော အဆုံးသတ်ရော ဖတ်ချင်ပါရဲ့ဗျာ…
အဓိပတိလမ်းမဘေးက ရေမြောင်းကြီးထဲ လမ်းဆင်းလျှောက်ဖို့ဆိုတာ တော်ယုံ ဇ’ တော့မဟုတ်ဘူး…
အင်း ပေါ့လေ … ဂလောက်တော့ ရင်းရမှာပေါ့… ဦးယာရဲ့ “မင်းနန်ပျို့” လေး သတိရ … ဟီ ဟိ :k:
black chaw
July 5, 2017 at 2:11 pm
@ ဦးကျောက်ခဲ !!!
အချစ်ကြီးသူကြီး ။
kai
July 5, 2017 at 3:31 pm
ဟုတ်ပ..
ငတို့”ဒေါင်း”တွေကို ကြွေခဲ့တာ.. “ဥ”ဘဝကတည်းကတို့.. ဘာတို့..။ :k:
ဦးကျောက်ခဲ
July 5, 2017 at 8:24 pm
အမှန်တော့ ငှက်ကုလအုတ်ကို ကြွေသင့်တာ … အာ ဟိ :k:
CharTooLan
July 6, 2017 at 5:00 pm
haha ဒိုင် အဆန်းပဲ သဂျီးမန်း 😀
ကထူးဆန်း
July 5, 2017 at 2:08 pm
အလို … ဟို လူ ကြီး များ လား …..
အဲ့ တာ မှန် ခဲ့ ရင် တော့ ကြီး မှ မိုက် တာ မ ဟုတ် ဘူးပေါ့ .. 🙂 🙂
black chaw
July 5, 2017 at 2:13 pm
@ ကထူးဆန်း !!!
မည်သူ ့ကိုမှ မရည်ရွယ်ပါ
တိုက်ဆိုင်မှုရှိလျှင် ခွင့်လွှတ်ပါ ကထူးဆန်းရေ။
သင့်အေးရိပ်
July 5, 2017 at 3:19 pm
.အေးသောင်းနဲ့လည်း မည်သို့မှ မပတ်သက်သလို
ဦးကြီးမိုက်နဲ့လည်း မည်သို့မှ မပတ်သက်တဲ့ အဖြစ်ကလေးပေါ့နော်။
:k:
အနော်ကတော့ တက်စီမောင်းတုန်းက
သထုံလမ်းထဲမှာ ညကိုးနာရီလောက် ချာတိတ်မတစ်ဗွေနဲ့ ချိန်းတွေ့မိလို့။ ရဲက လာရစ်တာ ခံရဖူးတယ်။
:k:
black chaw
July 5, 2017 at 3:53 pm
@ သင့်အေးရိပ် !!!
ချိန်းတွေ ့တယ်ဆိုကတည်းက
ဆော်ကြည်ဘဲ စာရင်းဝင်သွားပါပြီဗျာ။
hmee
July 5, 2017 at 8:03 pm
အဲ့လူကြီးကို စမီး သိတယ် လေးဘလက် 🙂 🙂
black chaw
July 6, 2017 at 5:03 am
@ hmee !!!
မသိချင်ယောင်ဆောင်ပေးပါ မမှီရေ။
အရင်ကကျော်စွာဦးကြီးမိုက်
July 13, 2017 at 3:45 pm
မမှီ နဲ့သိရင် ကျနော့ကိုမိတ်ဆက်ပေးဇမ်းပါဗျ..ခင်ချင်လွန်းလို့ပါ 🙂 🙂
ဇီဇီ
July 6, 2017 at 3:51 pm
ကံ့ကော်ပန်းခူးပြီး ဘာဖစ်တာလည်း ဆက်ရေးလေ။
ခူးပေးတဲ့ နေရာတင်ရပ်နေဖီ။
:k:
black chaw
July 6, 2017 at 4:44 pm
@ ဇီဇီ !!!
အဲ့အခန်းတွေကျ ဆက်မပြောပြတော့ဘူးဗျ။
ဟီး !!!
ဂျစ်စူ
July 7, 2017 at 11:42 pm
ရေလည် လေး ဇား ဒယ်ဗျာ
black chaw
July 8, 2017 at 10:28 am
@ ဂျစ်စူ !!!
အိုင်း အိုင်း ဆာ
ဦး လေး မန်း
July 11, 2017 at 12:28 am
RASU ရဲ့ ပုံပြင်တွေကတော့ဘယ်တော့မှမရိုးနိုင်ဘူး ကိုဘလက်ရေ။တော်သေးတာပေါ့ RASU က ဇာတ်လမ်းမို့။ MASU မှာဆိုရင်တော့ ရေနီမြောင်းထဲ ဆင်းရမဲ့သဘောရှိတယ်။
လုံမလေးမွန်မွန်
July 11, 2017 at 10:31 am
ဟိုတစ်ယောက် လာဖတ်ပါဇီတော်..
အရင်ကကျော်စွာဦးကြီးမိုက်
July 13, 2017 at 4:01 pm
ဒီကလေးမ..ဘယ်တစ်ယောက်ကိုတနေတာပါလိမ့် 🙂 🙂
အရင်ကကျော်စွာဦးကြီးမိုက်
July 13, 2017 at 3:43 pm
ကွန်မန့်တွေတောင်အတော်စုံနေပြီပဲ….
အဲ့လူကြီးခိုခိုသောင်းနဲ့ခင်ချင်စမ်းပါဘိဗျာ…အတွေ့အကြုံလေးတွေမေးပြီးအတုယူချင်လို့..ခိခိ
Shar Thet Man
July 20, 2017 at 1:01 pm
ထပ်ဆက်ပြီးရေးရင်ပိုကောင်းမယ်..ဇာတ်လမ်းကကောင်းနေပြီ