manawphyulayDecember 6, 20111min1969
မင်းရဲ့ဘဝလေး ပင်ယံမြင့်မှာ အဆင်သင့်လို့ အစဉ်တင့်မယ်ဆိုရင် ပင်ခြေအောက်က ပန်းကောက်သူ တို့ရင်မှာ ကြည်နူးရင်းနဲ့ အမြဲပန်ဆင်နေသူပါ ခုတော့…. ကံကြမ္မာ အခြေမလှလို့ နာဂစ်ရဲ့ ရို်က်ချက်ကြောင့် လဲပြိုခဲ့ရတဲ့ ပင်ခြေတောင် မမြင်ရတော့တဲ့ ပန်းခရေရေ… တို့ဆံနွယ်မှာ ပန်ဆင်ခွင့်တွေ စိတ်သုဉ်းခဲ့တာ ကြာခဲ့ပြီလေ ခုတော့… ဖွဖွလေးကောက် ရွရွလေးသီပြီး ပန်ဆင်ခဲ့ဖူးတဲ့ ပန်းခြောက်ကလေးတွေကိုပဲ မြတ်နိုးစွာနဲ့ သိမ်းဆည်းထားလျက် ပန်းခရေတွေ နွမ်းကြွေပေမယ့် သစ္စာရှိစွာ သင်းပျံ့နေလျက်ပါ ပန်းခြောက်ကလေးရယ်……