ခင္ခSeptember 22, 20141min144
” ဖိနပ်တရံ “   ခြေဖဝါးတော်နုနု သွေးခြေဥမစိုးလို့ ဖိနပ်တရံဝယ်ကာပေးမိ နင်းပြားခြေထိနှိမ့်ချတတ်သူ အကျွန်ုပ်ကိုမူ အထင်ရယ်မကြီး အတင်စီးနှင့် ပြောရက်ခဲ့ပြီး နုတ်ဆက်ထွက်ခွါခြေဗလာကြောင့် လှမ်းသွားထင်ကျန်ခြေရာနံဘေး သွေးစက်လေးတွေ လိုက်ခါငေးပြီး လက်ဝယ်ကျန်ခဲ့ တစ်ရံဖိနပ်ကို ကျစ်ကျစ်ပါအောင်ဆုပ်မိလို့သာ ကျန်ခဲ့သူရင်ထဲ မချိတင်ကဲ ဖြစ်အင်ထဲမှာ ရပ်နေမိတာ ကိုယ်တစ်ယောက်ပါ။     ခင်ခ။


ခင္ခSeptember 16, 20141min1706
” ဘယ်တော့များမှ အမြဲမခွဲနေရပါ့ “   နှစ်တွေအလီလီ ပြောင်းကာ မင်းငါကိုလှည့်စားနေတာသိပေမယ့်လည်း ညနေဆည်းဆာနေဝင်လွန်ရင် ငါနဲ့အတူရှိစေချင်။   တစ်ခါတလေ မင်းမလာသေးဘူးဆိုပေမယ့် ငါကမျှော်လင့်မိနေတယ် ဘာရယ်တော့မဟုတ်ဘူး မင်းကိုငါနဲ့အတူရှိစေချင်တာပါ။   ညဖက်အိပ်နေရင်း လန့်ကာနိုးလို့ ညဦးယံမှာ မင်းရှိနေပြီး ထကာကြည့်မှ မင်းမရှိရင် စိတ်ထဲဘဝင်မကျ စိတ်ပူမိပါ့ မနက်ထိတိုင်ပြန်လာပါ့မလား စိုးရိမ်မိတယ်။   အနားမှာအမြဲ နာရီတိုင်းစက္ကန့်တိုင်းရှိပါ့မယ်လို့ မင်းပြောခဲ့တာမုသားဆိုတာသိပေမယ့်လဲ စိတ်တော်မဆိုးရက်ဘဲ မလာရင်တော့မျှော်နေမိသလို လာပြန်ရင်လည်း ဘယ်တော့များပြန်ပျောက်မလဲလို့ စိုးရိမ်စိတ်အစဉ်နဲ့နေခဲ့ရပြီး၊ တစ်နေနေ့တော့ ငါအနားအမြဲရှိလာမှာပါလို့ စိတ်ဖြေမိကာနေခဲ့တာလည်း နှစ်လအလီလီ ကြာလှပေါ့ကွယ်။   တကယ်တော့ ငါအတွက်ရွေးချယ်စရာမရှိ မင်းမှမင်းဘဲဆိုတာ သိနေရော့မို့ အိုက်တင်ခံကာ လာတလှည့် မလာတလှည့် လုပ်နေတာများလား ဒါမှမဟုတ် သတင်းကြီးတဲ့မင်းသမီးမို့ မော်ကာကြွားပိုဂရုမစိုက်လေလား ဘာဘဲဖြစ်ဖြစ် မင်းမရှိတဲ့ညဟာ […]


ခင္ခSeptember 14, 20141min1786
မြန်မာဓလေ့ တောနယ်ဘက်ဝယ် တွန်လှကြက်သံ အောအီအီးအွတ်ဟန် ခွဲခြားကာသိအချိန်ဟူ၏ မှောင်ရီပျိုးစညနေစောင်း ခြောက်နာရီမှာတွန်လေတယ် အိပ်တန်းတက်ချိန်တဲ့ကွယ် သက်ငယ်ခေါင်းချတွန်သံက ညခွန်းခွဲသာသာဗျ သက်ကြီးခေါင်းချတွန်သံပြ ညတစ်ဆယ်ဝန်းကျင်မယ် ညဉ်နက်ချိန်ခါတွန်လေတာ သန်ခေါင်းဆယ့်နှစ်နာရီဟာ လုလင်ပြန်ချိန်တွန်သံပေး ညနှစ်နာရီအခါလေး နံနက်အာရုံတွန်သံချို မနက်လေးခွဲအခါဆို မိုးလင်ခြောက်နာရီတွန်သံက လင်းကြက်တွန်တယ်ဟ ကိုးနာရီထိုးတွန်သံပျို ဆွမ်းခံဝင်ချိန်ကိုး နေ့လည်ဆယ့်နှစ်နာရီတွန်သံပြု မွန်းလွဲအောက်အီအီးအွတ်။ ခင်ခ။