ဖိနပ်တရံ
” ဖိနပ်တရံ “
ခြေဖဝါးတော်နုနု
သွေးခြေဥမစိုးလို့
ဖိနပ်တရံဝယ်ကာပေးမိ
နင်းပြားခြေထိနှိမ့်ချတတ်သူ
အကျွန်ုပ်ကိုမူ အထင်ရယ်မကြီး
အတင်စီးနှင့် ပြောရက်ခဲ့ပြီး
နုတ်ဆက်ထွက်ခွါခြေဗလာကြောင့်
လှမ်းသွားထင်ကျန်ခြေရာနံဘေး
သွေးစက်လေးတွေ လိုက်ခါငေးပြီး
လက်ဝယ်ကျန်ခဲ့ တစ်ရံဖိနပ်ကို
ကျစ်ကျစ်ပါအောင်ဆုပ်မိလို့သာ
ကျန်ခဲ့သူရင်ထဲ မချိတင်ကဲ
ဖြစ်အင်ထဲမှာ ရပ်နေမိတာ
ကိုယ်တစ်ယောက်ပါ။
ခင်ခ။
2 comments
ခင် ခ
September 23, 2014 at 2:53 pm
ဖိနပ်တရံ
လက်ဆောင်မှန်ဖြင့်
ဘယ်သူ့ပေးရ
မျှော်ခဲ့ပလည်း
လာမန့်တယ်မရှိ
ပြန်သိမ်းရ၏။
Alinsett@Maung Thura
March 1, 2015 at 12:13 pm
ကဗျာက စာသားလေးတွေ ရွေးထားပုံကြောင့်ပဲလားမသိ…
ဖတ်ရတာ…တနင့်နင့်နဲ့…မောသွားသလို ခံစားရတယ်.. ။
————-
အဲ.. ဒီကဗျာ တင်တုန်းက ကျနော် ဘယ်ရောက်နေပါလိမ့်…
မဖတ်လိုက်မိဘူး ။
အခုမှ… ဖတ်မိပြီး..
ဝင်မန့်သွားတယ်နော်…
😆
Comments are closed.