သိလော့မြန်မာ
” သိလော့ မြန်မာ “
တစ်ထီးတစ်နန်း
မင်းမူအုပ်စိုး
တစ်သွေးတစ်သံ
အမိန့်သံနဲ့
ရေဗူးပေါက်တာ
မလိုချင်ပါ
ရေပါတာဘဲ
ဖြစ်စေခဲ့ကာ
အရာရာဟာ
ပြီးပြည်စုံတာ
မဖြစ်နိုင်တော့
ဖုံးကာကွယ်ဝှက်
ဝိုင်းကာလိမ်လျှက်
ဖြစ်တယ်ပြောကြား
ထိုနောက်များမှာ
စတေးခံသွား
ရှိသော်ညားလည်း
မှတ်ခါမထား
မင်းခယောက်ျား
ထိုသူများစွာ
ခေါင်းငြိမ့်လိမ်ခဲ့
လက်ညိုးထောင်မပျက်
ပြည်ပျက်တဲ့ထိ
ပြုနေသမျှ
ထိုကာလမှာ
တိုင်းပြည်ကောင်းစား
မမြင်ညားပြီ
တွန်းလှန်သတိ
ထကြွရှိဖို့
သိလော့မြန်မာ
အိုမြန်မာတို့။
ခင်ခ။
11 comments
ဇီဇီ
September 22, 2014 at 10:13 am
ရေဘူးပေါက်နဲ့ ရေပါအောင် ခပ်ခိုင်းတဲ့ သူတွေရဲ့
အသုံးမကျချက်ကတော့ မြန်မာတင်မက
ကဘာက ပါ သိလောက် ပါပြီ..
:b:
ခင် ခ
September 22, 2014 at 11:12 am
ရေဗူးပေါက်လို့ ရေထွက်ကျမစိုးလို့ ရေဗူးဖင်လက်နဲ့ပိတ်ပြီး ရေခတ်ကာဌဲ့ပေးတာကို
ငါကိုအတော်အရိုအသေပေးတာဘဲ ရေဗူးတောင်လက်ကလေးခံပြီး လက်နှစ်ဖက်ပေးကြတယ်ဆိုကာ
တစ်လွဲဂုဏ်ယူ ဘဝင်မြင့်ချင် မြင့်နေမှာနော်။
ခင် ခ
September 22, 2014 at 12:57 pm
မြန်မာနိုင်ငံရဲ့ ဒုသမ္မတ တစ်ဦးကပြောခဲ့ဘူးပါတယ်
ဆရာ ဆရာမတွေ ကျူရှင်သင်လို့ မြန်မာ့ပညာရေးနှိမ့်ကျခဲ့တာပါတဲ့
ကျွန်မကတော့ လူမှန်နေရာမှန်မဖြစ်ခြင်းကြောင့်လို့ပဲထင်ပါတယ်
ပညာရေးတင်မကပါဘူး နေရာတော်တော်များများမှာ ကိုယ့်နေရာကိုယ်နေ ကိုယ့်အလုပ်ကိုယ်မလုပ်နိုင်ခြင်းက မြန်မာနိုင်ငံရဲ့ အဘက်ဘက်နှိမ့်ကျသွားစေခြင်းရဲ့ အဓိက အကြောင်းရင်းလို့ပဲ ယူဆပါတယ်
ဌာနအသီးသီးမှာ မိုးကျရွှေကိုယ်တွေ အုပ်ချုပ်မှု အကြီးအကဲပိုင်းကို ရောက်လာခွင့်ရတဲ့ ကာလတစ်လျှောက် ဘာတွေများတိုးတတ်အောင်စွမ်းဆောင်နိုင်ခဲ့ကြပါသလဲ
ဒါမှမဟုတ် ပိုပြီးဆုတ်ယုတ်လာခဲ့လေသလား
ပြန်သုံးသပ်ကြည့်နိုင်ပါတယ်
ပါစပ်ထဲက အမိန့်နဲ့ စီမံခန့်ခွဲလာလိုက်ကြတာ
ဘယ်သူ့ရဲ့လုပ်ငန်းတာဝန်ကဘာတွေလဲ
ဘာတာဝန်တွေကျေအောင်လုပ်ဖို့လိုအပ်ပြီး
တာဝန်မကျေရင် ကျင့်ဝတ်မလိုက်နာရင် ဘယ်လိုအပြစ်ပေးမယ်ဆိုတာရှင်းရှင်းလင်းလင်း မသိနိုင်တော့ပဲ ဘယ်ဌာနကိုဝင်ရင် ဘယ်လိုအောက်ဆိုဒ်ရမလဲ ဘယ်လူကြီးကိုဝင်ရမလဲဆိုတာပဲ စိတ်ဝင်စားကြတော့တဲ့ ကာလတစ်လျှောက်
လူမှန်နေရာမှန်မရှိခဲ့ကြပါဘူး
ကိုယ့်အလုပ်ကိုယ်အာရုံစိုက်လုပ်ရမယ့်အစား
အထက်လူကြီးပြောသမျှ ခိုင်းသမျှ စောဒက တတ်ခွင့်မရပဲ ဆိုင်ဆိုင်မဆိုင်ဆိုင်လုပ်ခဲ့ကြရလို့
စိတ်ဒုက္ခရောက်ကြရတဲ့အပြင် စွမ်းဆောင်ရည်ပါကျလာတာ ဘာမှမဆန်းပါဘူး
တာဝန်ဆိုတဲ့လက်ပတ်အနီလေးတွေပတ်ပြီး ဆရာဆရာမတွေ ကျောင်းရှေ့မှာ မီးပွိုင့်မှာ တာဝန်ချထားတာတွေ့တိုင်း
စာသင်ခန်းထဲမှာ ကိုယ်သင်တဲ့ဘာသာရပ်အပေါ်အာရုံစိုက်ပြီး ကိုယ်သင်တဲ့ကလေးတွေရဲ့ တိုးတတ်မှုအခြေအနေကိုဝေဖန်သုံးသပ်နေရမယ့်
ဆရာဆရာမတွေကို ကလေးတွေယာဉ်အန္တရာယ်မရှိအောင်
ဘေးကင်းစွာ လမ်းကူးနိုင်အောင်
တာဝန်ယူစေခဲ့တာကို စိတ်ပျက်မိပါတယ်
မြောက်ဥက္ကလာဘက်ကိုဖြတ်သွားတော့ ခောတ်ပြောင်းလာပါပြီဆိုတဲ့ ဒီခောတ်အခါထိအောင်လည်း ဒီလိုမြင်ကွင်းမျိုးကို မြင်ခဲ့ရပါသေးတယ်
ရပ် လို့ရေးထားတဲ့ အလံအနီလေးကို ကိုင်ပြီး ကျောင်းသားတွေလမ်းကူးနိုင်ဖို့ကူညီပေးနေတဲ့ဆရာကိုတွေ့ခဲ့ရပါသေးတယ်
ကျောင်းဆင်းချိန် ကားရှုပ်ချိန် ကလေးတွေလမ်းပေါ်မှာဘေးကင်းစွာ လမ်းဖြတ်ကူးနိုင်ဖို့ တာဝန်ယူရမှာ ဘယ်သူလဲ ဘာကြောင့်ဒီတာဝန်ကို မယူနိုင်တာလဲ
စာသင်ခန်းထဲမှ သင်ခန်းစားအပေါ်မှာ ကလေးတွေအပေါ်မှာ အာရုံစိုက်ထားရမယ့်ဆရာကို လမ်းပေါ်တတ်ပြီး ယာဉ်ထိန်းရဲလုပ်ရမယ့် အလုပ်ကို ဘယ်သူတာဝန်ပေးခဲ့တာလဲ ဘာကြောင့်ဒီလိုတာဝန်ပေးရသလဲ
တကယ်တော့
ဒီလိုပဲ လူမှန်နေရာမှန်မှာမရှိနိုင်လို့ ဒီ့ထက့်နစ်နာဆုံးရှုံးရတာတွေ အများကြီးပါ
ကိုယ့်နေရာကိုယ်မနေပဲ
ကိုယ့်အလုပ်ကိုယ်မလုပ်သူတွေကတော့
လူမှန်နေရာမှန်ထားပြီး
ကိုယ့်နေရာကိုယ်နေပြီး ကိုယ့်အလုပ်ကိုယ်လုပ်အောင် ဘယ်လိုစီမံခန့်ခွဲနိုင်ပါ့မလဲလေ~~~~
( Cd to Aye Mya Mya Myo )
kai
September 23, 2014 at 1:59 pm
အင်း..
ယူအက်စ်မှာလည်း… ဆရာတွေ.. ကျောင်းသားမိဘတွေ..အလံလေးကိုင်ပြီး.. ထွက်တားပေးပါ့..။
အင်း..
လမ်းပြရဲအလုပ်က..လမ်းပြဖို့ဆိုပေမယ့်… သူ့လစာကို.. အဲဒီရပ်ကွက်နေလူထုကပေးရတာပဲဖြစ်တာမို့.. သူ့အလုပ်ထိရောက်မှုအတိုင်းအတာကို.. ထည့်တွက်ဖို့တော့လိုလိမ့်မယ်.. ထင်..။
ခင် ခ
September 23, 2014 at 2:20 pm
ဒီက လမ်းပြရဲဆိုတဲ့ သူတို့က အဲလိုတွက်ဖူးဗျ၊ သူတို့က အထက်အမိန့်မရရင် ဘာမှလုပ်ဖူး နေသာသလိုနေတတ်တယ်။
kyeemite
September 22, 2014 at 1:38 pm
:b:
.ကိုခင်ခ ခုနောက်ပိုင်း ကဗျာဉာဏ်တယ်ရွှင်နေပါလားဗျ
ခင် ခ
September 22, 2014 at 4:37 pm
ဖုန်းနဲ့က စာတစ်ပုဒ်လုံးရေးဖို့လွယ်ဘူးလေ ကဗျာကျတော့ ကွန်နဲ့မရလဲ ဖုန်းနဲ့တင်ရတာမို့ ကဗျာဘက်လှည့်မိသလိုလိုပေါ့ ဆြာမိုက်။
Alinsett@Maung Thura
March 1, 2015 at 12:22 pm
ဖုန်းနဲ့က ပိုစ့်တင်မယ့် စာမျက်နှာထဲသွားပြီး စာရိုက်နေလို့တော့ မလွယ်..
ဒါမယ့်..ဖုန်းနဲ့ တခြားနေရာ.. Notepad ထဲ ဖြစ်ဖြစ် ရေးပြီး..စိတ်ကြိုက်ပြင်ဆင်ပြီးမှ… ကော်ပီယူလာပြီး…
ပိုစ့်တင်တဲ့ စာမျက်နှာထဲသွား..paste လုပ်လိုက်ရင် လွယ်သားပဲ ။
စာက ရေးချင်တဲ့အချိန် ရေးထားပြီး..
ကော်ပီယူပြီး paste တာက ကွန်ကောင်းတဲ့အချိန် ဖွင့်တင်ရင် အိုကေတာပေါ့.. ။
————–
တိုင်းပြည်ကောင်းစားဖို့တော့…
ဒီရေ ဒီလေ…ဒီမိုး ဒီအမျိုး…ဒီအညှိုးတွေနဲ့တော့….
ကိုယ်ကြည့်တတ်သလောက် လှမ်းမျှော်ရတာတော့…
မထင်….မမြင်…
naywoon ni
March 1, 2015 at 7:59 pm
မယောင်ရာ ဆီလူးကြသကိုး ဒါကိုပဲ အစဉ်အလာ ဓလေ့ ထုံးစံ ဆိုတာနဲ့ ကိုင်ပေါက်ချင်သေးရဲ့ ။ ပျက်အစဉ် ပြင်မရ ဇာတ်ကားပဲ ရိုက်ကြတာပေါ့ဗျာ ။ ကျုပ်ကတော့ မျှော်လင့်ချက်တွေ အားလုံးလွှတ်ချလိုက်ပြီ ။။
•*¨နန်းတော်ရာသူ •*¨
March 2, 2015 at 1:17 pm
ဦးခရေ ပို့စ်တင်တာမှာ ရှေ့ဆုံးစလုံးတွေပျောက်ပျောက်နေတယ်နော်။ဥပမာ ရေဗူး ကို ရဗူးလို့ ပဲမြင်တယ်။
ကျွန်မပို့စ်တွေမှာလဲ အဲ့လိုပဲ။
manawphyulay
March 3, 2015 at 9:50 am
အရင်က ထလော မြန်မာ မဟုတ်သေးပဲ သိလော မြန်မာအဆင့်ပဲ ရှိသေးပါတကား….