Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

နန်း အကြီး နဲ့ နန်း အလတ်

ဇီဇီSeptember 22, 201410min209253

 

 

ဝယ်စားလို့ ရတဲ့နေရာတွေမှာတော့ မထူးဆန်းဘူးပေါ့နော်။

 

ပြည်ပမှာတော့ အဲဒါတွေက တစ်ခုတ်တရ လုပ်စားရတာ ဆိုတော့ သတင်းစာ အတွက် သုံးချင် သုံးလို့ ရအောင် ရေးပါ့မယ်။

 

မုန့်ဖတ်

 

ကျနော်က တော့  

 

 မုန့်တီ အတွက် ဆို ရင်

 မလေးတွေ လာဆာ (Laksa) ထဲမှာ ထည့်တဲ့ မုန့်ဖတ် ကို ဝယ်ပါတယ်။

 

နန်းကြီးကြိုက်သူတွေ အတွက်ကတော့

 

ဂျပန် မုန့်လုံးဖတ် အကြီး (Udon) ဖတ်ကို ဝယ်ပါတယ်။

 

 

ရေနွေးကို ဆူအောင် တည်ပြီးမှ ဆီနည်းနည်းထည့်ပြီး မုန့်ဖတ်ကို ပြုတ်။ ပြီးရင် ဇကာထဲလောင်းချပြီး ရေအေးနဲ့နှံ့အောင် လောင်းပြီး ရေစစ်ထားပါတယ်။

.

.

.

ဟင်းအနှစ်

 

ဆီနီကို သတ်သတ်မချက်ပဲ ဟင်းအနှစ်ပါ နယ်သူမို့ မုန့်တီ တစ်ခါလုပ်စားမယ် ဆို ..

 

ငါးဖယ်ချက်နဲ့ စားမလားး???

 

ကြက်သားချက်နဲ့ စားမလား?? အရင် စဉ်းစားတတ်ပါတယ်။

 

အိုဗာတင်းဖျော်ချင်ရင်တော့ ကြက်သား ဆီပြန်ချက်ပြီး ငါးဖယ်ပြုတ်ပါတယ်။  :mrgreenn:

 

  ကြက်သားကို အရိုးအသား ရောရာရယ်၊ အသည်းအမြစ်ရယ်ကို ချက်တာများပါတယ်။

 

 အသား အစိမ်းကို ဆား၊ ငံပြာရည်နဲ့ နယ်ထားပါတယ်။

 

 ကြက်သွန်ဖြူ/နီ/ဂျင်း ညက်အောင်မွှေထားတာကို ဆီပူတည်တဲ့ထဲ ဆီသတ်ပါတယ်။

 

 ကျက်ပြီး မွှေးလာရင် ရေအရင် ထည့်ပါတယ်။

 

 မွှေရင်း ဟင်းဆီနဲ့ ရေနဲ့ ရောပြီး အနှစ်ဖြစ်မှ ကြက်သားကို ထည့်လုံးပါတယ်။

 

 နှံ့သွားတဲ့ အချိန်မှာ ရေမြုပ်ရုံထည့်ပြီး အုပ်ထားပါတယ်။

 

ဟင်း အနှစ် နဲ့ ဆီပြန်လာရင် မီးပိတ်ထားလို့ ရပါပြီ။

 

 ငါးဖယ်ချက်ချင်ရင်လည်း ထိုနည်းလည်းကောင်းးး

 

 ငါးဖယ်ကိုတော့ ဂျင်း/ကြက်သွန်ဖြူထောင်းထားတာနဲ့ ပေါက်ပြီး အရင် လုံးထားရပါမယ်။

 

 ပြီးမှ ပြုတ်ပြုတ် ချက်ချက်!!!

 

.

.

.

ဆီဝါ

 

ဆီဝါ အတွက် ကြက်သွန်ဖြူကို ညက်နေအောင်ထောင်းထားပါမယ်။

 

ဆီကို ပူအောင်အရင်တည်ပြီး ကျက်တဲ့ အချိန်မှ ကြက်သွန်ဖြူထောင်းထားတာကို ထည့်ပြီး မီးကို ချက်ချင်းပိတ်ပလိုက်ပါ။

 

ပြီးရင် ဆနွင်းနည်းနည်းထည့်ပြီး မွှေလိုက်ပါ။

 

ဆီ အပူနဲ့ပဲ ထောင်းထားတဲ့ ကြက်သွန်ဖြူရယ် ဆနွင်းရယ် ရယ် မမည်းပဲ ကျက်သွားပါလိမ့်မယ်။

 

ဒါက ကြက်သွန်ဖြူ ပါးပါးလှီးရမှာ ပျင်းလို့ ချက်နဲ့နည်းးး။

 

ဟေးဟေးဟေးးး 

  ဒီထက် အပျင်းနည်းသိချင်ရင်ထပ်ပြောဦးမှာ။

 

  ဆီကို မိုင်ခရိုဝေ့ ထဲ ပူအောင်လုပ်၊ ပြီးရင် ထုတ်လိုက်..

 

  လက်ဖက်ထုတ်နဲ့ ပါလာတတ်တဲ့ ကြက်သွန်ဖြူကြော် ကြော်ပြီးသားကို ထည့်လိုက်။

 

  ဟိ။ ဒါလည်း ဆီချက်ဖြစ်ကရော။  :mrgreen:

.

.

.

စိမ်းစိမ်းလေးတွေ ကိစ္စ အတွက်

 ပဲသီးတောင့်ရှည်တွေကို (ကျနော်ကတော့ ပြုတ်တယ်၊ အစိမ်းမစားနိုင်လို့) ပါးပါးလှီးထားး

 

 နံနံပင်ကို အရွက်သတ်သတ်၊ အရိုးသတ်သတ် ပါးပါးလှီးထား

 

 ကြက်သွန်မိတ်ကို ပါးပါးလှီးထားး (အနီမိတ်ကို ပြောတာနော်၊ ဥ အနုလေးတွေပါရင် ပိုကောင်း)

 

 ကြက်သွန် အနီ အနုလေးတွေ ပါးပါးလှီးထား

 

 ကြိုက်တတ်ရင် ဂေါ်ဖီထုပ်ကို ပါးပါးလှီးထည့်လို့လည်း ရသေးတယ်။   :mrgreenn:

.

.

.

အချဉ် အတွက်

 သံပုရာ (Lime)၊ တွေကို ပါးပုတ်လှီးး

 

 သံပရို (Lemon) မဟုတ်ဘူးနော်။

 

 

 

.

.

.

အငန်အတွက်

 

ဆားခွက်

 

ငံပြာရည်ပုလင်း

.

.

.

အစပ်အတွက်

 

ငရုတ်သီး အကြော်မှုန့်

 

ဒါမှ မဟုတ်ရင် ခုနက ကြက်သွန်နီ ပါးပါးလှီးကို ငရုတ်သီးစိမ်းပါးပါးလှီးပြီး ငံပြာရည် သံပုရာရည်နဲ့ စိမ်ထားလည်း ရတယ်။

 

အစိမ့်သုတ် သုတ်ပြီး အဲဒီ ချဉ်ငန်စပ်နဲ့ စားလို့ ရတယ်။

.

.

. 

အမှုန့်ကတော့

  ပဲမှုန့် အကျက်မှုန့်ပေါ့။

 

 ကျနော်က မွှေး ပဲ သုံးတယ်။

 

 အဲ။ ခါတလေ ပဲမှုန့် အဆင်မပြေရင် ကြက်ဥကိုပြုတ်ပြီး အနှစ်ကို ယူပြီး နယ်သုတ်တယ်။  :mrgreenn:

 

.

.

.

ကျွပ်ကျွပ် အတွက်ကတော့

 

ပဲကပ်ကြော်အထုတ်ဝယ်ပြီး ခြေလိုက်တာပဲ။

 

ပဲကပ်ကြော် ဝယ်လို့ မရလို့ အိမ်မှာတင် ကြော်ချင်သူများရှိရင် တီတီစွိ ရဲ့ ဘလော့လင့်နဲ့ ကြော်နည်း ပေးလိုက်ပါတယ်။
http://auntysweet.blogspot.sg/2011/08/blog-post_08.html

ပဲကပ်ကြော်က ရေနဲ့ အကြော်မှုန့်စပ်တဲ့ အချိုးက သိပ်အရေးကြီးတယ်။ တည်တဲ့ ဒယ်အိုးကလဲ non-sticker ဒယ်အိုး အောက်က ပြားနေမှ ကောင်းပါတယ်။ နောက်ပြီး အရေးကြီးတာက ဆီ အရမ်းကျက်မှ ထည့်ရင် မုန့်နှစ်က ကျဲတော့ အချပ်လိုက်မဖြစ်ပဲ အကုန်လုံးကျက်ပြီး မွစိကျဲကုန်ပါတယ်။ ကြော်တဲ့နေရာမှာ စိတ်ရှည်ဖို့လဲ လိုပါတယ်။ ပထမဆုံး ကုလားပဲကို တစ်ရက် (၂၄ နာရီ) လောက် ရေစိမ်ရပါတယ်။ ပဲက ရေစိမ်ပြီး ရေမလဲရင် ပုတ်အက်အက်အနံ့ထွက်လို့ ကြော်ခါနီး ရေနဲ့သေချာပြောင်အောင်ဆေးပြီး စကာနဲ့ စစ်ထားပါ။ လုပ်တဲ့ အမှုန့်က ယိုးဒယားမယ်အကြော်မှုန့်လို ဘယ်အကြော်မှုန့်မဆို ကြော်လို့ရနိူင်ပါတယ်။  အကြော်မှုန့်တွေက အချိုမှုန့်တို့၊ ကြက်သားမှုန့်တို့၊ ငရုပ်ကောင်း ဆော်ဒါ အကုန်ပါပြီးသားမှို့ ဘာမှထပ်ထည့်စရာမလိုပါ။ ရေ ၈ဝ ml ကို ပုံမှာပြထားတဲ့ အတိုင်း အကြော်မှုန့် စားပွဲဇွန်း ၂ဇွန်းလောက် (အရမ်းမမောက်ပါ) ထည့်ပြီး နှံ့အောင်မွှေပေးပါ။ ဆန်ခြင်တဲ့ခွက်ကလေးတွေက အမှတ်အသားပါပါတယ်။ ပြီးတော့ ပဲစိမ်ထားတာ လက်တွင်းတစ်ဆုတ်စာလောက် နည်းနည်းထည့်မွှေပါ။ အထက်က အတိုင်းအတာက ပဲကပ်ကြော်တစ်ခုစာ ကွက်တိပါပဲ။ တစ်ခုစာလုပ်ရတဲ့ ရည်ရွယ်ချက်က ပဲကပ်ကြော်က မုန့်နှစ်များရင်၊ နဲရင်၊ ထူတာ၊ ပါးတာ၊ မကျက်တာတွေ ဖြစ်တတ်လို့ပါ။ (များများကြော်ချင်ရင် ကိုယ့်ဟာကိုယ် အချိုးအစားတွက်ကြည့်ပြီး တစ်ခါထဲ များများဖျော်ထားသင့်ပါတယ်။ ဒါပေမဲ့ တစ်ခုစာကတော့ မုန့်ဖျော်ပြီးသား ၈၀-၈၅ ml လောက်ပဲ ဆိုတာ မှတ်သားထားရပါမယ်၊ ဒယ်အိုးအဝိုင်းက အချင်း ၈လက်မရှိပါတယ်။) ဒယ်အိုးကို မီး အနေတော် (medium) ထား၊ ဆီကို အကြော်မြုတ်ရုံလောက်ထည့်ပါ။ ဆီအရမ်းမကျက်ခင် တစ်မိနစ်လောက်မှာ မုန်နဲ့ပဲ အတူရောဖျော်ထားတာကို ထည့်ပါ။ မုန့်နှစ်တွေကို ဒယ်အိုး အဝိုင်းပုံအတိုင်းပြန့်သွားအောင် ဒယ်အိုးကို စကောဝိုင်းလိုလေး လှည့်ပေးပါ။ မုန့်က ထည့်ပြီး အတော်ကြာတဲ့အထိ မုန့်ပြားသလက် အပြားစားလို ခပ်ပျော့ပျော့ပါပဲ။ ပဲကပ်ကြော်လို ကြွပ်ရွလာလိမ့်မယ်လို့တောင် မထင်ရဘူး။ ဒါပေမဲ့ စိတ်ရှည်ရှည်ထားပြီး မီးအနေတော်လောက်နဲ့ ဖြေးဖြေးသာကြော်ပါ။ တစ်ချိန်မှာ အောက်ပိုင်းက အနည်းငယ်မာလာပြီး အချပ်လိုက်လေး ဖြစ်လာပါလိမ့်မယ်။ အဲဒီအချိန်ကျရင် တစ်ဖက်ကို လှန်ပေးရပါမယ်။  ဒီလိုပဲ ဟိုဖက်ဒီဖက် ၂ခါလောက်စီ လှန်ပေးပြီး ကြွပ်ရွလာပြီ၊ အကျက်ညီလာပြီဆို ဆယ်လို့ရပါပြီ။ မီးအေးအေးနဲ့ စိတ်ရှည်လက်ရှည်သာ ကြော်ပါ။ မီးပြင်းရင် အကျက်မညီတတ်ပါဘူး။ တူးနံ့ထွက်မှာစိုးလို့ အရောင် အရမ်းမညိုခင်ချပါ။ ပဲကပ်ကြော်က ဒီတိုင်းထားတာတောင် တော်ရုံနဲ့ မပျော့ပါဘူး။ ဗူးတစ်ခုထဲမှာ လေလုံအောင်ပိတ်ထားရင် အကြာကြီး အထားခံပါတယ်။ အသုတ်ထဲမှာပဲထည့်ထည့်၊ မုန့်ဟင်းခါးနဲ့ပဲစားစား အရသာရှိလှတဲ့ ပဲကပ်ကြော်ပါ။

 

တစ်ချို့ကတော့ ခေါက်ဆွဲခြောက်ကို ကြော်ပြီး ထည့်ကြပါတယ်။

.

 

.

.

ဟင်းခါး အတွက်က

 

ကြက်ရိုးကို ဂျင်းရယ် ကြက်သွန်ဖြူရယ် ထောင်းထားတာနဲ့ ငရုတ်ကောင်းနဲ့ ဟင်းချိုတည်လိုက်တာပဲ။

ဝါသနာ ပါရင် ပဲပြားတို့ ဘူးသီးတို့ ခပ် လို့ ရသေးတယ်။

.

.

.

ကြိုက်တာထည့် နယ်စားရုံ
ကြိုက်တာထည့်
နယ်စားရုံ

 

1

 

4

.

.

.

ဟိ။   :mrgreenn:

 

ဒီထဲက ကြိုက်ရာ မကြိုက်တာ လိုတိုးပိုလျှော့ လုပ်လို့ရပါတယ်။

 

ကျနော် လုပ်ကျွေးရတဲ့ ပိတ်သတ်တွေက တစ်ယောက်တစ်မျိုးကြိုက်တတ်လို့ အစုံပါအောင် လုပ်ရတာမို့။

 

စားကြပါဦး
စားကြပါဦး

 

3

 

1

 

12079778_878721798886747_1976836715583036864_o

 

အဲလာ အနော့ သူငယ်ချင်းပြုစုထားတဲ့ မန်းလေး မုန့်တီ။

အဲဒီလို ညီတာပါဆို။ အစားအသောက်မှာ။

~~~~~~~~~~~~~~~~~

“မန်းလေး မုန့်တီ” (ခရက်ဒစ် – ဘိုဘို)

မန်းလေးမြို့မှာမနက်ခင်းစားစရာတွေစဉ်းစားကြပြီဆို မုန့်တီက မပါမဖြစ်လို့ပြောရမယ်.. ရန်ကုန်ဘက်ကအခေါ်တော့ နန်းကြီးသုပ်ပေါ့..

မန်းလေးမှာနန်းကြီးသုပ်လို့မှာရင်တော့ လက်သန်းနီးပါးအရွယ်မုန့်ဖတ်နဲ့လာချပေးမှာပါ..

နန်းလတ်ဆိုတာတော့ပုံမှန်ဆိုဒ်ပေါ့..

နန်းသေးဆိုရင်မုန့်ဟင်းခါးဖတ်လောက်ဖြစ်သွားပြီ..

မုန့်တီကောင်းကောင်းတစ်ပွဲမှာ မုန့်ဖတ်ရဲ့နုညံ့မ ူှအရသာကောင်းမူှအပြင် ပဲမူှန့်ကောင်းကောင်းသုံးရပါမယ်.. ကြက်သား ငါးဖယ် အစုံအလင်ထည့်သုပ်ပေမယ့် တစ်ဆိုင်နဲ့တစ်ဆိုင်အရသာကွဲပြားပါတယ် ..

သန့်ရှင်းမူှ ဆိုင်အပြင်အဆင်ကောင်းမွန်မူှနဲ့ စားသုံးသူကိုအလေးထားမူှက ဆိုင်တစ်ဆိုင်နဲ့တစ်ဆိုင်အောင်မြင်မူှကွဲပြားသွားတယ်ထင်ပါတယ် .. တစ်ချို့ဆိုင်တွေ အရသာကောင်းတယ် ဆိုင်ကြီးဟီးနေအောင်ပြင်ထားတယ်… ဆက်ဆံရေးမကောင်းပါဘူး

တစ်ချို့ဆိုင်တွေ လမ်းဘေးမှာရောင်းတယ် အရသာကောင်းတယ်… ဆက်ဆံရေးအင်မတန်ကောင်းတယ် …

တစ်ဆိုင်နဲ့တစ်ဆိုင်အဲလိုကွဲပြားကြပါတယ် မုန့်တီဆိုင်တွေအများကြီးရှိပါတယ် …

ကျွန်တော်မသိသေး မစားဘူးသေးတဲ့နေရာတွေအများကြီးပါ အစားအသောက်ဝါသနာပါတော့ မန်းလေးကိုမိတ်ဆွေတို့ရောက်ရင် ကိုယ်နေတဲ့အနီးမှာ ဘယ်ဆိုင်တွေရှိပြီး စားလို့ကောင်းတဲ့နေရာတွေဘယ်နားမှာရှိတယ်ဆိုတာ သိစေချင်ယုံပါ ကိုယ့်မြို့မဟုတ်တဲ့နေရာမှာမုန့်တီစားချင်သူတွေအတွက် နေရာလေးတွေသိစေချင်လို့ပါ ….

~~~~~~~~~~~~

ဒေါ်သန်းမြ မုန့်တီ 40 82*83 လမ်းမှာပါ…

ဈေးကောင်းသလိုစားလို့လဲအင်မတန်ကောင်းပါတယ်…

ကြက်သား ငါးဖယ် အစုံအလင်ရတာမို့အတော်အရသာရှိပါတယ်…

မတ်ပဲကြော်လည်းရနိုင်တာမို့အကြော်ကြိုက်သူတွေအတွက်အဆင်ပြေစေမှာပါ …

အရသာကောင်းတယ်သန့်ရှင်းတယ် ငါးဖယ်လုံးဟင်းရည်လေးနဲ့စားမယ်ဆိုရင်တော့ အရသာထိပ်တန်းပေါ့..!!

~~~~~~~~~~~~~~~~~~

ဒေါ်တော မုန့်တီ ကမ်းနားလမ်း ၂၆လမ်းနဲ့၂ရ ကြား မြို့တော်ဥယျာဉ်ရှေ့ အရှေ့ဘက် လမ်းနံဘေးမှာပါ …

တစ်ပွဲကို ၁၂၀ဝ ပွဲကြီး ၁၅၀ဝ ကြက်သား အမဲကြော ငါးဖယ် အစုံအလင်ရပါတယ် ..

ကြက်သားနဲ့စားမယ်ဆိုအမြစ်အသဲအူ အစုံအလင်ရသလို ပိတ်စွယ်ဟင်းရည် ငါးဖယ်လုံးဟင်းရည် ငါးဖယ်လုံးသုပ် အစုံအလင်ရနိုင်ပါတယ်…

သူ့ဆိုင်က နန်းလတ်ဆိုပေမယ့် ခိုတောင်မုန့်တီနန်းလိုအနည်းငယ်သေးတာသတိပြုမိပါတယ်…

အဒေါ်ကြီးက စေတနာအလွန်ကောင်းသလိုလက်ရာကောင်းလှပါတယ် အမဲကြောနဲ့စားမယ်ဆိုရင် သူ့ဆိုင်မှာစားရတာ အဆင်အပြေဆုံးပါပဲ…

ဘာလို့လဲဆိုတော့ အမဲကြောမုန့်တီဆိုတာ ဆိုင်တိုင်းမရဘူးလေ

~~~~~~~~~~~~~~~~~~~~~

ဒေါ်ရင် မုန့်တီ စိန်ပန်းရပ် စိန်ပန်းလမ်းမကြီးနဲ့ လမ်း၄ဝ လောက်ကျမယ်ထင်ပါတယ် … ဆိုင်ဖွင့်တာနှစ်အတော်ကြာပေမယ့်ယနေ့တို်င်လည်းစားကောင်းနေဆဲပါ …မန်းလေးရဲ့ မုန့်တီဆိုင်တွေထဲက စားကောင်းတဲ့ဆိုင်တစ်ဆိုင်ပါ

~~~~~~~~~~~

ဝင်းဝင်းမုန့်တီ သိပ္ပံလမ်းတောင်ဘက် စွယ်တော်လမ်း ၆၃နဲ့ ၆၄ ကြားမှာပါ … ပဲဆီစစ်စစ်ကိုသုံးထားလို့ကျန်းမာရေးအတွက်ကောင်းစေသလို ဟင်းချိုမူှန့်မစားတဲ့သူတွေအတွက် အရသာကောင်းကိုပေးနိုင်တဲ့ဆိုင်ပါ…ဆိုင်ရှင်တွေက ဖော်ရွေသလောက် အရသာကလည်းကောင်းပါတယ် ..ကြက်သား ငါးဖယ်လုံးနဲ့သုပ်လို့စားကောင်းသလိုမတ်ပဲဘယာကြော်နဲ့တွဲဖက်စားသုံးနိုင်ပါတယ်.. ကျွန်တော်ကြိုက်တဲ့ဆိုင်တစ်ဆိုင်ပေါ့…

~~~~~~~~~~~~~~~~~

မစန်းလွင်ရဲ့ခိုတောင် မုန့်တီ မှာစားမယ်ဆိုရင်တော့ .. စိတ်ရှည်သည်းခံပြီးစောင့်နိုင်မှသွားစားကြပါလို့ပြောချင်ပါတယ် .. ဟင်းချိုမူှန့်မစားရင်ဘေးကနေကြိုပြောနေမှတော်ကာ ကျပါမယ် မုန့်တီ ၁ပွဲပြီး၁ပွဲ ဇယ်ဆက်သလိုပြင်နေရတာမို့ပါ။

အရသာကောင်းတဲ့ခိုတောင်မုန့်တီထဲမှာ ဘယာကြော်နဲ့နယ်ဖတ်စားမလား ငါးဖယ်လုံးထည့်စားမလား .. ရွေးလို့ရပါသေးတယ် အသားနဲ့မဟုတ်ပေမယ့် စားလို့ကောင်းပါတယ်.. ငါးဖယ်လုံးချဉ်စပ်ဟင်းရည် ငါးခေါင်းဟင်းရည်တို့နဲ့တွဲဖက်စားနိုင်ပါတယ်… မနက်ခင်းအစောပိုင်းရောင်းတာမို့ စောစောသွားမှစားရဖို့သေချာတဲ့ဆိုင်ပါ.. 63 လမ်း 19 20 ကြားမှာပါ .. နန်းရှေ့ဈေးအနီးပေါ့.. ဈေးနူှန်းသင့်လှပါတယ်…

~~~~~~~~~~~~~~~~~~

ဒေါ်အုန်းကြည် မုန့်တီဆိုင်ကတော့ ၃၈ လမ်း ၈ဝ ၈၁ ကြားဓမ္မာရုံဘေးမှာပါ.. မန်းလေးမြို့က သက်တမ်းကြာပြီဖြစ်တဲ့ မုန့်တီဆိုင်ဆိုတော့ သူ့အရသာ သူ့မိတ်နဲ့ ရောင်းကောင်းစားကောင်းတဲ့ဆိုင်ပါပဲ .. ဆိုင်အပြင်အဆင်ရိုးရှင်းတယ် … နေရာကဓမ္မာရုံနဲ့ကွယ်နေတယ်ဆိုပေမယ့် လာစားတဲ့လူတွေတဖွဲဖွဲပါ မန်းလေးရောက်ရင် စားသင့်တဲ့ဆိုင်၁ဆိုင်ပါပဲ…

~~~~~~~~~~~~~

မလွန် ဒေါ်သောင်းစိန်မုန့်တီဆိုင်ကတော့ ၃၁ ၃၂ ကြား ၈၅ ၈၆ ကြား မလွန်ခဲတန်းလမ်းထဲမှာပါ … သက်တမ်းကြာပြီဖြစ်တဲ့ဆိုင်ဖြစ်သလို အရသာကောင်းနေဆဲပါ … တစ်ခေတ်တစ်ခါက ဆုရမုန့်တီဆိုင်ပေါ့ .. မုန့်တီပြိုင်ပွဲတွေ ကျင်းပစဉ်က ဆုတွေရပြီးအောင်မြင်ခဲ့သလို ယခုထက်ထိ စားကောင်းနေဆဲပါ … လမ်းကြုံရင်သွားစားကြည့်ပေါ့…

~~~~~~~~~~~~~~~~~~~~~~

၂၈လမ်း ၇၂ လမ်းထောင့် မင်းသီဟ လ႓က်ရည်ဆိုင်ကမုန့်တီလည်းသိပ်ကောင်းပါတယ် … မုန့်တီဖတ်က နုညံ့သလိုအရသာကောင်းတာမို့ စားလို့ကောင်းတဲ့ဆိုင်၁ဆိုင်ပါပဲ… အဲဒီဆိုင်ကမတ်ပဲ ဗယာကြော်ကတော့ မန်းလေးမြို့မှာအကောင်းဆုံးလို့ကျွန်တော်ထင်ပါတယ် … မုန့်တီနဲ့ဘယာကြော် တွဲဖက်စားချင်တယ်ဆိုအဲဒီဆိုင်မှာသွားစားပါ … အကြော်ကနေမြင့်ရင်မရနိုင်တာမို့စောစောသွားမှတော်ကာကျမှာပါ … အဲဒီဆိုင်က ဆီထမင်းနဲ့ဆိတ်သားကြော်လည်းအရမ်းကောင်းတယ်လို့ညွှန်းပါရစေ….

~~~~~~~~~~~~~~~~~~~~~

၆၆လမ်း ၂၆ ၂ရကြားက ရွှေပြည်မိုးဆိုင်က မုန့်တီလည်းစားကောင်းတာမို့ သူ့ဆိုင်ကိုလည်းညွှန်းပါရစေ … အဲဒီဆိုင်က ခနုံထုတ် ဆိုတဲ့ကြက်ဥအသားလိပ်ကလေးလဲ ကောင်းတယ်လို့ .. ရွှေပြည်မိုးဆိုင်တွေထဲမှာ ၆၆လမ်းဆိုင်က မုန့်တီကိုကျွန်တော်ကတော့ သဘောကျမိပါတယ်…

~~~~~~~~~~~~~

စိုးစိုး မုန့်တီ ၈၄ ၈၅ ကြား ၃၁ ၃၂ ကြားမှာပါ အရသာကောင်းပါတယ် … အကြွပ်ကြော်လေးနဲ့တွဲစားတာကြိုက်လှပေါ့ ဆီသုံးတာများလှသမို့ စားတိုင်းဆီလျှော့ထည့်ဖို့ပြောမှအနေတော်လောက်ပါ… မြို့ထဲဈေးချိုအနီးဆိုတော့ လူစည်ကားတဲ့ပတ်ဝန်းကျင်မို့ စောစောသွားမှကားရပ်နားဖို့အဆင်ပြေမှာပါ…

~~~~~~~~~~~~~

 

53 comments

  • ဂျက်စပဲရိုး

    September 22, 2014 at 9:41 am

    ဟွာလေ နောက်များ ဟင်းချက်တော့မယ် ဆို အနော်တို့ကို ဖိတ်ပလားဟင်င်င်င်င်……. 😛

    • ဇီဇီ

      September 22, 2014 at 10:09 am

      ဟိ။
      လောက်ဇီး ကွတ် လက်ရာ စားချင်တယ်လားး

      :k:

      • ဂျက်စပဲရိုး

        September 22, 2014 at 10:12 am

        ဟီး chicken rice ထက်တော့ စားကောင်းမှာပါ 🙂

  • Ma Ei

    September 22, 2014 at 9:55 am

    နန်းကြီးသုပ် ကြိုက်တယ်…
    ခဏခဏ လဲ လုပ်စားဖြစ်ပါတယ်…
    ဒီမှာတော့ မုန့်ဖတ်က ဈေးမှာ အလွယ်ဝယ်လို့ရနေတာကိုး
    သူက ကြက်သွန်ဖြူဆီချက်နဲ့ဘဲလိုက်တယ်…
    ပဲသီးတော့ မထည့်စားတတ်ဖူး
    မုန့်ကြွပ်ကြော်လေး ဖြူးလို့ စားကောင်းတယ်…
    ဓာတ်ပုံကြည့်ရတာနဲ့ ခုဘဲစားချင်လာပြီ…

    • ဇီဇီ

      September 22, 2014 at 10:10 am

      မွအိ။
      ဒီမှာ မုန့်ကြွပ်ကြော်မရှိဘူးးး
      အဟင့်။
      ကြက်မျိုးစုံလင်က ချက်နည်းနဲ့ ဟင်းစပ် အရင် ပြင်ဆင်ရမှာမို့ တင်မဲ့ တစ်ပတ်ကို ကြိုပြောလိုက်မယ်နော်။

      :chit:

  • ကန္နားစီး မိဂီ

    September 22, 2014 at 10:05 am

    လေ့လာရှာဖွေ မှတ်တမ်းတင် မျှဝေတဲ့အတွက်
    လက်ခုပ်တီးပါတယ်ဗျ

    • ဇီဇီ

      September 22, 2014 at 10:09 am

      မရွဲ့ပါနဲ့ အေရယ်။
      နာ့ မယ် ဒီမှာ ရတာလေးတွေနဲ့ ကိုယ်လိုချင်တဲ့ အရသာ ရအောင် ကြိုးစားပြီး စားနေရတာပါ။

      :s:

  • ခင် ခ

    September 22, 2014 at 10:45 am

    ” နန်းကြီးကြိုက်သူတွေ အတွက်ကတော့
    ဂျပန် မုန့်လုံးဖတ် အကြီး (Udon) ဖတ်ကို ဝယ်ပါတယ်။ ”
    ရှော့ပင်းစင်တာတွေမှာ အဲဒီအထုပ်ကိုတွေ့တုန်းက ဘယ်လိုအမျိုးအစားလဲ ကိုင်ကြည့်ပြီးစဉ်းစားခဲ့သေးတာ အခုတော့သိပြီဗျ။
    ဒီပိုစ့်လေးက ကျုပ်အတွက် မသိတာတစ်ခုသိလိုက်ရလို့ ကျေးဇူးဗျို့။

    • ဇီဇီ

      September 22, 2014 at 11:22 am

      ဟုတ်။
      လက်ညှစ်၊စက်ညှစ် မုန့်ဖတ်မရနိုင်တဲ့ နေရာတွေ အတွက် ရေးတာမို့။

      🙂

  • sorrow

    September 22, 2014 at 11:06 am

    ….မမ…အခုအတော်ကိုကျက်သရေရှိပြီး ခန့်ခန့်ကြီးကိုချောပါတယ်ခင်ဗျ…သို့သော် …ဒီထက်ဝရင်တော့မကောင်း….အဟိဟိဟိ..( ကိုယ်ချင်းစာစိတ်…အယ်ကြီးပါတယ်…အဟိဟိ )

    • ဇီဇီ

      September 22, 2014 at 11:19 am

      ဪ။
      ခက်ကရော!!
      နည်းပဲ ရေးတာပါဆို။
      :k:

    • Wow

      September 24, 2014 at 8:40 am

      မနိုင်ဝန်ထမ်းထားရသူရဲ့ ကိုယ်ချင်းစာ စကား… :mrgreen:

      • ဇီဇီ

        September 24, 2014 at 8:51 am

        တနား စရာ!!

        :mrgreen:

  • Mr. MarGa

    September 22, 2014 at 11:08 am

    နန်းကြီးသုပ် စားချင်ဘူး
    မုန့်တီစားချင်တယ်
    နက်ဖန် ဒေါ်ရင်သွားစားမယ်
    ငွိငွိ

    • ဇီဇီ

      September 22, 2014 at 11:20 am

      သွားစား၊ ဝယ်စားနိုင်တဲ့သူတွေ အတွက် ရေးတာမဟုတ်..

      :mrgreen:

  • kyeemite

    September 22, 2014 at 11:16 am

    .နန်းကြီးသုတ်ရော နန်းပြားသုတ်ရော ကြိုက်၏
    .မဒမ်မိုက်လက်ရာနေ့တိုင်းစားနေရလို့ အခြားဟာတွေ့လျှာမတွေ့…ခိခိ :k:

    • ဇီဇီ

      September 22, 2014 at 11:21 am

      မိုက်မိုက်ကတော့ အပြင်မှာ ဝယ်စားစရာကို မလိုတဲ့ အတွက် ပိုကံကောင်း၏

      :kwi:

  • manawphyulay

    September 22, 2014 at 11:33 am

    မှတ်သားတော့ မှတ်သားထားပါ့မယ်။ ဒါပေမယ့် ခက်တာက နန်းကြီးသုပ်ကို မကြိုက်ဘူးဖြစ်နေတယ်။ နောက်တစ်ချက်က မုန့်ဖတ်ကြီးတွေက အလုံးကြီးတော့ ငယ်ထဲက ရွံပြီးမစားရင်းနဲ့ ခုထိကို စားလို့မရသေးဘူးဖြစ်နေတယ်။

    • ဇီဇီ

      September 22, 2014 at 11:39 am

      မနောတို့ က ကြိုက်တာ ရွေးပြီး ဝယ်စားလို့ ရတဲ့ အခြေအနေလေကွယ်။
      ဟိဟိ။
      အပင်ပန်းစရာ မလိုဘူးလေ။

      🙂

  • pooch

    September 22, 2014 at 12:55 pm

    အခု ဈေးချိုနားက ပလက်ဖောင်းပေါ်ရောင်းတဲ့ မုန့်တီက ကြက်ခြေထောက် ကြက်ခေါင်းနဲ့ပါ ရတယ် ငါးဖယ်ရော မနက် ၉ နာရီဆို ကုန်ပြီ
    ပြန်လာရင် သွားစားကြည့် ။

    • ဇီဇီ

      September 22, 2014 at 12:58 pm

      ငင်။
      ကိုးနာရီ ဆို ကုန်ပြီ ဆိုတော့ စောစောထမှ ရမှာပေါ့။
      အဟင့်။
      :a:

  • မြစပဲရိုး

    September 22, 2014 at 2:05 pm

    အဲ့ လုပ်ကျွေး တဲ့ ပိတ်သတ် တွေထဲ VIP Special Guest များ ပါဘူးလား။
    အာ့လာမေးတာ။

    ဒီ တစ်ပါတ် သုတ်စားပလိုက်မယ်။
    အာ့လာပြောတာ။
    :))

    • ဇီဇီ

      September 22, 2014 at 2:16 pm

      ပါပါ့ အရီးရယ်။
      ဇီဇီ ကိုယ်တိုင် မသုပ်ကျွေးရင် စိတ်ကောက်တတ်သေးတာပါ့။

      :mrgreenn:

      • sorrow

        September 22, 2014 at 2:38 pm

        ..စိတ်ကောက်တယ်လား..နသယ်ကိုဖမ်းတီးပစ်စမ်းပါဗျာ…ခပ်စပ်စပ်လေး..ဒလောက်လှပ..ပညာတတ်..
        .ဘက်စုံရတဲ့မမ…နားနေရတာကို ကျေးဇူးမတင်……နိုင်စားချင်သေးတယ်…
        ….ကွကိုယ်သုပ်စားလို့..မသုပ်စားနိုင်ရင်အငတ်နေလို့…..အဟိဟိဟိ (အလွတ် ဝင်ကြပ်တာ )

        • ဇီဇီ

          September 22, 2014 at 3:21 pm

          မတီးရဲပါဘူးဟယ်။
          ရုံး က အမတွေကို..

          :kwi:

  • Crystalline

    September 23, 2014 at 1:07 am

    မနက်၁နာရီ… :sar: :sarr:

    • ဇီဇီ

      September 23, 2014 at 9:34 am

      ဟွန့်။ လူဇိုးးးမ
      စောစောစီးစီး စားသောက်နေတယ်။
      မုန်းဒယ်..

      :k:

  • Iris

    September 23, 2014 at 5:39 am

    နန်​းကြီးသုပ်​လုပ်​မယ်​လို့ စိတ်​ကူးယဉ်​​နေတာ. စပါယ်​ရှယ်​ guest အတွက်​.ဟီး
    အမှန်​​တော့နန်​းကြီးသုပ်​ကကြိုက်​တဲ့အစားအစာထဲမပါခဲ့ဘူး မန်​း​လေးကအန်​တီအိမ်​ကိုမ​ရောက်​​ခင်​အထိ။ အန်​တီ့အိမ်​​ရောက်​ပြီး ဆန်​း​ဒေးတိုင်​းလိုလို တစ်​ခုမဟုတ်​တစ်​ခုလုပ်​​ကြွေးတယ်​။ အဲ့ဒီမှာအန်​တီ့လက်​ရာကို​တော်​​တော်​ကြိုက်​သွားရင်​းနဲ့လိုက်​လုပ်​ကြည်​့တာ။ ပဲမှုန်​့နဲ့ကြက်​သွန်​ဆီချက်​​ကြောင်​့တခြားလက်​ရာ​တွေထက်​ပို​ကောင်​းတယ်​။အန်​တီကပဲမှုန်​့​တွေကိုပြန်​​လှော်​တယ်​။ပိုပြီးအနံ့​မွှေးသွားတယ်​။

    • ဇီဇီ

      September 23, 2014 at 9:33 am

      ဟယ်
      စပယ်ရှယ် ဧည့်သည် ဆိုပါလားးး 🙄
      သများ လာ ကူရမားဟမ်? :mrgreenn:

      နန်းကြီးသုတ်ကျွေးရမဲ့ ဧည့်သည်ဆိုတော့ တို့ရွှေပြည်ကြီးက လာတာ ဟုတ်ဟန်မတူ..

      :kwi:

  • Iris

    September 23, 2014 at 10:56 am

    ကိုယ်​လည်​းစပါယ်​Guestလုပ်​တယ်​​လေ . ခရစ်​စမတ်​မှာ။ သူတို့အစားအစာ​တွေ​ကောင်​းတယ်​ဆိုပြီးကြိတ်​တာပဲ။ တာကီ​တွေ.အိုင်​းရစ်​ဝိုင်​​တွေ။ ကိုယ်​လည်​းသယ်​သွားတယ်​ မန်​း​လေးမုန်​့တီ…ဟီး ​ကောင်​းတယ်​လို့​တော့​ပြောတာပဲ။ 😀

  • kai

    September 23, 2014 at 2:02 pm

    မြန်မာပြည်ကမုန့်ဟင်းခါးမုန့်ဖတ်က.. ကြာရင်ပွလာတတ်သလားသိချင်မိတယ်..။

    ဒီမှာတေ့ာ.. မြန်မာတွေ”ရှာဖွေလျှင်တွေ့ရှိသည်” ဖြစ်ထားတဲ့..မုန့်ဖတ်က.. ဟင်းရေထဲတော်တော်ကြာကြာစိမ်ထားလည်း.. မပွ..။
    ကြည့်ရတာ.. နည်းပညာတွေတိုးတက်လာတယ်ထင်ကြောင်း…။

    • ဇီဇီ

      September 23, 2014 at 2:06 pm

      ပွမပွတော့ မသိ။
      လက်ညှစ်ဖတ်ကတော့ ကြာရင် ချဉ်တတ်လို့။
      မုန့်ဟင်းခါးဖတ်က အခြောက်ထုပ်ရှိတယ်လေ။
      ရေစိမ်ပြီး ပြုတ်ရတာ။
      မုန့်တီဖတ်က အခြောက်ထုတ်မရှိ။
      ဆိုတော့ မလေးဖတ်နဲ့ ဂျပန်ဖတ်ကို ရှာရတာ၊

      :k:

  • မွသဲ ( 17082011 )

    September 24, 2014 at 6:18 am

    အိ နိုင်ဂျံဂါးမှာ အိုက်လိုက်လိုဖြစ်သလိုလေး ရှယ်စားလို့ရနေဘီကိုး :mrgreen: အိုက်အထုပ်ကြီးတွေ မတ်တွေမှာတွေ့သား ဘာအတွက်မှန်းမသိလို့ တခါဝယ်လာပြီးပြုတ်သောက်ပလ်ုက်တယ် ခုမှသိ နန်းကြီးဖတ်မှန်း 🙂 နန်းကြီးသုတ်ထဲ ပဲသီးတော့ထည့်စားတတ်ဖူး။ ခိုတောင်မုန့်တီထဲပဲစားတတ်တယ်။
    ဒဂျီးရေ ရန်ကုန်မှာတော့မုန့်ဖတ်က နှစ်ရက်ခံ သုံးရက်ခံတွေရပြီမို့ ပွတာတို့ချဉ်တာတို့မဖြစ်တော့ဘူးရယ်။

  • ဂျက်စပဲရိုး

    September 24, 2014 at 6:21 am

    ဒါဖတ်ပြီး စိတ်ထဲ တနုံ့နုံ့ နဲ့နေတာ..
    မနေ့ညကမှ ဆိုင်တွေ ဘက်ရောက်လို့ သွားဝယ်စားပလိုက်တယ် မှတ်ကရောပဲ..
    ငါကွ :sarr: :sarr:
    (btw, အဲ့ဒီ emoticons တွေရဲ့ code လေးတွေ ဘယ်နားက ရနိုင်မယ် မသိ???)

  • ဇီဇီ

    September 24, 2014 at 6:41 am

    မွသဲ
    အာ့ နန်းးကြီးးဖတ် ဟုတ်ဘူးး
    ဂျာပွန် ခေါက်ဆွဲဖတ် ကို အစားးထိုးးး စားးးတာ။
    ဟီးးးး

    :k:

  • weiwei

    September 24, 2014 at 12:53 pm

    နန်းကြီးသုတ်ကြိုက်တယ် .. ဒါပေမယ့် ရန်ကုန်မှာ အလွယ်ဝယ်လို့ရတဲ့ ကြာဇံကြီးဖတ်ကို မကြိုက်ဘူး .. ပျော့ပျော့ပျောင်းပျောင်းမရှိလို့ ..
    ကူမင်းက မီရှန့် စားဖူးပြီးကထဲက ကျန်တဲ့မုန့်ဖတ်တွေ မစားချင်ဖြစ်နေခဲ့တာ ..

    • ဇီဇီ

      September 24, 2014 at 12:59 pm

      ဟိဟိ။
      အမှန်ကလေ ကိုရီးယား ခေါက်ဆွဲဖတ်က စားလို့ အကောင်းဆုံးပဲ။
      ဂျပန်မုန့်ဖတ်ထက်။
      သာကူနဲ့ လုပ်တာတဲ့။

      တရုတ်ကဆို ဟန်းမိတ် ခေါက်ဆွဲ စားပြီးရင် ရယ်ဒီမိတ်ခေါက်ဆွဲခြောက်တွေတောင် မစားချင်တော့။
      မီးရှန့်က ခေါက်ဆွဲသား နုတယ်။
      မန်းလေးတုန်းကတော့ နန်းကြီးဖတ်ကို လက်ညှစ်မုန့်တီဖိုက သွားဝယ်တယ်။

      🙂

  • Yae Myae Tha Ninn

    September 24, 2014 at 4:55 pm

    အော်… ရှမ်းမတွေ အကြောင်းများလားဆိုပြီး… ဝင်ဖတ်တာ… ဟွန့်… စားစရာအကြောင်းပဲ… မစားရရင် မဖတ်ချင်ပါ… 😛

  • ဇီဇီခင်ဇော်

    July 7, 2015 at 6:35 am

    Credit to ယဉ်ယဉ်နှောင်း
    ——
    မန္တလေးမုန့်တီ

    မန္တလေးလို့ပြောရင် တွဲမြင်တဲ့စားစရာက မန္တလေးမုန့်တီပါ။ မုန့်တီတွေဟာ နေရာဒေသကိုလိုက်ပြီး အရသာကွဲပြားသလို မန္တလေးမုန့်တီဟာလည်း မန္တလေးမှာသာ အရသာအစစ်အမှန်ကိုရနိုင်ပါတယ်။

    မုန့်တီဟာ မန္တလေးကိုရောက်လာတာ သမိုင်းအရ နှစ်ပေါင်း (၁၅၀)ကျော်လောက်ရှိပြီလို့ ပြောလို့ရပါတယ်။
    မုန့်တီဟာ ထိုင်းရိုးရာအစားအစာပါတဲ့။ မန္တလေးမြို့တည်စအချိန်က ထိုင်းကုန်သည်တွေ၊လက်မှုပညာရှင်တွေကို ၈၁လမ်း-၈၂လမ်း၊ ၂၉လမ်းနဲ့ လမ်း၃ဝကြားမှာ နေရာချပေးခဲ့ပြီး ယိုးဒယားဈေးလို့ နာမည်ကြီးခဲ့ပါတယ်။ ယိုးဒယားဈေးမှာ ရောင်းချတဲ့ မုန့်တီအပါအဝင် ရွှေချီ၊ ရွှေထမင်း၊ ရွှေရင်အေးတွေဟာ မန္တလေးသားတို့အသည်းစွဲ စားစရာတွေဖြစ်ခဲ့ပါတယ်။

    မန္တလေးမှာ မုန့်တီ ထွန်းကားလာလိုက်တာ မုန့်တီလုပ်ရောင်းပြီး နာမည်ကြီးလာတဲ့နေရာကို မုန့်တီတန်းဆိုပြီး ရပ်ကွက်ခေါ်ရတဲ့အထိပါပဲ။ မုန့်တီတန်းရပ်ကွက်ဟာ ၃၂လမ်း-၃၃လမ်းကြား၊ ၇၃-၇၄ကြားမှာရှိပါတယ်။

    မန္တလေးမုန့်တီမှာ မုန့်ဖတ်ကအရွယ်အစားအမျိုးမျိုးရှိပါတယ်။

    အသေးဆုံးက နန်းသေး။ အချင်း ၂ မီလီမီတာလောက်။ သူကအရွယ်သေးလွန်းတော့ မုန့်ဟင်းခါး၊ရခိုင်မုန့်တီတို့လို အရည်တွေနဲ့ စားဖို့လောက်ပဲကောင်းပြီး နယ်ဖတ်စားရတဲ့ မုန့်တီဖတ်အဖြစ်သုံးဖို့ အဆင်မပြေလှပါဘူး။

    နည်းနည်းကြီးတာက ခိုတောင်နန်း။
    ခိုတောင်နန်းက နန်းသေးထက်တုတ်ပြီး နန်းလတ်ထက်သေးတယ်။
    ခိုတောင်နန်းနဲ့ နန်းလတ်မတူပါဘူး။
    သူ့အချင်းက ၃မီလီမီတာလောက်။ခိုတောင်မုန့်တီက ခိုတောင်နန်းနဲ့ သုပ်မှ ပိုစားကောင်းတယ်။

    နန်းလတ်ကတော့ မြီးရှည်သုပ်တဲ့နန်းလိုအရွယ်မျိုးဖြစ်ပြီး တယ်လီနော ကြော်ငြာထဲမှာ နန်းကြီးသုပ်ဆိုပြီးပြသွားတာ နန်းလတ်သုပ်ကြီး။
    သူ့အချင်းက ၅မီလီမီတာလောက်။ မန္တလေးမှာတော့ မုန့်တီသုပ်တစ်ပွဲလို့ မှာလိုက်ရင် ဒီလိုနန်းလတ်မျိုးနဲ့ပဲ ချပေးတာများတယ်။

    နန်းကြီးကတော့ အကြီးဆုံးပဲ။ အချင်း ၁စင်တီမီတာနီးပါးရှိတယ်။ တခြားမြို့က လူတွေက မန္တလေးလာပြီး နန်းကြီးသုပ်လို့မှာလိုက်တဲ့အခါ ဒီလို လက်သန်းလုံးလောက်နန်းကြီးနဲ့သုပ်ပေးတာမြင်ရင် မျက်လုံးပြူးကုန်ကြတာပဲ။ တကယ်တော့ ဒါကမှ နန်းကြီးအစစ်ပါ။

    နန်းကြီးသုပ်ကတော့ မုန့်သားပိုထူတဲ့အတွက် တစ်လုပ်စားလိုက်တိုင်းမှာ အရသာပိုဆိမ့်သလိုရှိပါတယ်။

    မန္တလေးမုန့်တီမှာ အဓိကအကျဆုံးက ဟင်းအနှစ်နဲ့ ပဲမှုန့်ကောင်းဖို့ပါပဲ။ ပဲမှုန့်ကောင်းမှ မုန့်တီအရသာစစ်စစ်ပေါ်ပါတယ်။ အသားကတော့ ကြက်၊ ငါးဖယ်အပြင် အမဲကြောနဲ့လည်း သုပ်တတ်ကြပါသေးတယ်။

    မန္တလေးမှာ မုန့်တီသုပ်စားမယ်ဆို နာမည်ကြီးဆိုင်တွေကတော့

    1)စိုးစိုးမုန့်တီ ၃၁-၃၂ကြား၈၄-၈၅ကြား။

    2)ဒေါ်ကူမုန့်တီ
    ၂၈လမ်း ၈၂လမ်းထောင့်။

    3)ဒေါ်တောမုန့်တီ
    ၂၆လမ်းအတိုင်း မြစ်ဆိပ်အထိဆင်း၊ မြို့တော်ဥယျာဉ်မရောက်ခင် တောင်ဘက်ကွေ့၊ လမ်းအရှေ့ခြမ်း။

    4)ဒေါ်အုန်းကြည်မုန့်တီ
    ၃၈လမ်း ၈၀-၈၁ကြား၊ဓမ္မာရုံအနောက်။

    5)ဒေါ်ကွန့်မုန့်တီ
    ၈၆လမ်း၊ ၁၀-၁၁ကြား။

    6)ဒေါ်သန်းမြမုန့်တီ
    လမ်း ၄ဝ ၈၃-၈၄ကြား။

    7)မလွန်ဒေါ်သောင်းစိန်မုန့်တီ
    ၃၁-၃၂ကြား၊ ၈၅-၈၆ကြား၊မလွန်ငါးပိတန်း။

    8)ဝင်းဝင်းမုန့်တီ
    သွားဆေးတက္ကသိုလ်မျက်နှာချင်းဆိုင်၊ စွယ်တော်လမ်း ၆၃-၆၄ကြား။

    9)ရွှေရောင်လင်း
    ၃၁လမ်း ၇၁-၇၂ကြား။

    10)ရွှေပြည်မိုးကဖေး
    ၆၆လမ်း ၂၆-၂ရကြား။

    စတဲ့ဆိုင်တွေဖြစ်ပါတယ်။

    မန္တလေးမှာ မုန့်တီဟာ နံနက်စာအဓိကရောင်းတာမို့ မုန့်တီစားချင်ရင် နေမမြင့်ခင်သွားစားဖို့တော့လိုပါလိမ့်မယ်။

    မုန့်ကြွပ်ကြော်မွှေးမွှေး၊ ပဲမှုန့်နံ့သင်းသင်း၊ ဆီရွှဲရွှဲနဲ့ မန္တလေးမုန့်တီတွေဟာ မန္တလေးရဲ့ နံနက်စာစာရင်းမှာ အမြဲတမ်း ထိပ်ဆုံးက နေရာယူလျက်ပါပဲ။

  • aye.kk

    July 7, 2015 at 10:32 pm

    ဇီဇီရေ
    အခု post ဖတ်ပြီး၊ကျေးဇူးတင်မိပါတယ်၊
    ဇီဇီရေ..ဇီဇီအခုပြထားတဲ့နည်းအတိုင်း၊လုပ်စားကြည့်ဦးမယ်။
    အင်မတန်စားကေါင်းမှာ၊၊စားချင်စိတ်ဖြစ်တယ်၊
    အိမ်မှာတော့မုန့်တီဖတ်ကိုရိုးရိုးလေးပဲသုတ်ပြီး၊ဟင်းရည်လေးကိုအလွယ်ကူပဲချက်သောက်လိုက်တာ။
    ငါးဟင်းရည်လေးကိုတော့၊ချိုနေအောင်ချက်ပြီးသောက်လိုက်တယ်။
    နည်းကတော့ယောက္ခမလုပ်ကျွေးတဲ့နည်းပါ။
    ငါးပြေမအကေါင်ခပ်ကြီးကြီးကိုအကြေးသင်
    ရေစင်အောင်ဆေးပြီးအကေါင်လိုက်အတိုင်း၊စပါးလင်-၃ခု၊ဆနွင်း၊ဆား၊ငံပြာရည်၊ငါးပိစိမ်းအနည်းငယ်ကို
    ပိတ်စိမ်းပါးနဲ့ထုတ်ပြီးအသေအချာစီး၊ကြက်သွန်နီဥသေးလေးတွေခပ်များများလောက်သင်ပြီး၊
    အားလုံးကိုအိုးထဲမှာတစ်ခါထဲရောထဲ့ပြီး၊ရေအလောတော်၊ဆီအနည်းငယ်ထဲ့ပြီးပြုတ်လိုက်ပါတယ်။
    အချိုမှုန့်တော့အနည်းငယ်သုံးတာပေါ့နော်။ ငါးပြေမက အကေါင်ခပ်ကြီးကြီးဆိုတော့အသားများပြီးချိုတယ်။
    မုန့်ဖတ်-၁ကီလိုဆို၊ငါးပြေမအကေါင်ခပ်ကြီးကြီး၃-ကောင်လောက်ထဲ့ပြီးအချိုတွေထွက်လို့ကုန်လောက်မဲ့အထိကို
    မှန်းဆပြီးပြုတ်လိုက်တယ် ။ ငါးပြုတ်သားအရည်ရအောင်ရအောင်ပြုတ်တာပေါ့နော်။
    အဲလိုပြုတ်တဲ့ငါးပြုတ်ရည်ကမွှေးလဲမွေးပြီး တအားချိုတယ်။စပါးလင်ပါတော့၊ငါးပြုတ်ရည်ကမွှေးတယ်။
    မုန့်တီသုတ်ပြီး၊ဟင်းရည်နဲ့တွဲဖက်စားသုံးတာပေါ့နော်၊အလွန်ကေါင်းတယ် ။။

    • ဇီဇီခင်ဇော်

      July 8, 2015 at 7:24 am

      ငါး ဟင်းရည် တည် နည်း လေး မှတ်လိုက်ပါပြီ တီ အေးရေ
      :chit:

  • ဇီဇီခင်ဇော်

    September 29, 2015 at 3:15 pm

    အဲလာ အနော့ သူငယ်ချင်းပြုစုထားတဲ့ မန်းလေး မုန့်တီ။
    အဲဒီလို ညီတာပါဆို။ အစားအသောက်မှာ။
    :mrgreenn:
    :mrgreenn:

    ~~~~~~~~~~~~~~~~~
    “မန်းလေး မုန့်တီ” (Post and photo ခရက်ဒစ် – ဘိုဘို)
    .
    .
    မန်းလေးမြို့မှာမနက်ခင်းစားစရာတွေစဉ်းစားကြပြီဆို မုန့်တီက မပါမဖြစ်လို့ပြောရမယ်.. ရန်ကုန်ဘက်ကအခေါ်တော့ နန်းကြီးသုပ်ပေါ့..
    မန်းလေးမှာနန်းကြီးသုပ်လို့မှာရင်တော့ လက်သန်းနီးပါးအရွယ်မုန့်ဖတ်နဲ့လာချပေးမှာပါ..
    နန်းလတ်ဆိုတာတော့ပုံမှန်ဆိုဒ်ပေါ့..
    နန်းသေးဆိုရင်မုန့်ဟင်းခါးဖတ်လောက်ဖြစ်သွားပြီ..
    မုန့်တီကောင်းကောင်းတစ်ပွဲမှာ မုန့်ဖတ်ရဲ့နုညံ့မ ူှအရသာကောင်းမူှအပြင် ပဲမူှန့်ကောင်းကောင်းသုံးရပါမယ်.. ကြက်သား ငါးဖယ် အစုံအလင်ထည့်သုပ်ပေမယ့် တစ်ဆိုင်နဲ့တစ်ဆိုင်အရသာကွဲပြားပါတယ် ..
    သန့်ရှင်းမူှ ဆိုင်အပြင်အဆင်ကောင်းမွန်မူှနဲ့ စားသုံးသူကိုအလေးထားမူှက ဆိုင်တစ်ဆိုင်နဲ့တစ်ဆိုင်အောင်မြင်မူှကွဲပြားသွားတယ်ထင်ပါတယ် .. တစ်ချို့ဆိုင်တွေ အရသာကောင်းတယ် ဆိုင်ကြီးဟီးနေအောင်ပြင်ထားတယ်… ဆက်ဆံရေးမကောင်းပါဘူး
    တစ်ချို့ဆိုင်တွေ လမ်းဘေးမှာရောင်းတယ် အရသာကောင်းတယ်… ဆက်ဆံရေးအင်မတန်ကောင်းတယ် …
    တစ်ဆိုင်နဲ့တစ်ဆိုင်အဲလိုကွဲပြားကြပါတယ် မုန့်တီဆိုင်တွေအများကြီးရှိပါတယ် …
    ကျွန်တော်မသိသေး မစားဘူးသေးတဲ့နေရာတွေအများကြီးပါ အစားအသောက်ဝါသနာပါတော့ မန်းလေးကိုမိတ်ဆွေတို့ရောက်ရင် ကိုယ်နေတဲ့အနီးမှာ ဘယ်ဆိုင်တွေရှိပြီး စားလို့ကောင်းတဲ့နေရာတွေဘယ်နားမှာရှိတယ်ဆိုတာ သိစေချင်ယုံပါ ကိုယ့်မြို့မဟုတ်တဲ့နေရာမှာမုန့်တီစားချင်သူတွေအတွက် နေရာလေးတွေသိစေချင်လို့ပါ ….
    ~~~~~~~~~~~~
    ဒေါ်သန်းမြ မုန့်တီ 40 82*83 လမ်းမှာပါ…
    ဈေးကောင်းသလိုစားလို့လဲအင်မတန်ကောင်းပါတယ်…
    ကြက်သား ငါးဖယ် အစုံအလင်ရတာမို့အတော်အရသာရှိပါတယ်…
    မတ်ပဲကြော်လည်းရနိုင်တာမို့အကြော်ကြိုက်သူတွေအတွက်အဆင်ပြေစေမှာပါ …
    အရသာကောင်းတယ်သန့်ရှင်းတယ် ငါးဖယ်လုံးဟင်းရည်လေးနဲ့စားမယ်ဆိုရင်တော့ အရသာထိပ်တန်းပေါ့..!!
    ~~~~~~~~~~~~~~~~~~
    ဒေါ်တော မုန့်တီ ကမ်းနားလမ်း ၂၆လမ်းနဲ့၂ရ ကြား မြို့တော်ဥယျာဉ်ရှေ့ အရှေ့ဘက် လမ်းနံဘေးမှာပါ …
    တစ်ပွဲကို ၁၂၀ဝ ပွဲကြီး ၁၅၀ဝ ကြက်သား အမဲကြော ငါးဖယ် အစုံအလင်ရပါတယ် ..
    ကြက်သားနဲ့စားမယ်ဆိုအမြစ်အသဲအူ အစုံအလင်ရသလို ပိတ်စွယ်ဟင်းရည် ငါးဖယ်လုံးဟင်းရည် ငါးဖယ်လုံးသုပ် အစုံအလင်ရနိုင်ပါတယ်…
    သူ့ဆိုင်က နန်းလတ်ဆိုပေမယ့် ခိုတောင်မုန့်တီနန်းလိုအနည်းငယ်သေးတာသတိပြုမိပါတယ်…
    အဒေါ်ကြီးက စေတနာအလွန်ကောင်းသလိုလက်ရာကောင်းလှပါတယ် အမဲကြောနဲ့စားမယ်ဆိုရင် သူ့ဆိုင်မှာစားရတာ အဆင်အပြေဆုံးပါပဲ…
    ဘာလို့လဲဆိုတော့ အမဲကြောမုန့်တီဆိုတာ ဆိုင်တိုင်းမရဘူးလေ
    ~~~~~~~~~~~~~~~~~~~~~
    ဒေါ်ရင် မုန့်တီ စိန်ပန်းရပ် စိန်ပန်းလမ်းမကြီးနဲ့ လမ်း၄ဝ လောက်ကျမယ်ထင်ပါတယ် … ဆိုင်ဖွင့်တာနှစ်အတော်ကြာပေမယ့်ယနေ့တို်င်လည်းစားကောင်းနေဆဲပါ …မန်းလေးရဲ့ မုန့်တီဆိုင်တွေထဲက စားကောင်းတဲ့ဆိုင်တစ်ဆိုင်ပါ
    ~~~~~~~~~~~
    ဝင်းဝင်းမုန့်တီ သိပ္ပံလမ်းတောင်ဘက် စွယ်တော်လမ်း ၆၃နဲ့ ၆၄ ကြားမှာပါ … ပဲဆီစစ်စစ်ကိုသုံးထားလို့ကျန်းမာရေးအတွက်ကောင်းစေသလို ဟင်းချိုမူှန့်မစားတဲ့သူတွေအတွက် အရသာကောင်းကိုပေးနိုင်တဲ့ဆိုင်ပါ…ဆိုင်ရှင်တွေက ဖော်ရွေသလောက် အရသာကလည်းကောင်းပါတယ် ..ကြက်သား ငါးဖယ်လုံးနဲ့သုပ်လို့စားကောင်းသလိုမတ်ပဲဘယာကြော်နဲ့တွဲဖက်စားသုံးနိုင်ပါတယ်.. ကျွန်တော်ကြိုက်တဲ့ဆိုင်တစ်ဆိုင်ပေါ့…
    ~~~~~~~~~~~~~~~~~
    မစန်းလွင်ရဲ့ခိုတောင် မုန့်တီ မှာစားမယ်ဆိုရင်တော့ .. စိတ်ရှည်သည်းခံပြီးစောင့်နိုင်မှသွားစားကြပါလို့ပြောချင်ပါတယ် .. ဟင်းချိုမူှန့်မစားရင်ဘေးကနေကြိုပြောနေမှတော်ကာ ကျပါမယ် မုန့်တီ ၁ပွဲပြီး၁ပွဲ ဇယ်ဆက်သလိုပြင်နေရတာမို့ပါ။
    အရသာကောင်းတဲ့ခိုတောင်မုန့်တီထဲမှာ ဘယာကြော်နဲ့နယ်ဖတ်စားမလား ငါးဖယ်လုံးထည့်စားမလား .. ရွေးလို့ရပါသေးတယ် အသားနဲ့မဟုတ်ပေမယ့် စားလို့ကောင်းပါတယ်.. ငါးဖယ်လုံးချဉ်စပ်ဟင်းရည် ငါးခေါင်းဟင်းရည်တို့နဲ့တွဲဖက်စားနိုင်ပါတယ်… မနက်ခင်းအစောပိုင်းရောင်းတာမို့ စောစောသွားမှစားရဖို့သေချာတဲ့ဆိုင်ပါ.. 63 လမ်း 19 20 ကြားမှာပါ .. နန်းရှေ့ဈေးအနီးပေါ့.. ဈေးနူှန်းသင့်လှပါတယ်…
    ~~~~~~~~~~~~~~~~~~
    ဒေါ်အုန်းကြည် မုန့်တီဆိုင်ကတော့ ၃၈ လမ်း ၈ဝ ၈၁ ကြားဓမ္မာရုံဘေးမှာပါ.. မန်းလေးမြို့က သက်တမ်းကြာပြီဖြစ်တဲ့ မုန့်တီဆိုင်ဆိုတော့ သူ့အရသာ သူ့မိတ်နဲ့ ရောင်းကောင်းစားကောင်းတဲ့ဆိုင်ပါပဲ .. ဆိုင်အပြင်အဆင်ရိုးရှင်းတယ် … နေရာကဓမ္မာရုံနဲ့ကွယ်နေတယ်ဆိုပေမယ့် လာစားတဲ့လူတွေတဖွဲဖွဲပါ မန်းလေးရောက်ရင် စားသင့်တဲ့ဆိုင်၁ဆိုင်ပါပဲ…
    ~~~~~~~~~~~~~
    မလွန် ဒေါ်သောင်းစိန်မုန့်တီဆိုင်ကတော့ ၃၁ ၃၂ ကြား ၈၅ ၈၆ ကြား မလွန်ခဲတန်းလမ်းထဲမှာပါ … သက်တမ်းကြာပြီဖြစ်တဲ့ဆိုင်ဖြစ်သလို အရသာကောင်းနေဆဲပါ … တစ်ခေတ်တစ်ခါက ဆုရမုန့်တီဆိုင်ပေါ့ .. မုန့်တီပြိုင်ပွဲတွေ ကျင်းပစဉ်က ဆုတွေရပြီးအောင်မြင်ခဲ့သလို ယခုထက်ထိ စားကောင်းနေဆဲပါ … လမ်းကြုံရင်သွားစားကြည့်ပေါ့…
    ~~~~~~~~~~~~~~~~~~~~~~
    ၂၈လမ်း ၇၂ လမ်းထောင့် မင်းသီဟ လ႓က်ရည်ဆိုင်ကမုန့်တီလည်းသိပ်ကောင်းပါတယ် … မုန့်တီဖတ်က နုညံ့သလိုအရသာကောင်းတာမို့ စားလို့ကောင်းတဲ့ဆိုင်၁ဆိုင်ပါပဲ… အဲဒီဆိုင်ကမတ်ပဲ ဗယာကြော်ကတော့ မန်းလေးမြို့မှာအကောင်းဆုံးလို့ကျွန်တော်ထင်ပါတယ် … မုန့်တီနဲ့ဘယာကြော် တွဲဖက်စားချင်တယ်ဆိုအဲဒီဆိုင်မှာသွားစားပါ … အကြော်ကနေမြင့်ရင်မရနိုင်တာမို့စောစောသွားမှတော်ကာကျမှာပါ … အဲဒီဆိုင်က ဆီထမင်းနဲ့ဆိတ်သားကြော်လည်းအရမ်းကောင်းတယ်လို့ညွှန်းပါရစေ….
    ~~~~~~~~~~~~~~~~~~~~~
    ၆၆လမ်း ၂၆ ၂ရကြားက ရွှေပြည်မိုးဆိုင်က မုန့်တီလည်းစားကောင်းတာမို့ သူ့ဆိုင်ကိုလည်းညွှန်းပါရစေ … အဲဒီဆိုင်က ခနုံထုတ် ဆိုတဲ့ကြက်ဥအသားလိပ်ကလေးလဲ ကောင်းတယ်လို့ .. ရွှေပြည်မိုးဆိုင်တွေထဲမှာ ၆၆လမ်းဆိုင်က မုန့်တီကိုကျွန်တော်ကတော့ သဘောကျမိပါတယ်…
    ~~~~~~~~~~~~~
    စိုးစိုး မုန့်တီ ၈၄ ၈၅ ကြား ၃၁ ၃၂ ကြားမှာပါ အရသာကောင်းပါတယ် … အကြွပ်ကြော်လေးနဲ့တွဲစားတာကြိုက်လှပေါ့ ဆီသုံးတာများလှသမို့ စားတိုင်းဆီလျှော့ထည့်ဖို့ပြောမှအနေတော်လောက်ပါ… မြို့ထဲဈေးချိုအနီးဆိုတော့ လူစည်ကားတဲ့ပတ်ဝန်းကျင်မို့ စောစောသွားမှကားရပ်နားဖို့အဆင်ပြေမှာပါ…
    ~~~~~~~~~~~~~

  • Mike

    September 30, 2015 at 10:10 am

    .ဒီပို့စ်ပြန်တက်လညလို့ဝင်က ျိမိတာ ဗိုက်ပါဆာသွားတယ်…လူဇိုးမ :))

  • Ma Ei

    September 30, 2015 at 11:04 am

    နန်းကြီးသုပ်ပုံတွေ သူပုန်ဝင်တုံးက ကျန်တာလား
    ခုမှ အသစ်ပြန်ထည့်ထားတာလားဟင်…

    • ဇီဇီခင်ဇော်

      September 30, 2015 at 12:27 pm

      သူပုန်ဝင်တုန်းက အကုန်ပျက်တယ် မွအိ။
      ဖြစ်ချင်တော့ ရုံးက ကွန်ပူတာ ဂွမ်းတဲ့ထဲ ပုံတွေပါသွားပြီ။
      အိမ်ကဟာတွေက စိတ်ချရပြီဆိုပြီး ဖျက်လိုက်တာ။
      ဒါက ဖေ့ဘုတ်ထဲကဟာပြန်ယူပြီး တင်တော့ ဝါးကုန်တာ။
      ဟီးဟီးးး
      ခု ပြန်လုပ်စားပြီး ပြန်ရိုက်ရအူးမယ်။
      ဟိ

      ကိုယ့် ပို့(စ) က ပုံတွေတော့ တတ်နိုင်သမျှ လိုက်ပြန်ဖြည့်ထားတယ်။
      ခိခိ

      :k:

  • ဇီဇီခင်ဇော်

    September 30, 2015 at 12:28 pm

    ခင်ညာ။
    မဒမ်မိုက်ကို ဘေးထားပြီးး ဒီထဲ လိုက် ဗိုက်ဆာနေတဲ့ မိုက်မိုက်။

    ဆက်ဆက်
    မန်းလေးသွား အဝ စားးး

    :mrgreen:

Leave a Reply