Khaing KhaingJuly 13, 20121min38429
ကျွန်မက မျက်နှာပေါင်းတင် ဆံပင်ပေါင်းတင် ခေါင်းလျှော်တာတွေကို အမြဲတမ်းလုပ်လေ့လုပ်ထ မရှိခဲ့ပါဘူး …… ဘာကြောင့်လဲဆိုတော့ အချိန်မရတာရယ် ငွေကြေးအကုန်အကျမခံနိုင် တာရယ်ကြောင့် တစ်လတစ်ခါ တစ်ခါတစ်လေ စိတ်ညစ်စိတ်ရှုပ်နေချိန်တွေမှသာ ဆိုင်ကိုသွားဖြစ်တယ် ….. ဆိုင်သွားပြီး မျက်နှာလေးပေါင်းတင် ခေါင်းလေးလျှော်လိုက်ရင် လူကပေ့ါ ပါးသွားသလိုခံစားရတယ် .. ဆိုင်မှာက သေချာနှိပ်ပေးနှယ်ပေးတော့ ဇိမ်ရှိတာပေ့ါ …… ခေါင်းကို အမြဲတော့မလျှော်ရဲဘူး ရောဂါဖြစ်မှစိုးတယ် …… ကျွန်မဧပြီလကုန်ကတည်းက ယခုဇူလိုင်လအထိ ဆိုင်မသွားဖြစ်ခဲ့ဘူး မျက်နှာမှာ အဖုတွေပေါက်နေတော့ ဆိုင်သွားပြီးမျက်နှာလေးပေါင်းတင်မယ် ဇိမ်လေးခံချင်တာနဲ့ ရုံးမှာ သူငယ်ချင်းတစ်ယောက်နဲ့ အဖော်ညှိဖြစ်တယ် …….. သူကဒိန်ချဉ်နဲ့တင်တဲ့နေရာရှိတယ် တို့သွားတင်ကြမယ်လေလို့ ကျွန်မကိုပြောလာတယ် ကျွန်မလည်း အချိန်သိပ်မရှိတော့ ရုံးနဲ့နီးတဲ့မြို့ထဲကိုပဲ ရုံးအပြန်သွားကြမယ်လို့ ကတိပေးထားလိုက်တယ် ….. ဒီလိုနဲ့ နှစ်ယောက်သား ချီတက်လာခဲ့တယ် ပေါင်တင်တဲ့ဆိုင်ရောက်တော့ သူကအောက်မှာ […]