Phaung PhaungMay 29, 20121min41320
လူ့လောကထဲကို လူရယ်လို့ရောက်လာခဲ့ရင် တနေ့တော့ ဇရာဆိုတဲ့ အိုခြင်းတစ်ရားကို ရင်ဆိုင်ရစမြဲပါပဲ။ မိမိကိုယ်တိုင်လည်း ဘဝမှာဖြတ်သန်းရင်း တွေ့နေရတဲ့ အဘိုး/အဘွား အရွယ်တွေ ဇရာကိုဘယ်လိုအန်တုနေသလဲဆိုတာကို အမြဲသတိထားလေ့လာနေမိပါတယ်။ တစ်ချို့တွေလည်း အင်မတန်မှ အိုဇာတာကောင်းပါတယ်။ တစ်ချို့ကျတော့လည်း သနားစရာ ကောင်းလောက်အောင်ဘဝကိုရုန်းကန်နေရတုန်းပါပဲ။ ကျွန်မ သွားရင်းလာရင်းတွေ့နေရတဲ့ လမ်းမပေါ်ကအဘိုး/အဘွားတွေကတော့ ရုန်းကန်နေရ ဆဲပေါ့။ ဗန္ဓုလလမ်းပေါ် ဆူးလေဘုရားနားက အသက်75 ကျော်လောက်ရှိတဲ့ အဘွားတစ်ဦးဆိုရင် မြေပဲလှော်ရောင်းပြီး အသက်မွေးနေရတုန်းပါ။ မနက် 8း30 လောက်ဆို ရင် သူဈေးခင်းနေပါပြီ။ ဖြူဖျော့ဖျော့အသားအရေမှာ သနပ်ခါးဘဲကျားလေးလူးထားပါတယ်။ ဘေးနားမှာ ပီနံအိတ်/ကျွတ်ကျွတ်အိတ်နဲ့ထုတ်ထားတဲ့ သူ့ရဲ့ပစ္စည်း တွေကိုနေရာချ၊ မီးဖိုလေးနဲ့မီးမွှေး၊ ပြီးရင် ဒယ်အိုးတင်/ အိုးထဲကိုသဲထည့်ပြီး သဲူပူလာပြီဆို ရင် မြေထဲတွေထည့်ပြီးလှော်ပါတယ်။ ကျက်သွားတဲ့မြေပဲတွေကို စက္ကူကန်တော့လေးနဲ့ ထည့်ပြီး ဝယ်သူကိုမျှော်ရင်း အရည်တွန့်နေပြီဖြစ်တဲ့လက်တစ်စုံကလည်း မြေပဲအိုးကို […]