ပန်ကာမှာ တဖျပ်ဖျပ်ဖြင့် ကိုရင်ရှူံးခေါင်းထက်တွင်လည်နေသည်။ မစို့မပို့လေလေးအနည်းငယ်ပေးနိုင်ရေးအတွက် သူ့ခမျာ ချာချာလည်အောင်လှည့်နေရသည်ဟု မဆီမဆိုင်တွေးမိသည်။ ခံစားချက်နုပုံများပြောပါတယ်… လူနှင့်တောင်မလိုက်။ ဆိုတော့ကာ နာရီလက်တံမှာလည်း မနက် ၃ နာရီစွန်းစွန်းကို အတော်လေး ကျော်ခွသွားနေပြီဖြစ်သည်။ အခန်းထဲတွင်မတော့ ကိုရင်ရှူံး၊ ဆေးလိပ်ငွေ့များနှင့် ကွန်ပျူတာတစ်လုံး သက်ဝင်လှုပ်ရှားနေသေးသည်။ ပါတ်ဝန်းကျင်တွင်မတော့ အရာရာ တိတ်ဆိတ်ငြိမ်သက်လျက်သား။ လူအများကြားတွင် နေထိုင်ရမည်ကို ရှက်ရွံ့နေသည့် ကိုရင်ရှူံးအဖို့မှာမူ ပွဲတော်ကြီးတစ်ခုထဲတွင် ရောက်နေသည့်အလား၊ လွန်စွာမှပင် ပျော်ရွှင်ကြည်နူး နှစ်သက်ခြင်းဖြစ်မိလေတော့သည်။ လူတွေများ အတော်လေးခက်ပါ၏။ ရေနစ်သူ ဝါးကူထိုး၊ အားနည်းသူ အနိုင်ကျင့်ချင်ကြပြန်သေး၏။ အနိုင်ရနေသူများအဖို့မူကား တစ်ချို့ကား အနိုင်ရနေခြင်းကို ဝမ်းသာကျေနပ်အားရခြင်းဖြစ်၏။ တစ်ချို့ကား ဘာမှအရေးမကြီးသည့် ပုံမှန်ဖြစ်ရိုးဖြစ်စဉ်အနေနှင့်သာ ခံစားကြ၏။ တစ်ချို့မှာကား… အနိုင်ယူလိုက်မိလေခြင်းဟု များစွာ စာနာသနားခြင်းဖြစ်တတ်သည်။ ခံလိုက်ရသူအဖို့မှာကား တစ်သက်တာ မှတ်သားစရာဖြစ်နေသည်ကို စိုးစဉ်းမျှ […]