လင်းဝေDecember 1, 20111min18612
ရန်ကုန်မှာ ဂုံးကျော်တံတားတွေ ၄လ အတွင်း အပြီး ဆောက်မယ် ဆိုတဲ့ သတင်းက ရန်ကုန်ကို စကာင်္ပူလို လုပ်ဖို့ ဆိုတဲ့ ခေါင်းစဉ်နဲ့ အလဲဗင်းမှာ ပါလာလို့ ဒီမန်းဂေ မှာတောင် ကူးတင်ပြီးသွားပါပြီ။ သတင်းကို အကျယ်မပြောလိုပါဘူး။ စေတနာအလွန်ကောင်းပါတယ်။ အမှန်ကို မြင်ပြီး စေတနာထား လို့ ကြိုးစားမယ့် အစီအစဉ်ပါ။ ကြိုဆိုရမှာပေါ့။ ဒါတွေက လုပ်သင့်နေတာကြာလှပြီလေ။ တစ်ခါတုန်းက နိုင်ငံခြားသား မိတ်ဆွေတစ်ယောက်က မေးဖူးတယ် မြန်မာပြည်မှာ ဥမင်လမ်းရှိသလားဆိုတော့ မျက်နှာငယ်စွာနဲ့ပဲ မရှိပါဘူးလို့ ပြောရတာပေါ့။ မိုးပျံလမ်းတွေလည်း မရှိသလောက်ပါပဲ၊ ဂုံးကျော်တံတားတွေတော့ မီးရထား လမ်းတွေကို ကျော်ဖို့ဆောက်ထားတာ ရှိပါတယ်။ တိုကျိုမြို့ကြီးတောင် ပထမဆုံးမိုးပျံလမ်းကို ၁၉၆ဝနှစ်များလောက်မှ စပြီး ဆောက်ခဲ့တာပါ။ ရန်ကုန်လည်း နောက်မကျသေးပါဘူး။ လက်ရှိအချိန်က အကောင်းဆုံးဆိုတာမျိုးပေါ့လေ။ […]