black chawNovember 20, 20111min35824
ထုံးစံအတိုင်း ဘလက် တစ်ယောက် ကတုံးခေါင်းသန်းရှာတယ်ပဲမှတ်ပါဗျာ။ ထုံးစံအတိုင်းပါပဲ စာအုပ်တစ်အုပ်ဖတ်ပြီး ရလာတဲ့ အတွေးဆိုတာ ဝန်ခံပါတယ်။ အခုတလော ဓါတ်ကျနေပါတဲ့ ကျင့်ဝတ် အကြောင်းပဲဖြစ်ပါတယ်။ သိတ်ခေါင်းစားလောက်တာမျိုးတော့ မဟုတ်ပါဘူးဗျာ။ ဝိုင်းဆွေးနွေးချင်တာ လေးပါ။ ထူးချွန်ထက်မြက်သူူ  ဖြစ်အောင် သင်ကြားပေးလို့ ရပါတယ်။ ဟုတ်တယ်နော် ။ ကျွန်တော် လက်ခံပါတယ်။ ခင်ဗျားတို့လည်း လက်ခံမယ်ထင်မိတယ်။ ကျင့်ဝတ်စောင့်ထိန်းသူ ဖြစ်အောင် လေ့ကျင့်သင်ကြားပေးလို့ ရပါသလား။ ကျင့်ဝတ်စောင့်ထိန်းသော ထူးချွန်ထက်မြက်သူ ဖြစ်ဘို့ လေ့ကျင့်သင်ကြားပေးလို့ ရနိုင်ပါသလား။ စာအုပ်ထဲမှာ ပါတာကတော့ ထူးချွန်ထက်မြက်သူ ဖြစ်ဘို့ ဦးနှောက်ထဲ တတ်သင့်တတ်ထိုက်တာတွေ ရိုက်သွင်းပေးလို့ လွယ်ပါတယ်တဲ့။ ကျင့်ဝတ်စောင့်ထိန်းဘို့ကျတော့ နှလုံးသားထဲရိုက်သွင်းရတာမျိုး ဖြစ်လို့ မလွယ်ပါဘူးတဲ့။ ခင်ဗျားတို့ရော ဘယ်လိုမြင်ကြလဲ။ ဘလက်က သိချင်နေမိပါတယ်ဗျာ။


black chawNovember 19, 20111min29014
မနေ့က ကျွန်တော် ဖတ်ဖြစ်အောင်ဖတ်ပြီး ဖြေကြည့်ပေးကြဘို့ ဆိုတဲ့ ပို့စ်လေးတင်ဖြစ်ပါတယ်။ အဲဒီပို့စ်က စာအုပ်လေးတစ်အုပ်ထဲက ဇာတ်လမ်းလေးကို ပြန်ပြောပြပြီး မေးခွန်းမေးခဲ့တာပါ။ စာအုပ်လေးရဲ့နာမည်က “ မန်နေဂျာ နှင့် လုပ်ငန်းခွင် ကိုယ်ကျင့် သိက္ခာ ” ပါ။ တူဒေးအယ်ဒီတာ အဖွဲ့က ဘာသာပြန်ပြီး ထုတ်ဝေခဲ့တာပါ။ စာအုပ်ထဲမှာပါတဲ့ ဇာတ်လမ်းလေးတစ်ပုဒ်ကို အမြည်းအဖြစ် ဆက်ရေးပြချင်ပါသေးတယ်။  “ လူတိုင်းလည်းလုပ်နေကြတာပဲ၊ အရေးမကြီးပါဘူး သားရယ် ” ဆိုတဲ့ ဆောင်းပါးလေး ကိုပြောပြချင်ပါတယ်။ သုူငယ်ချင်းနှစ်ယောက် စကားပြောနေကြတာပါ။ တစ်ယောက်က တစ်ယောက်ကိုပြောပြနေတယ်လို့ မှတ်ပေးပါ။ ဂျော်နီဆိုတဲ့ ကလေးတစ်ယောက်ပေါ့။ ခြောက်နှစ်သားအရွယ်မှာ သူ့အဖေမောင်းတဲ့ကားပေါ်လိုက်သွားရင်း မိုင်နှုန်းပိုမောင်းမှုကြောင့် သူအဖေကို ရဲကအရေးယူတဲ့ အဖြစ်ပျက်တစ်ခု ကြုံခဲ့ဖူးတယ်။ သူ့အဖေက ရဲအရာရှိကို လိုင်စင်နဲ့ အတူဒေါ်လာနှစ်ဆယ်တန်တစ်ရွက်ပေး လိုက်တယ်။ […]


black chawNovember 17, 20111min34644
အောက်မှာပါတဲ့ ဇာတ်လမ်းလေးကို ဖတ်ကြည့်ပြီး အကြံဉာဏ်လေး ပေးနိုင်ရင် ပေးကြပါလို့ တောင်းဆိုပါရစေ။ “ ကျွန်တော်က ကုမ္ပဏီကြီးတစ်ခုရဲ့ အရောင်းဌာနက  မန်နေဂျာပါ။ လုပ်ငန်းကလည်း အင်မတန် အပြိုင်အဆိုင်များတဲ့ လုပ်ငန်းမျိုးဖြစ်နေတော့ အခက်အခဲကြုံရတဲ့ အချိန်တွေကလည်း အများကြီးဖြစ်နေတော့တာပေါ့။ ကျွန်တော့်ဌာနမှာ ခြောက်လနီးပါးလောက် ဆက်တိုက်အရောင်းထိုင်းနေပြီး အထက်လူကြီးကလည်း အရောင်းတက် အောင် လုပ်ပါ လုပ်ပါ နဲ့ ဖိအားတွေ ပေးလှပါပြီ။ အဲဒါကြောင့် ကျွန်တော့်မှာ အတွေ့အကြုံအများကြီးရှိတဲ့ အရောင်းသမား ကောင်းတစ်ယောက်ကို ဌာနမှာ အားဖြည့်ဖို့အတွက် တစ်လလောက်ကြာအောင်ရှာနေခဲ့ရတာပါ။ လွန်ခဲ့တဲ့သုံးရက်လောက်ကတော့ အလားအလာ အလွန်ကောင်းမယ်လို့ ထင်ရတဲ့ လူတစ်ယောက်ကို ကျွန်တော် လူတွေ့ စစ်ဆေးခဲ့ပါတယ်။ အဲဒီလူဟာ ကျွန်တော့်ရုံးခန်းထဲကို ဟန်ပန်အပြည့်နဲ့ ရဲရဲဝံ့ဝံ့ ဝင်လာခဲ့တာပါ။ သူဝင်လာတာကို စတွေ့လိုက်ကတည်းက ငါလိုချင်တာ ဒီလိုလူမျိုးပဲဆိုတဲ့ […]