အတိတ်ဟောင်းကိုပြန်ပီးတူးဆွခွင့်ပြုကြပါအုန်းအရပ်ကတို့….. တစ်နေ့သောအခါက တစ်ညနေခင်းပေါ့…ကျွန်တော်လည်းရန်ကုန်ကမိဘတွေဆီ ပြန်လာခိုက်မင်္ဂလာဒုံ ဝါယာလက်ကားဂိတ်မှာပျင်းပျင်းရှိတာနဲ့ ကွမ်းတစ်ယာဝါးရင်း ထိုင်ငေးနေခဲ့မိတယ်…ဒီအချိန်မှာဘဲ..ကျွန်တော့အနီးမှာ တွေ့ခဲ့ရတဲ့ အဖြစ်အပျက်လေးပါ… ကားစောင့်နေတဲ့ ပုံနဲ့သားအမိနှစ်ယောက်ကိုသတိပြုမိခဲ့တဲ့ အတွက်… ဒီဘဝသရုပ်ဖေါ် ဇတ်ထုတ်ကလေးတစ်ခုဖြစ်ပေါ်လာခဲ့ရပါတယ်… ခံစားရလွန်းလို့ တတ်သလောက်မှတ်သလောက် အရေးအသားလေးနဲ့ မှတ်တမ်းတင်ခဲ့မိပါတယ်… “အဆာပြေ” ၉၊၂၉၊၅၁၊ ဘတ်စ်ကား တစ်စီးပြီးတစ်စီးသာဝင်လာတယ်..အကိုတစ်ယောက်မပါလာဘူး… ကြည့်ရင်းကြည့်ရင်း မစိန်မ ဝမ်းနည်းလာတယ်..ဘေးကိုကြည့်မိတော့လဲ ခုံတန်းပေါ်ထိုင်ပြီး ဘိန်းမုန့်ကို ဝါးရင်းငိုနေတဲ့ သမီးလေး”ရတနာ”ကိုမကြည့်ရက်စရာ တွေ့ရပြန်တယ်..ဘိန်းမုန့် က မနက်အစောကြီးကတည်းကကျန်တာမို့ တော်တော်ခြောက်နေလေတော့ သမီးခမျာ မနဲဝါး နေပုံရပါတယ်..ဗိုက်ဆာလွန်းလို့သာ သမီးလေးက အားခဲပြီးဝါးနေတာပါ..အရသာတွေ့ပုံတော့ မပေါ်ပါဘူး..ဟော..ဟော..ပြောရင်းဆိုရင်းလေလင် ၂၉ ကားတစ်စီးဆိုက်လာပြီ အကိုတော့ ပါတန်ကောင်းပါရဲ့..ခုနစ်နာရီတောင်ခွဲလောက်ရောပေါ့..အင်း..လူတွေတော့ပြည့်ကြပ်လို့ပဲ ဗိုက်ထဲကဆာလောင်လို့မြည်ဟည်းနေတဲ့ အသံတွေတောင် တဒင်္ဂ တိတ်သွားသလိုပဲ..အော်.. သမီးလဲ ကားသံကြားလို့ထင်ပါရဲ့..ဘိန်းမုန့်လက်ကျန်ကို အသာကိုင်ထားရင်း ကားကိုစူးစူး စိုက်စိုက်ကြည့်နေလေရဲ့..ဟော..ဟော..ဟုတ်ပါပြီ..အစ်ကိုမှအစ်ကိုပါ..မနက်ကဝတ်သွားတဲ့ ပုဆိုးအနက်ကွက်ကလေးနဲ့ သတ္တုထမင်းချိုင့်လေးဆွဲလို့ […]