“ဘာရယ်မဟုတ် စိတ်ထဲမှတ်မှတ်ရရနဲ့ မတွေ့တာလည်းနှစ်နဲ့ချီပြီဖြစ်တဲ့ ဆရာတစ်ယောက်အကြောင်း သတိရ အောင့်မေ့စွာနဲ့ ရေးမိရေးရာရေးလိုက်တဲ့ သဘောပါ။” စာတွေရေးရတာကို ဘယ်အချိန်ကစပြီး ပျော်ခဲ့တာပါလိမ့်?…။ ခုလို internet မသုံးတတ်သေးခင်တုန်းက ကိုယ့်ဘာသာ ဝတ္ထုတွေ၊ ကဗျာတွေ ပေါက်တတ်ကရတွေပေါ့ လျှောက်ရေး၊ ညီမလေးနဲ့ အရမ်းခင်တဲ့ သူငယ်ချင်း တစ်ချို့ကို ဖတ်ချင်ချင်၊ မဖတ်ချင်ချင် အတင်းပေးဖတ်ခဲ့ဖူးတယ်။ အစတုန်းကတော့ အဖေအမေက ဟုတ်တာလည်းမဟုတ်ဘဲ စာရွက်ဖြုန်းတီးတယ်ဆိုပြီး မျက်စိစပါးမွှေးစူးခဲ့တာပေါ့။ နောက်တော့လည်း “အရူး”လို့ သတ်မှတ်ပြီး ဘာမှမပြောတော့ပါဘူး။ ကျောင်းတစ်ဖက်၊ တစ်ခြားသင်တန်းတွေတစ်ဖက် ကျောင်းပြီးတော့ အလုပ်ထဲ တန်းဝင်ခဲ့တာမို့ ကဗျာတွေကို နည်းနည်းပါးပါးရေးဖြစ်ခဲ့ဖူးပေမယ့် ဝတ္ထုတွေကတော့ အပြီးသတ်နိုင်ခဲ့တာတော်တော်ရှားပါတယ်။ မကောင်းတာတွေက များလွန်းလို့ ကိုယ့်ဘာသာစိတ်ပျက်ရတာလည်း တော်တော်များပါတယ်။ အင်း… ပြောရင်းနဲ့ လိုရင်း အံချော်နေပြန်ပါပြီနော်။ ပြောပြချင်တာက… ဒီလို စာတွေ […]