weiweiDecember 14, 20101min33020
မီးဖိုမလို ဒယ်အိုးမလိုတဲ့ အလွယ်နည်းတစ်မျိုးဖြစ်ပါတယ်။ ငရုတ်သီးပွကို ရေစေးပြီး အစေ့ထုတ်ထားလိုက်ပါတယ်။ ဝက်သားကြိတ်ပြီးသားကို ကြက်သွန်ဖြူ၊ နီ၊ ဂျင်း၊ ဆား၊ ကော်မှုန့်၊ သကြားအနဲတို့နဲ့ သမအောင် နယ်ရပါတယ်။ ထို့နောက် ငရုတ်သီးပွထဲကို သွတ်ထည့်လိုက်တယ်။ ကြွေပုဂံကို ဆီအနဲငယ်သုတ်ပြီး ငရုတ်သီးအစာသွတ်ထည့်ပြီး မိုက်ခရိုဝေ့ထဲမှာ ၁၅ မိနစ် အပူပေးလိုက်ပါတယ်။ ၅ မိနစ်စီရပ်ပြီး ငရုတ်သီးပွကိုလှည့်ပေးပါတယ်။ ပြီးရင် စားလို့ရပါပြီ … ဒီအတိုင်း ဝက်သားပေါင်းစားသလို စားလို့ရပါတယ် … အလွန်လွယ်ကူပါတယ် …