bigbirdApril 24, 20111min530
ထိုင်းစစ်တပ်နဲ့ ကမ္ဘောဒီးယားစစ်တပ်တို့ နှစ်နိုင်ငံ နယ်စပ်မှာ အပြင်းအထန်တိုက်ပွဲဖြစ်ပွားနေပါတယ်။ ထိုင်းစစ်သား ၄ ဦးနဲ့ ကန်ပူးချား စစ်သား ၆ဦး ကျဆုံးသွားပြီးလို့ဆိုပါတယ်။ တစ်ဖက်နဲ့ တစ်ဖက် လက်နက်ကြီးများသုံး၍ အပြန်အလှန်ပစ်ခတ်နေဆဲရှိပါတယ်။ တိုက်ပွဲဖြစ်ပွားရာဒေသရှိ နှစ်ဖက်နိုင်ငံသားများကတော့ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ဆိုပါတယ်။


bigbirdApril 24, 20111min14010
ထိုင်းနိုင်ငံတောင်ပိုင်း လယောင်းမြို့တွင် ဒီကနေ့စိတ်ကြွဆေးအလွန်အကျွံသုံးစွဲရာမှ စိတ်ထိခိုက်စရာ လူသတ်မှုတစ်ခု ဖြစ်ပွားခဲ့ပါတယ်။ အသက်၃၈နှစ်အရွယ်ရှိ ဖခင်ဖြစ်သူဆေးကြောင်ရာမှ အသက် ၁ဝနှစ်ရှိသူသားကြီးဖြစ်သူနှင့် ၁ နှစ် ရ လ အရွယ်ရှိ သားငယ်ဖြစ်သူတို့အား ခေါင်းဖြတ်သတ်အပြီးမှာ မိမိကိုယ်ကို သတ်သေသွားသည်ဟု ဆိုပါတယ်။ ထိုသို့ မသတ်သေမှီ စိတ်ရိုင်းဝင်နေသော ထိုသူအား ဝင်ရောက်ဖမ်းဆီးတားမြစ်ရန် ကြိုးစားကြသော ဇနီးဖြစ်သူနှင့် အိမ်နီနားချင်းတစ်ဦးတို့ပါ ဓါးဒဏ်ရာများဖြင့် ဆေးရုံသို့ပို့ဆောင်လိုက်ရသည်ဟု ဆိုပါသည်။ http://www.khaosod.co.th/view_newsonline.php?newsid=TVRNd016WXpNVEE1TVE9PQ==&sectionid=


bigbirdApril 23, 20111min53926
ထိုင်းနိုင်ငံ အံထောင်းမြို့မှာ ဒီကနေ့ လိင်တူမင်္ဂလာဆောင်တစ်ခု အောင်မြင်စွာ ပြီးဆုံးခဲ့ပြန်ပြီးလို့ ဆိုပြန်ပါတယ်။ သတို့သားက အသက် ၂ဝ ရှိပြီး သတို့သမီးက အသက် ၂ရ နှစ်ရှိတယ်လို့ဆိုပါတယ်။ သမီးရည်းစားသက်တမ်းက ၄ လ ရှိတယ်လို့ဆိုပါတယ်။ အောက်မှာ ဓါတ်ပုံတွေ ပြထားပေးပါတယ်။


bigbirdApril 21, 20111min17816
တရုတ်နိုင်ငံက ကြောင်မကြီးတစ်ကောင်ဟာ သားနှစ်ကောင်မွေးရာမှာ တစ်ကောင်သည် ခွေးကလေးဖြစ်နေတယ်လို့ဆိုပါတယ်။ ပိုင်ရှင်ဖြစ်သူဟာ ကြောင်နှင့်အတူ ခွေးလဲမွေးထားတယ်လို့ဆိုပါတယ်။ ကြောင်နဲ့ခွေးမျိုးစပ်ပြီး ပေါက်ဖွားလာတာများဖြစ်လေမလားလို့ တစ်ချို့ကထင်ကြေးပေးကြပါတယ်။ ဒါပေမယ့် တိရစာ္ဆန်ဆေးကုဆရာဝန်များကတော့ ဘယ်လိုမှ မဖြစ်နိုင်ကြောင်း..ဆိုကြပါတယ်။


bigbirdApril 18, 20111min32719
မနေ့က ထိုင်းနိုင်ငံ အန်ထောင်းမြို့မှာ အသက် ၁၂ နှစ်အရွယ် ညီမအရင်းဖြစ်သူအား အချိန်အတော်ကြာ အဓမ္မပြုကျင့်ခဲ့သော အကိုအရင်းဖြစ်သူ အသက် ၁၇၊ ၁၉ နှစ် လူယုတ်မာနှစ်ဦးအား ထိုင်းရဲကဖမ်းဆီးခဲ့တယ်လို့ဆိုပါတယ်။ ထိုခလေးမလေးမှာ ဘယ်သူမှမတိုင်ကြားရဲပဲ နေခဲ့ရာမှ နောက်ဆုံးဆီးသွားရန်ခက်ခဲသဖြင့် ဆေးရုံသို့သွားရာ ဆရာဝန်မှစစ်ဆေးတွေ့ရှိပြီး ရဲအားတိုင်ကြားခဲ့ခြင်းဖြစ်ပါသည်။ တရားခံများကလဲ ဝန်ခံကြပြီး မူးယစ်ဆေးဝါးကြောင့် ယခုကဲ့သို့ကျူးလွန်မိကြောင်း ဆိုပါတယ်။ မနက်ဖြန်တွင် တရားခံများအား တရားရုံးသို့ပိုဆောင်မှာဖြစ်ပြီး ထိုခလေးမအား စိတ်ဓါတ်ပြန်လည်ပြုစုပျိုးထောင်ရေးစခန်းသို့ပို့ဆောင်သွားမည်ဟုဆိုပါတယ်။ ထိုသူများ၏ အုပ်ထိန်းသူမည်သူမည်ဝါဖြစ်ကြောင်းဖော်ပြထားခြင်းမရှိပါ။


bigbirdApril 17, 20111min26818
ထိုင်းသင်္ကြန်မှာ အပျော်လွန်ကဲပြီး အပေါ်ပိုင်းလုံးဝချွတ်ကာ ကပြခဲ့သော မိန်းကလေးများအား ထိုင်းရဲမှ ဖမ်းဆီးဒဏ်ရိုက်ခဲ့တယ်လို့ဆိုပါတယ်။


bigbirdApril 17, 20111min43316
(၁)……..ဇာတ်လမ်းလေးအစမှာတော့ ကျွန်တော်ဟာဆင်းရဲချို့တဲ့မိသားစုက ကလေးငယ်လေးတစ်ယောက်ပေါ့။ နပ်မမှန်တဲ့ထမင်း မလောက်မငှတဲ့ထမင်းတွေကြားထဲမှာ ကြီးပြင်းခဲ့ရပေမယ့် ထမင်းစားချိန်ကိုရောက်တဲ့အခါတိုင်း ကျွန်တော့်ကို ထမင်းတွေပိုထည့်ပေးပြီး ” များများစားပါသားရယ်..အမေဗိုက်မဆာလို့ပါ” ပြောတာဟာ အမေကျွန်တော့ကို ပထမဦးဆုံးညာခြင်းပါပဲ။ (၂)……..ကျွန်တော်အရွယ်လေးရလာတော့ ခန္တာကိုယ်ဖွံ့ဖြိုးထွားကျိုင်းရန်အဟာရလိုအပ်တဲ့အရွယ်မို့ အားတဲ့အချိန်လေးမှာ အမေကိုယ်တိုင် မြစ်ထဲသွားပြီးဖမ်းခဲ့တဲ့ ငါးကို ဟင်းချိုလေး ချက်ကျွေးတုန်းက အသားတွေကို ကျွန်တော့ပန်ကန်ထဲထည့်ပေးပြီး အသားအနည်းငယ်ကပ်နေတဲ့အရိုးတွေကိုသာ စားနေတဲ့အမေကို ကျွန်တော်ကအသားတွေခွဲပေးတဲ့အခါမှာ အမေကငြင်းဆန်ပြီး ”သားပဲစားပါသားရယ်..အမေ အသားငါးသိပ်မကြိုက်လို့ပါ” ဆိုပြီး ၂ ကြိမ်မြောက် အမေ ကျွန်တော့ကိုညာခဲ့ပြန်ပါတယ်။ (၃)………….ကျွန်တော်ကျောင်းသားအရွယ်ရောက်လာတော့ ကျူရှင်တက်နိုင်ဖို့အတွက် ငွေပိုရရှိရန် စက်ရုံကအထည်တွေကို အိမ်ပြန်ယူလာပြီး ည ၂ နာရီလောက်ထိ ထိုင်ချုပ်နေတဲ့အမေကို အိပ်ပါတော့အမေရယ်..နက်ဖြန်လဲ အလုပ်ဆင်းရဦးမှာလို့ ကျွန်တော်ပြောတုန်းက ” သားအိပ်ပါသားရယ်..အမေအိပ်မငိုက်သေးလို့ပါ” လို့ ပြုံးပြုံးလေးပြန်ပြောခဲ့တာ ၃ ကြိမ်မြောက် ကျွန်တော့ကို အမေညာခဲ့တာပါ။ […]


bigbirdApril 16, 20111min753
Niue နိုင်ငံမှ အင်္ဂလန်တော်ဝင်မင်းသားနှင့် ကြင်ယာတော်တို့အတွက် ဂုဏ်ပြုထုတ်ရောင်းမယ့်တံဆိပ်ခေါင်းဟာ လူအများအတွက် ပြောစမှက်ဖြစ်နေပါတယ်။ သူတို့နှစ်ဦးပုံရဲ့ အလယ်ခေါင်မှာ ကွဲကြောင်းရာ ပါရှိနေတဲ့အတွက် နိမိတ်မကောင်းဘူးလို့ဆိုကြပါတယ်။ အမှတ်တရတံဆိပ်ခေါင်းဆိုပေမယ့် အခုလို အမှတ်တမဲ့ မလုပ်သင့်ဘူးလို့ ဆိုနေကြပါတယ်။


bigbirdApril 15, 20111min21619
ဖခင်ဖြစ်သူက သမီးဖြစ်သူကို ခေါ်ပြီးပြောတာကနေ စကြရအောင်…. ဖခင်။ အဖေ.သမီးကိုတစ်ခုပြမယ်.အရေးကြီးတယ်နော်.. ပြီးတော့ ဖခင်ဖြစ်သူက တစ်စုံတစ်ခုကို အင်္ကျ ီအိပ်ထဲကနှိက်ပြီး လက်ထဲဆုပ်ကိုင်ထားလိုက်ပါတယ်။ ဘာလဲဆိုတာသိချင်လားလို့သမီးဖြစ်သူကိုမေးတယ်။ သမီးဖြစ်သူက ခေါင်းညှိက်တဲ့အခါမှာတော့ ဒါဆို သမီး ထိုင်ထ ၁ခေါက်လုပ်.. သမီးဖြစ်သူက ထိုင်ထ လုပ်လဲပြီးရော ဖခင်ဖြစ်သူက ၃ ခေါက်လုပ်မှပြမယ်လို့ဆိုပြန်တယ်။ သမီးဖြစ်သူလုပ်လဲပြီးရော ၅ ခေါက်လုပ်မှပြမယ်လို့ဆိုပြန်တယ်။ သမီးဖြစ်သူကလဲ ၅ခေါက်လုပ်ပြန်ပါတယ်။ ပြီးတော့ ဖခင်ဖြစ်သူက ၁ဝ ခေါက်အထိ ဆိုလာပြန်တယ်။ ထိုအခါ သမီးဖြစ်သူက ၁ဝခေါက်လုပ်ပြီးတော့..အဖေရယ် သမီးကို ဘာလဲဆိုတာသိအောင်ပြပါတော့လို့ဆိုတယ်။ အဲ့ဒီတော့မှ ဖခင်ဖြစ်သူက လက်ထဲမှာဆုပ်ကိုင်ထားတာလေးကိုဖွင့်ပြလိုက်တော့ အကြွေတစ်မတ်စေ့ ဖြစ်နေတယ်။ အဲ့ဒီအကြွေစေ့လေးကိုပဲ လက်ထဲမှာနောက်တစ်ခေါက်ပြန်ဆုပ်ကိုင်လိုက်ပြီးတော့ သမီးဖြစ်သူကို ထိုင်ထ ၁ဝ ခေါက်လုပ်ရင်ပြမယ်လို့ပြောတယ်။ သမီးဖြစ်သူက မတွေ့ချင်ပါဘူး.. သမီးတွေ့ပြီးပြီပဲဟာ..လို့ပြန်ပြောလိုက်တယ်။ ထိုအခါ […]