thit minNovember 19, 20121min55855
    ကံ ဆိုးတယ်လို့ ပြောနေကြတာနဲ့ ပါတ်သက်လို့ အတွေး တခု ရတယ်။ လက်ရှိအနေအထားက သူတောင်းစားဘဲ ဖြစ်ဖြစ်၊သူဌေးသားဘဲ ဖြစ်ဖြစ်၊ သူ့ဘဝကို သူကျေနပ်တယ်၊ ပျော်ရွှင်နိုင်တယ် ဆိုရင် အဲဒါ သူ့အတွက်အကောင်းဆုံးဘဝ ပါဘဲ။ အဲ ..မကျေနပ်ဘူး၊ မပျော်ရွှင်နိုင်ဘူး ဆိုမှ “ကံ” ဆိုးလိုက်တာလို့ ပြောတတ်ကြတယ် ဆိုတာပါ။ ~~~~~~~ သူ့ဘဝသူ ပျော်ရွှင်ကျေနပ်နေတဲ့ အဖြစ်အပျက်လေး ပြောပြပါ့မယ်။ တခါက ဗဟန်းဘက်မှာ ဒေါ်နု ဆိုတဲ့ အဖွားကြီးဟာ မြေကွက်အကျယ်ကြီးပိုင်ပါတယ်။ သူ့မြေကွက်ကို ခြံတွေခတ်ပြီး (အကွက်ရိုက်ပြီး) ရောင်းပါတယ်။ အဲဒီလိုနဲ့ သူ့မြေကွက်ကြီးထဲမှာ ကိုယ်ပိုင်ခြံနဲ့ အိမ်လေးတွေ အစီစီအရီရီ ပေါ်လာခဲ့ပါတယ်။ ဗြိတိသျှ ကိုလိုနီ ခေတ်ဆိုတော့ အဲဒီ အိမ်တွေအပါအဝင် အဲဒီ ဒေါ်ဒေါ်နု […]