black chawJanuary 31, 20124min36454
မနေ့က ကျွန်တော်တင်ခဲ့သော ဒဂုံ တက္ကသိုလ် ပို့စ်မှာ သူကြီး ပေးခဲ့သော ကွန်းမန့်အတွက် ဒီနေ့ ကျွန်တော် နာမည်ကျော် သမိုင်းဝင် မူလလက်ဟောင်း ရန်ကုန်စက်မှုတက္ကသိုလ် ကြီးထဲသို့ ယောင်လည်လည် နှင့် အရောက်သွားခဲ့ပါသည်။ ယောင်လည်လည် နှင့်ဆိုတာ စက်မှုတက္ကသိုလ်ထဲသို့ ကျွန်တော်တစ်ခါမှ မရောက်ဘူးသောကြောင့်ဖြစ်ပါသည်။ ကျောင်းကြီးက ကျွန်တော်ထင်ထားတာထက် ခမ်းနားကြီးကျယ်လွန်းလှပါသည်။ သူကြီးပြောခဲ့သော စွယ်တော်ပင်တွေကတော့ နာဂစ်ရဲ့ နှိမ်နင်းခြင်းကို ခံရကာ တစ်ပင်တစ်လေတောင် မတွေ့ရတော့ပါ။ သို့သော် ဆိုဗီယက်ခေတ် လက်ရာတစ်ခုဖြစ်သည့် ရန်ကုန်စက်မှုတက္ကသိုလ် ကြီးကို ကိုယ်စွမ်းဉာဏ်စွမ်းရှိသလောက် ဓါတ်ပုံ ရိုက်ခဲ့ပါသည်။ မြန်မာပြည်ထဲမှ ရန်ကုန် စက်မှုတက္ကသိုလ် ကျောင်းဆင်းများ နှင့် ပြည်ပရောက် ရန်ကုန် စက်မှု တက္ကသိုလ် ကျောင်းဆင်းများ အားလုံးအတွက် အလွမ်းပြေ ပေါ့ခင်ဗျာ။ ှု