ကြောင်လေးSeptember 23, 20121min20510
“ဒါဆိုလဲမယ်ဆရာရယ်…   အဲဒီပင်နယံ(gear)တွေကိုအကုန်လဲပစ်မယ်၊ ဟိုတစ်ခါကပိုက်ဆံမလောက်လို့ ပြန်သုံးထားတာ……. ဒီတခါဂျင်ဒေါင်းအော်ဒဂျင်(original)တွေဝယ်လဲလိုက်တော့မယ်……” “ဟ….မောင်ကြောင်ရဲ့ မင်းပင်နယံအစုံလိုက်လဲလိုက်ရုံနဲ့ အင်းအင်ဂျင်ကောင်းသွားမယ်ထင်လို့လားကွ..” “ဟင်…..စက်ဆရာပြောတော့ ကော်ပရေးရှင်းကောင်းတယ်၊  ရိန်းနဲ့စလစ်ကောင်းသေးတယ်ဆို……မိန်းဘယ်ရင်လဲသုံးလို့ရနိုင်သေးတယ်ဆိုတော့ ဒီဂီယာတစ်စုံလဲလိုက်ရင်မကောင်းနိုင်ဘူးလား………” “ခဏတော့ကောင်းမှာပေါ့…….ဒီပင်နယံတွေ ဘာလို့ ဒီလောက်စားသွားသလဲဆိုတဲ့အပစ်ကို မရှာတော့ဘူးလား……..ဒီတိုင်းပြန်လဲထည့်လိုက်ရင် ဒီပင်နယံတွေ ဒီလိုပဲပြန်စားမှာပေါ့……” “ဟင်…….ဒါဆိုဘယ်လိုလုပ်ရမလဲ….” “မင်း ပင်နယံတွေနဲ့ ကာဗာထဲကိုသေချာကြည့်စမ်း…..ဘာထူးသလဲလို့” “ဘာထူးသလဲဆရာ၊ ဘာကိုကြည့်ရမှာလဲ….ကျနော်တော့မသိဘူး……” “ပင်နယံနဲ့ ကာဘာထဲမှာ ဆီက ရွှဲမနေဘူး၊ နဲနဲပဲရှိတယ်၊ ဆီခြောက်နေတယ်လို့ပြောလို့ရတယ်……” “ဒီဇယ်ကိုပြောတာလားဆရာ……” “မဟုတ်ဘူးကွ…..ဒီနေရာမှာ ဆီဆိုတာ ချောဆီ၊ အင်ဂျင်ဝိုင်(engine oil) ကိုပြောတာ၊ အလွယ်တကူ ဆီတို့၊ဆီလိုင်းတို့ ဆီပိုက်တို့၊ဆီပန့်တို့ အဲလိုပဲပြောမယ်……..အင်ဂျင်တစ်လုံးမှာရှိတဲ့ အစိ်တ်အပိုင်းတွေဟာ သံကိုသံခြင်း ကြိတ်ပြီးလည်နေကြတာကွ…ဟုတ်တယ်မလား” “ဟုတ်ကဲ့စက်ဆရာ” “အဲဒီတော့ သံအချင်းချင်းပွတ်လည်တဲ့အခါမှာ ကြာလာရင် အပူတွေထွက်လာမယ်၊ ပွတ်တိုက်မှုကြောင့် သံတွေစားလာမယ်၊ပါးလာမယ်ကွာ၊ အဲဒီတော့ ရေရှည်လည်နိုင်အောင် ချောဆီထည့်ပေးရတယ်လေ..လူတွေတောင် ချောဆီကြိုထွက်ပေးရတာ […]


ကြောင်လေးSeptember 22, 20121min3079
အင်ဂျင်   ဒုတ်……. ဒုတ်…….ဒုတ်……. ဒုတ်……. ဒုတ်……. ဒုတ်……. ဘုတ်…… ဘုတ်……ဘုတ်……ဘုတ်……ဘုတ်…… ဘုတ်…… ရေဇလာတကြော၊ ဗေဒါတွေမျောနေတဲ့ ရေလွှာရဲ့ကျောပေါ်မှာတော့ ပဲ့ထောင်လို့ခေါ်တဲ့ အမြီးနှစ်ခွနဲ့ စက်တပ်ရေယာဉ်လေးတစ်စင်းဟာ ကျော့ကျော့မော့မော့လေးပြေးလွှားလို့နေပါတယ်။ ပဲ့ထောင်လို့ သာခေါ်ပေမဲ့တကယ်တော့ ဦးကမော့ပြီးထောင်နေတာပါ။ ပဲ့ပေါ်မှာတော့  တရုတ်နီ အင်ဂျင်တစ်လုံးကိုတင်ထားပြီးပန်ကာကိုဝင်ရိုးတံရှည်ရှည်တပ် အင်ဂျင်ကိုစောင်းပြီး နောက်ဖက် ခပ်ဝေးဝေးရေထဲကိုချပြီးမောင်းနှင်ရတဲ့အတွက် ပဲ့ကတော့ရေထဲမှာခပ်ဝပ်ဝပ်လေးပေါ့။ ကျော့ကျော့မော့မော့လေးလို့ပြောပေမဲ့ တကယ်တမ်းတော့ပြောတဲ့အတိုင်းမဟုတ်ပါဘူး။ မျက်နှာချင်းဆိုင်ကနေ ဆန့်ကျင်ဖက်တိုက်ခတ်လာတဲ့လေကြမ်းတွေဟာ ပဲ့ထောင်လေးရဲ့ ဦးပိုင်းကို မိုးရေစက်တွေနဲ့ မညှာမတာ တရစပ် ပစ်ပေါက်လို့နေပါတယ်။ မိုးရေစက်တွေရဲ့ ထိချက်ကိုမခံလိုတဲ့ ခရီးသည်တွေဟာ ပဲ့ထောင်ရဲ့ဘေးကာနဲ့ ရှေ့ကာ ပလပ်စတစ်မိုးကာစတွေကိုချထားတဲ့အတွက် ကြမ်းတမ်းလှတဲ့လေတွေဟာ ပဲ့ထောင်လေးကို ရှေ့ကနေ ခြေကန်ပြီးတွန်းထားသလိုဖြစ်နေပါတယ်။ ဖြောင့်တန်းရှည်လျားတဲ့ မြစ်ကြောင်းတလျှောက်အရှိန်အဟုန်ပြင်းပြင်းနဲ့ စီးဆင်းလာတဲ့ ရေအကျ ဒီရေတွေကလည်း လေကြမ်းတွေကို ကူညီလို့ ပဲ့ထောင်လေးကိုပူးပေါင်းနှိပ်စက်လို့နေတာပေါ့။  […]