(၁) မကြာလှသေးတဲ့ အချိန်လေးအတွင်းမှာ ဖြစ်ပျက်မှုက မြန်ဆန်လွန်းလှတယ်လို့ ထင်မိတယ်။ မြန်လိုက်တဲ့အချိန်ကလေး။ အဲဒီအချိန်လေးအတွင်းမှာ အံ့ဩဘနန်းဖြစ်မှုတွေ၊ အားမလို အားမရဖြစ်မှုတွေ၊ စုပ်တသပ်သပ်ဖြစ်မှုတွေနဲ့ လူတိုင်းအလုပ်ရှုပ်သွားခဲ့တယ်။ စက္ကန့်ပိုင်းကလေး၊ မိနစ်ပိုင်းကလေးပါ။ အဲဒီအချိန်လေးမှာ ဖြစ်ပျက်သွားတာတွေကို ယုံကြည်နိုင်ဖို့ခဲယဉ်းပေမယ့် ယုံကြည်ဖို့ရန်အကြောင်းလဲ အခိုင်အမာရှိတယ်။ ဘယ်သူက ငြင်းရဲမလဲ။ ဒီလိုဖြစ်သွားတာ မယုံနိုင်ပါဘူးလို့ ဘယ်သူက ပြောဦးမလဲ။ လွတ်လပ်စွာ ငြင်းခုန်လို့ရပေမယ့် ငြင်းခုန်ခြင်းရဲ့နောက်ကွယ်မှာ တိကျသေချာလှတဲ့ အဖြစ်အပျက်ကရှိလေတော့ အမှားတစ်ခုကို သိသိရက်နဲ့ ဘယ်သူမှ အမှန်လို့မပြောရဲကြဘူး။ မြင်နေရတဲ့ မြင်ကွင်းတစ်ခုမှာ တစ်ခါဆို တစ်ခါဖူးမျှမရောက်ဖူးတဲ့ မြင်ကွင်းမို့ အတွေးထဲမှာ လှိုင်းဂယက်ကလေးတွေထသွားရတယ်။ ဘယ်သူမှ မပိုင်တဲ့မြေတစ်နေရာမှာ လူတွေ စုရုန်းကြပါတယ်။ လူတိုင်းရဲ့ မျက်နှာအောက်က မြုပ်ကွက်ကလေးတွေကို ပင်ပင်ပန်းပန်း၊ ခက်ခက်ခဲခဲ အဖြေရှာစရာမလိုပါဘူး။ အထင်သားပေါ်နေတဲ့ မျက်နှာပေါ်က […]