etoneAugust 21, 20101min1657
စင်ကာပူနိုင်ငံထုတ် The Straits Times သတင်းစာ ၂၃ ဇွန် ၂၀၁ဝ နေ့ထုတ်မှာ လူထုအာဘော် အတိုလေးတစ်ပုဒ် ဖတ်လို်က်ရတယ်။ ရေးသူက စင်ကာပူလူမျိုးတစ်ယောက်ပါ။ သူက ဘတ်စ်ကားမှတ်တိုင်တစ်ခုမှာ တန်းစီစောင့်နေရင်း ကြုံခဲ့ရတဲ့ မြင်ကွင်းလေးတစ်ခုအကြောင်း ရေးထားတာပါ။ အဖိုးတန်ဝတ်စုံဝတ်ထားတဲ့ အသက်ကြီးကြီး စင်ကာပူအမျိုးသားကြီးတစ်ယော က်ဟာ တန်းစီနေတဲ့ သူ့ရှေ့က ဖိလစ်ပီနိုအမျိုးသမီး (ကလေးငယ်လေးကို ချီပိုးထားသူ) ကို ကျော်ပြီး ရှေ့တိုးသွားတယ်တဲ့။ လူချင်းတွန်းတိုက်မိသွားလို့ အမျိုးသမီးက မကျေမနပ်ပြောတဲ့အခါ အဲဒီ စင်ကာပူလူကြီးက ဖိလစ်ပီနို အမျိုးသမီးကို ဒေါသတကြီး အော်ကြီးဟစ်ကျယ် ကြိမ်းမောင်းတော့တာပဲတဲ့။ နောက်ဆုံးစကားကတော့ နင်တို့ အလကားလာရှုပ်နေတယ်။ ကိုယ့်တိုင်းပြည် ကိုယ်ပြန်လို့ ပြောတာဖြစ်တယ်တဲ့။ ဖိလစ်ပီနိုအမျိုးသမီးဟာ ကလေးလေးချီပြီး တန်းစီတဲ့ထဲက ထွက်သွားရရှာတယ်တဲ့။ ပေးစာရေးသူက အော်ဟစ်ကြိမ်းမောင်းတဲ့ စင်ကာပူလူကြီးရဲ့ […]