unclegyi1974April 4, 20111min1534
ဂျပန်မှာငလျင်ကြီးလှုပ်ပြီးအနုမြူဓာတ်ပေါင်းဖိုကြီးတွေပျက်စီး ကုန်လို့ အနုမြူဓာတ်ရောင်ခြည်တွေပြန့်ကုန်တာအားလုံးသိ ပြီးဖြစ်မှာပါ ဖြစ်ကာစကသတင်းတွေအမျိုးမျိုးထွက်ပြီးမြန်မာ ကလူတွေအထိတ်တလန့်ဖြစ်ကုန်ကြသေးတယ်ဘယ်သူူကစ လိုက်မှန်းမသိတဲ့အက်စစ်မိုး အကြောင်းပါမစဉ်းစားဘဲယုံတဲ့သူတွေကလည်းသတင်းတွေ ချက်ချင်းဖြန့်ကြနဲ့တော်လေးလှုပ်ခတ်သွားပါတယ် လင်း ဆေး ၁ ရေးတဲ့ အိုင်တီမိစ္ဆာ ဆိုတဲ့ဆောင်းပါးလေးဖတ် ပြီးသဘောကျတာနဲ့ ဆိုလိုရင်းကိုအတိုချုပ်ပြီးအတတ်နိုင်ဆုံး ပြန်လည်ဖော်ပြလိုက်ပါတယ်   အက်စစ်မိုးဆိုတာလေထုထဲကကျလာသောအစိုအနည် (wet deposition) ညွှန်းသောယေဘူယျအခေါ်အဝေါ်လို့ ပြောပါတယ်  အနည်ကျခြင်းသည်လေထုညစ်ညမ်းမှုတမျိုး ဖြစ်ပြီးအနယ်ကျခြင်း ၂ မျိုးရှိပါတယ် အခြောက်အနယ်ကျခြင်းနှင့်အစိုအနယ်ကျခြင်းလို့ခွဲထားပါတယ် မိုး မိုးသီး နှင်း မြူ စသည်တို့သည်အစိုအနယ်ကျခြင်းဖြစ်ပြီး အမှုန်များနှင့်ဓာတ်ငွေ့များလေထုတွင်းမှကမ္ဘာမြေပေါ်သို့ ပြန်ကျလာခြင်းကိုအခြောက်အနယ်ကျခြင်းဟုသတ်မှတ်ပြီး အက်စစ်မိုးကိုအခြောက်အနယ်ကျခြင်းလို့သတ်မှတ်ပါတယ် အက်စစ်မိုးကိုလေထုညစ်ညမ်းမှုတခုအဖြစ်သတ်မှတ်ပြီး အက်စစ်မိုးအဖြစ်သတ်မှတ်နိုင်ရန်ရွာသွန်းသောမိုးရေကို pH တိုင်းကြည့်ရပါတယ်ချဉ်ဖန်ဓာတ်အချိုးလို့လည်းခေါ် ပါတယ်  ယျေဘူယျအားဖြင့် pH 5.6 ထက်နည်းလျှင်ထို မိုးရေကိုအက်စစ်မိုးဟုသတ်မှတ်ပါတယ် အက်စစ်မိုးဖြစ်ပေါ်ခြင်းမှာကမ္ဘာမြေမှနေ့စဉ်ထုတ်လွှတ်နေ သောမီးခိုးများကြောင့်တနည်းကာဗွန်ဒိုင်အောက်ဆိုဒ်များ ကြောင့်ဖြစ်ပါတယ် ထိုဓာတ်ငွေ့များမိုးရေနှင့်ဓာတ်ပြုပြီး ကာဗွန်နစ်အက်စစ်ခေါ်အက်စစ်ပျော့တမျိုးဖြစ်လာပါတယ် ထိုအက်စစ်ပျော့၏တန်ဖိုးမှာpH 5.6 ဖြစ်ပါတယ် […]