Yin Nyine NwaySeptember 9, 20101min2271
စက်တင်ဘာလ ၄ ရက်နေ့က တောင်ကြီးကွင်းတွင် ကစားခဲ့သည့် ရန်ကုန် ယူနိုက်တက် အသင်းနှင့် ကမော္ဘဇ အသင်းတို့ ပွဲတွင် ပရိသတ် အချို့၏ စည်ကမ်းမဲ့ လုပ်ရပ်ကြောင့် ဒဏ်ရာ ရရှိမှုများ ရှိခဲ့ကြောင်း သိရသည်။ ယင်းပွဲတွင် မိနစ် ၉ဝ ပြည့်ရန် မိနစ် အနည်းငယ်သာ အလို၌ ရန်ကုန် ကစားသမား အဲလစ်ဆန်ဂျီလို ဘေးစည်းနားတွင် လဲကျနေသည်ကို ပွဲကြည့်စင် ပေါ်မှ ပရိသတ် များက ပုလင်းခွံ၊ ရေသန့်ဗူး၊ အုတ်ခဲကျိုး စသည်တို့ဖြင့် ပစ်ပေါက် ခဲ့ခြင်း ဖြစ်သည်။ အဲလစ် ဆန်ဂျီလိုသည် အဆိုပါ ဖြစ်ရပ်ကြောင့် တံတောင်ဆစ်တွင် ကွဲသွားခဲ့ပြီး သွေးများ ထွက်နေသဖြင့် အရေးပေါ် ပြုစု ကုသမှု ပြုလုပ်ခဲ့ ရသည်။ […]