CharTooLanFebruary 15, 20121min67049
အရမ်းကြီးဆန်းနေသလား ဘာလားတော့မသိဘူး ကိုယ့်ခေါင်းစဉ် ကိုယ်တော့သဘောကျနေတယ် 😀 ဒီအကြောင်းရေးပီး ခေါင်းစဉ် စဉ်းစားနေတာ တော်တော်ကြာတယ် နောက်ဆုံးတော့ ဆြာအေကေကေအိုရဲ ့ အမျိုးသမီးရောဂါဆိုင်ရာ (အဖြူဆင်းခြင်းအကြောင်း) ဆိုတဲ့ခေါင်းစဉ်ကိုတန်းမြင်မိလို့ မြှီငမ်းပေးလိုက်တာ။ အမျိုးသားတွေအတွက် ဒါကလဲရောဂါပဲ မစားရမနေနိုင်တဲ့ရောဂါ စားပြီးရင် ဖြစ်လာမယ်နောက်ဆက်တွဲတွေကလဲ ရောဂါတွေပဲ ဘာတစ်ခုမှကိုကောင်းကျိုးမပေးတာ။ ဒါကိုပဲ တန်းတန်းစွဲစားနေကြတာ။ အဖြစ်ကဒီလို…..တနေ့..မနက်စောစောစီးစီးရုံးသွားဖို့ ဝတ်စုံပြည့်နဲ့ အိမ်ကနေ ကားမှတ်တိုင်ကို ကိုယ့်ကိုယ်ကို သရဏဂုံတင်ရင်း သွားနေကျလမ်းအတိုင်း ထွက်လာခဲ့တယ်။ တာမွေမီးပွိုင့်မီးနီနေတုန်း ကားတွေရပ်ထားတာမို့ စိတ်အေးလက်အေးနဲ့ကူးလာလိုက်တာ တစ်ဖက်လမ်းလဲရောက်ရော ၃၃လိုင်းကာကြီးပေါ်ကနေ အနီတွေဒလဟော ဝေါခနဲဆင်းချလာလိုက်တာများ ချာတူးလန်တစ်ယောက်ရှောင်ချိန်တောင်မရခဲ့လိုက်ဘူး။ ဟာ………သွားပါပီ ရွံစရာကောင်းလိုက်တာများ                    ဘယ်ဘက်ပုခုံးတစ်ခြမ်းလက်တွေနဲ့ လွယ်အိတ်မှာပါ မြင်မကောင်းလောက်အောင် ပေပွသွားတဲ့ ကွမ်းတံတွေးတွေကို ကြည့်ပီး ရွတ်ဖတ်လာတဲ့ သရဏဂုံတွေပျောက် ဒေါသတွေ ဟုန်းခနဲ့ တောက်သွားတယ်။ ဒီလောက် […]


မြသဲ ( 17082011 )February 14, 20121min46734
ကားရပ်ပြီးဒီလိုလဲကွမ်းယာဝယ်ပါတယ်။   ဒီလိုလဲလမ်းနှစ်ဖက်လုံးအပြည့်ရပ်ပါတယ် သူတို့ကိုဒီလိုလဲရပ်စောင့်ရပါတယ် ဟိုတနေ့ကကျွန်မတို့အပြင်သွားတော့ နာနတ်တောလမ်းနဲ့အရိုးဆေးရုံလမ်းကိုဆက်ထားတဲ့ လမ်းသွယ်လေးကနေသွားမိပါတယ်။ မနက် ၈ နာရီလောက်ပေါ့။ အဲဒီလမ်းထဲမှာက Star အအေး ဂိုဒေါင်ရှိပါတယ်။ အအေးပို့မယ့်ကားတွေက အဲဒီမှာမနက်ဆိုရင် အအေးပုလင်းတွေလာထုပ်ရပါတယ်။ ပုံပါအတိုင်းလမ်း ကို နှစ်ဖက်လုံးအပြည့်ရပ်ပြီး အအေးပုလင်းတွေတင်လိုတင်၊ လမ်းထိပ်မှာရပ်ပြီး ကွမ်းယာဝယ်လိုဝယ်နဲ့ စည်းပျက်ကမ်းပျက်လုပ်ချင်တိုင်းလုပ်နေတာတွေ့ လို့ဓါတ်ပုံရိုက်ယူလာခဲ့ပါတယ်။ လမ်းကျဉ်းလေးမှာတဖက်ကလာတဲ့ကားတွေက ရပ်စောင့်ရပါတယ်။ သူတို့စက်ရုံပိုင်လမ်းလိုပဲ ထင်သလိုလုပ်နေကြပါတယ်။ စိတ်ပျက်စရာပါ။


Wai Yan LayJune 7, 20111min1856
စည်းကမ်း၊ ကျွန်တော်မနေနိုင်လို့ ပြောပြချင်ပါတယ် ၊ ကျွန်တော်တို့ မြန်မာလူမျိုးတွေဟာ ဟိုးရှေးရှေး ယခင်ကတည်းက ယဉ်ကျေးသိမ်မွေ့၊ စည်းစနစ်တကျနေလာခဲ့ ကြတာပါ၊ ဒါပေမဲ့ အဲဒါတွေဟာ အခုတော့ ကျွန်တော်တို့ လူမျိုးတွေရဲ့ လက်ထဲမှာ ကွယ်ပျောက်လုနီးနီးဖြစ်နေပါပြီ၊ ဘာလို့ အခုလိုပြောရတာလဲ ဆိုတော့ ကျွန်တော်တို့ လူမျိုးတွေဟာ တဖြည်းဖြည်းနဲ့ စည်းကမ်းမဲ့ လာကြပါတယ်၊ တခါတခါ ကျွန်တော်တွေးမိတယ်  လူတိုင်းရဲ့ စိတ်ထဲ၊ ရင်ထဲ့မှာ ငါဟာ မြန်မာပါလားလို့ရောတွေးမိကြရဲ့လားလို့ပေါ့၊ (စည်းကမ်း) လူတိုင်းနဲ့ ဆိုင်တဲ့ စကားလုံးပါ၊ ဒါပေမဲ့ လူတွေတော်တော်များများကတော့ လျှစ်လျူရှုနေကြပါတယ် ၊ ကဲ့ဒီလိုဆို ကျွန်တော်ပြောမယ်၊ အခုနောက်ပိုင်း ကျွန်တော်တို့ လူတွေတော်တော်များများဟာ ကွမ်းစားတတ်လာကြပါတယ်၊ အဲ့တော့ ကွမ်းစားတာ အပြစ်လားလို့ မေးမယ်၊ မဟုတ်ပါဘူး ကွမ်းစားတာ ဟာ အပြစ်မဟုတ်ပါဘူး၊ […]