မြသဲ ( 17082011 )April 8, 20131min24432
ဒီကနေ့ရွာသူတစ်ယောက်နဲ့စကား စပ်မိလို့ ပြောချင်တာလေးပေါ်လာတာနဲ့ရေးလိုက်တာပါ။ လွန်ခဲ့တဲ့လတော်တော်များများကစလို့ ကျွန်မတို့မိသားစုဟာ ညပိုင်းမှာကန်ဘောင် ( ပြည်လမ်းဖက်အခြမ်း ) မှာမိသားစုလိုက်လမ်းလျှောက်လေ့ရှိပါတယ်။ ညကန်ဘောင်ပိတ်မှ ပြန်ကြပါတယ်။ ကျွန်မတို့မိသားစုစလျှောက်တုန်းက ကန်ဘောင်က အခုလိုမပြင်ရသေးပါဘူး။ အပေါ်ပါတ်လမ်းမှာ မီးတိုင်တိုလေးတွေ ကျဲကျဲ နဲ့အောက်ပါတ်လမ်းမှာတော့ ဆမ်ဆောင်း ဆိုင်းဘုတ်က မီးကလွဲ လို့  မှောင်တောင်ဝါးတားပဲပေါ့။ အဲဒီမှောင်ထုမှာ ြ့ခုံလေးတွေထဲမှာ လှုပ်တုတ်လှုတ်တုတ်၊ ပူးချည်ခွာချည်ပေါ့လေ။ ဘာလုပ်နေကြတယ်တော့မဆိုသာ ဘူးပေါ့။ မှောင်နေတာကို မြင်မှမမြင်ရဘဲဟာနော့။ ဟိုနားတကွက်ဒီနားတကွက်အရက်ဝိုင်းလေးတွေ ကလဲရှိပေါ့။ ဂီတာဝိုင်းတွေကတော့စုံ လို့။  ကောင်လေးတွေ လဲမူး၊ ကောင်မလေးတွေလဲမူးပေါ့။ အမြင်တော်တာလဲရှိမတော်တာလဲရှိပေါ့။ ပလက်ဖောင်းပေါ်မှာလဲ အလှပြင်ပြီးလမ်းလျှောက်နေတဲ့ကောင်မလေးတွေလဲရှိပေါ့။ ကျွန်မတို့လဲ ဟိုငေးဒီငေးနဲ့လျှောက်ပေါ့။ နဲနဲထူးဆန်းရင်လဲစပ်စုလိုက်ပေါ့။ အဲလိုလျှောက်နေရင်းကနေ ကန်ဘောင်မှာညကြီးတက်ရိုက်သွားကြတယ်ဆိုတဲ့ သတင်းတွေထွက်လာပြီးတော့ လုံခြုံရေးတွေတော်တော်တိုးလာတာတွေ့လိုက်ရတယ်။ မီးကတော့မှောင်နေဆဲပဲပေါ့။ ကျွန်မအမျိုးသားနဲ့တောင်လမ်းလျှောက် ရင်းပြောဖြစ်တယ် မီးလင်းနေအောင်ထွန်းလိုက်ရင်လုံခြုံရေးတောင်မလိုတော့ဘူးလို့။ မကြာပါဘူး။ တိုင်အမြင့်ကြီးတတိုင်ထောင်လိုက်ပြီးမီးမောင်းကြီးတပ်လိုက်တယ်။ […]