“လမ်းမလေး” ……………………………………………………………………………………………………………… လေထုဟာတိုက်ခက်ဖို့အားအင်သစ်တွေစုနေတယ်၊မကြာခင်ကောင်းကင်က အပြာရောင်သန်းတော့မှာလေ။ အိမ်ခေါင်မိုးပေါ်ကခိုကလေးကဘာတွေများညည်းတွားမှုတွေကအတူတူပဲလား၊ ဘယ်သူမျာသာပါလိမ့်သူ့အကြောင်းနှင့်သူညည်းတွားမှုတွေနဲ့လမ်းမလေးပေါ်လျှောက်သွားနေလေရဲ့။မနက်ဖြန်တော့မညည်းတွားတော့ဘူးနိူင်ငံခြားကအမေ ပြန်လာမှာလေ။ဒါပေမယ့်…………….လမ်းမလေးကတော့ညည်းတွားလေရဲ့၊ ဂုဏ်ပြိုင်မှုတွေကြားရတော့မှလေ။မနှစ်ကလဲဒီလိုပါပဲအိမ်မက်တွေနဲ့အကောင်ထည်ဖော်ခဲ့တာအခုတော့မဖြစ်တော့ပါဘူး။ လေစိမ်းတွေတိုက်မှာလမ်းမလေးကြောက်နေရတယ်ဖုန်မှုန့်တွေပါလာခဲ့မှာစိုးလို့တဲ့။ လမ်းမလေးက”ပဲပြုတ်………..ပဲပြုတ်”လို့အော်နေတဲ့အဒေါ်ကြီးကိုတော့ချီးကျူးသားအချိန်မှန်မှန်ဘဝကိုရုန်းကန်နေလို့တဲ့၊ဖြစ်ချင်တော့မနေ့ကအိပ်ယာထ နောက်ကျခဲ့တယ်။ဆွမ်းခံကိုယ်တော်လေးတောင်ကြွလာနေပြီ။ဪ………..မေ့နေတယ်၊ ဒေါ်ပုမဆီအကြွေးတောင်းရအုံးမှာ”တခါတလေမေ့နေတဲ့အရာတွေကကိုယ့်ကိုနစ်နာစေ တယ်။အော……….ကလေးတစ်ယောက်ငိုနေပြန်ပြီ၊လမ်းမလေးမေးကြည့်မိတယ် ”ဘာလို့လဲ”လို့လက်ထဲမှာကိုင်ခဲ့တဲ့”ဒိန်ခဲလေး”လွတ်ကျသွားလို့တဲ့။ ဪ…………..တခါတခါဒီလိုဒိန်ခဲတွေလွတ်ကျလို့ဆိုပြီးငိုနေတဲ့သူတွေလမ်းမလေးပေါ်မှာတွေ့နေရတယ်။ဟော……..ရှေ့မှာအုပ်အုပ်ကြွက်ကြွက်နဲ့လမ်းမလေးပေါ်မှာဘာတွေဖြစ် နေပါလိမ့်။ထင်ပါတယ်၊နီရဲတဲ့သွေးရေစက်တွေနဲ့လမ်းမလေးကိုအရောင်ဆိုးချင်နေတာ၊ သူ့ကိုသူအလှတရားကိုမြတ်နိုးသူလို့ထင်နေတာလေ။ဒီလိုပဲကိုယ့်ကိုအထင်ကြီးသူတွေကလမ်းမလေးကိုနီရဲတဲ့သွေရေစက်တွေနဲ့အရောင်ဆိုးသွားခဲ့တယ်။ ဒါပေမယ့်………….အရာမထင်ခဲ့ပါဘူး။ လမ်းမလေးကတော့ပြောပါတယ်ကိုယ့်ကိုသိပ်အထင်မကြီးပါနဲ့လို့။ လမ်းမလေးဟာအကြောင်းပြချက်များတဲ့လူတွေရယ်၊ကိုယ့်ကိုအထင်ကြီးပြီးတဇွတ်ထိုးလုပ်တက်တဲ့လူတွေရယ်၊မာနကြီးတစ်ခွဲသားနဲ့လူတဖတ်သားကိုမစာနာတဲ့လူတွေရယ်၊သွေးနထင်ရောက်ပြီးဖော်ကြွားမော်ကြွားလုပ်တက်တဲ့လူတွေရယ်လမ်းမလေးကကြည့်လို့မရဘူး။လူပေါင်းစုံ၊ဖွဲ့စည်းပေါင်းစုံနေထိုင်တဲ့လမ်းမလေးဆိုပေမယ့်လမ်းမလေးဘေးကငါးသည်ကိုတော့ကြောက်နေမိပါရဲ့၊ရှိသမျှငါးတွေကိုခေါင်းဖျက်လိုက်လို့တဲ့လေ။ “အင်း……….တခါတလေဒီလိုခေါင်းပုံဖျက်နေကြတဲ့သူတွေဒီလမ်းမလေးပေါ်မှာအများသာဆိုပါလား။အဲ………ဟိုရှေ့ကသွားနေတဲ့လူကြီးကဘာတွေများရွတ်နေလည်းမသိ၊ပွစိပွစိနဲ့ မန္တာန်တွေများရွတ်နေသလား၊ ဟော……………သူ့ရှေ့ကလူတစ်ယောက်ကိုပြောနေပြီ။ ဒါပေမယ့်လေထိုလူကနားမထောင်ဘူးဗျ၊ပြောနေသောလူကြီးကိုတောင်သနားစရာပုံရိပ် လေးနဲ့ကြည့်ကြည့်သွားသေးဘာလို့ပါလိမ့်၊အလိုလေးအားလုံးလိုပါဘဲလမ်းမလေးမနေနိူင် တော့ဘူးမေးကြည့်မိတယ်။“ကိုလူကြီးကရူးနေလို့ဆိုပါလား”တခါတခါဒီလမ်းမလေးပေါ်မှာသမီးပျိုလေးကိုရိသဲ့သဲ့လိုက်ပြောကြတဲ့သူတွေရောရူးနေကြတာလား၊ ဟုတ်မယ်မထင်ပါဘူး။သူတို့ကိုကြည့်ကြတဲ့အကြည့်တွေကဒေါသအခိုးရိပ်တွေနဲ့ လမ်းမလေးတောင်ကြောက်နေမိတယ်အပြင်မထွက်ရဲဘူးလေ။တော်ကြာရိသဲ့သဲ့ပြောခံ နေရအုံးမယ်။ခုတောင်မနေ့ကမအေးကြည်မနှင့်မဂွတ်ထော်တိုရန်ပွဲလေးကစကားသံတွေ ကြားမိသေး၊ ပြောကြအော်ကြတာခုနှစ်အိမ်ကြားရှစ်အိမ်ကြားတောင်ကြားမိတယ်ထင်ပါရဲ့၊ကြားရတဲ့ စကားတွေကလည်းကျော်မကောင်းကြားမကောင်းပါပဲ။ တခါတခါဒီလိုလမ်းမလေးပေါ်မှာကျော်မကောင်းကြားမကောင်းတဲ့အသံတွေကြားနေကြရတာမဟုတ်ပါလား။ လမ်းမလေးအသံတွေတိတ်ဆိတ်လို့အိပ်မယ်ကြံရွယ်တုန်းဖြတ်လျှောက်လာတဲ့ထီလှည်းကအသံချဲ့စက်တွေအကုန်ဖွင့်နေလေရဲ့။ ကိုကျော်ကြီးကတော့သူကြိုက်တဲ့သီချင်းဆိုပြီးပျော်ရွှင်စွားနားထောင်နေတယ်လေ။ ကိုအေးချမ်းတစ်ယောက်တော့ထီလှည်းကိုမေတ္တာပို့သနေလေရဲ့။နာမည်နဲ့လိုက်အောင် အေးအေးချမ်းချမ်းနေတက်သူလေ။ ဒါကြောင့်ထီလှည်းကိုမေတ္တာပိုတာဖြစ်မှာပေါ့။ အင်း……….။အခက်သားဒီလိုပဲလမ်းမလေးပေါ်မှာအမြင်မတူမှုတွေနဲ့ဘဝကိုရှင်သန်နေကြတာလေ။ဒါတောင်ဘကြီးမုန်းလိုလူကြီးမပါသေးဘူး။ ဘကြီးမုန်းကိုတော့လမ်းမလေးဝဲ/ယာအားလုံးချစ်ကြတယ်လေ။ ဒါကြောင့်ထင်တယ်ဘကြီးမုန်းဆူတာဘယ်သူမှမပြောကြဘူး။ကိုအေးချမ်းတစ်ယောက် တောင်သဘောကျနေတယ်။လမ်းမလေးလဲသဘောကျတယ်လေ။ နံနက်လင်းပြီဆိုလျှင်ဖြင့်ဘကြီးမုန်းရဲ့ဘုရားရှိခိုးသံကလမ်းမလေးဝဲ/ယာကိုပျံ့နှံ့စေခဲ့သည်။ ရုံးသွားတက်သူ၊မနက်ခင်းအလုပ်ရှိသူ၊ဈေးရောင်းတွေကအစဘကြီးမုန်းရဲ့ဘုရားရှိခိုးသံကိုပိုပြီးဂရုစိုက်ကြတယ်လေ။ ဟုတ်တာပေါ့………။ဘကြီးမုန်းကအချိန်မှန်မှန်ဘုရားရှိခိုးတာကိုးဘယ်နိူးစက်မှမလို ဘကြီးမုန်းဘုရားရှိခိုးသံကြားရင်လင်းပြီဆိုတာအားလုံးသိကြတယ်လေ။ အဲ…………ကလေးအမေတွေကတောင်ကလေးနိူးရင်ရိုးရိုးမနိူးဘူး။ “ဟဲ့…..ကလေးတွေထကြတော့လေ၊ဘကြီးမုန်းတောင်ဘုရားရှိခိုးနေပြီ”တဲ့။ ဒါတင်ဘဲလားဆိုတော့မကသေးဘူး၊တိရစ္ဆာန်ဖြစ်တဲ့ခွေးကလေးတွေကိုလည်းဘကြီးမုန်းကိုချစ်ကြတယ်ထင်တယ်။ ဘာလို့လဲဆိုတော့ဘကြီးမုန်းဘုရားရှိခိုးပြီးရင်ကြေးစည်ထုပြီး အမျှဝေတယ်လေ။ဘကြီးမုန်းကြေးစည်ထုတာနဲ့အားလုံးတက်ညီလက်ညီနဲ့ခွေးကလေး တွေက”အူ”ကြတာပေါ့။ ဪ………သူတို့လေးတွေလဲဘကြီးမုန်းကိုချစ်ကြပါတာပါလား။ ဖြစ်နိူင်ပါတယ်။အချိန်မှန်သော(သို့)အချိန်မှန်မှန်လုပ်ဆောင်တက်သောသူကိုအားလုံးက လေးစားကြည်ညိုချစ်ခင်ကြတာမဟုတ်ပါလား။ […]