ပြန်လာခဲ့ပါ…….မောင်
……………………………
တကယ်ဆိုရင်တို့နှစ်ယောက်ရဲ့ဝေကွာမှုက
ဒီလောက်ထိဆိုးရွားလိမ့်မယ်လို့မထင်မိဘူး
မျှော်နေသူငါ့ရင်ခွင်မှာတော့……………
လွမ်းဆွေးမှုတွေကနှိပ်စက်နေခဲ့ပြီလေ၊
နင်ပြန်လာမယ်ပြန်မလာဘူးဆိုတာ
မမြင်ရတဲ့ကံကြမ္မာကိုငါမတိုင်ချင်ပါဘူး
“ဖြစ်နိုင်မယ်ဆိုရင်”ဆိုတဲ့အတိုင်းတာတစ်ခုကိုတော့
ငါ တောင်းတနေမိတာအမှန်ပါ…..။
ယုံကြည်ချင်းကိုလက်ခံမိသူငါ့အတွက်တော့
နင်ဟာငါ့အတွက်……………
ကာရန်မဲ့ကဗျာတစ်ပုဒ်လိုပါပဲ
အနားသက်မညီတဲ့အလွမ်းတွေကို
ငါ့နှလုံးသားတစ်နေရာမှာ
တိတ်ဆိတ်ခြင်းတွေနဲ့အဖော်ပြုနေရပြီ….။
“အကယ်၍”သာဆိုတဲ့တောင်းတသံကို
နင်………..ကြားခဲ့ရမယ်ဆိုရင်………။ ။
ဇွဲမာန်(အင်းဝ)
3 comments
သားဦး၊မြေးဦး
June 4, 2012 at 6:42 pm
if——–or. Whether!!!!!!!!!!????
အားပေးသွားပါတယ် ကိုဇွဲမာန်ရေ။
water-melon
June 4, 2012 at 7:38 pm
မောင် ပြန်လာပြီနော်
ငိုနဲ့တော့ အချစ်လေး
အားပေးသွားပါတယ်ချင့်
shwe kyi
June 5, 2012 at 5:51 pm
အားပေးသွားပါတယ်။ အားတင်းထားပါ အကယ်၍ ပေါ့နော်။