ပြန်လာခဲ့ပါ…….မောင် …………………………… တကယ်ဆိုရင်တို့နှစ်ယောက်ရဲ့ဝေကွာမှုက ဒီလောက်ထိဆိုးရွားလိမ့်မယ်လို့မထင်မိဘူး မျှော်နေသူငါ့ရင်ခွင်မှာတော့…………… လွမ်းဆွေးမှုတွေကနှိပ်စက်နေခဲ့ပြီလေ၊ နင်ပြန်လာမယ်ပြန်မလာဘူးဆိုတာ မမြင်ရတဲ့ကံကြမ္မာကိုငါမတိုင်ချင်ပါဘူး “ဖြစ်နိုင်မယ်ဆိုရင်”ဆိုတဲ့အတိုင်းတာတစ်ခုကိုတော့ ငါ တောင်းတနေမိတာအမှန်ပါ…..။ ယုံကြည်ချင်းကိုလက်ခံမိသူငါ့အတွက်တော့ နင်ဟာငါ့အတွက်…………… ကာရန်မဲ့ကဗျာတစ်ပုဒ်လိုပါပဲ အနားသက်မညီတဲ့အလွမ်းတွေကို ငါ့နှလုံးသားတစ်နေရာမှာ တိတ်ဆိတ်ခြင်းတွေနဲ့အဖော်ပြုနေရပြီ….။ “အကယ်၍”သာဆိုတဲ့တောင်းတသံကို နင်………..ကြားခဲ့ရမယ်ဆိုရင်………။ ။ ဇွဲမာန်(အင်းဝ)