နွေ

နွေ

…………….

ဖြေးညင်းစွာတိုက်ခက်လာသော

လေပြေကလေးကြောင့်

ဝါကြင်ကြင်အရောင်သန်းနေတဲ့

သစ်ရွက်ကလေးကြွေလွင့်သွားခဲ့

သာယာညိမ့်ညောင်းတဲ့

ဥဩငှက်တို့ရဲ့အော်မြည်သံ

လွမ်းမောစရာအဖြစ်ထင်ကျန်ရစ်စေခဲ့၊

ပူပြင်းနေသောနေမင်းရဲ့စွမ်းအင်တွေကြောင့်

ခြောက်သွေ့သောသစ်ရွက်တို့ရဲ့

ရယ်မောသံတွေကြားနေရပြန်ပြီ

ဪ……….နွေ…ဆိုတာ

ရွဲနစ်နေတဲ့ချွေးတွေနဲ့အတူ

လွမ်းမောစရာကဗျာတစ်ပုဒ်အဖြစ်

ကျန်ရစ်စေခဲ့ပါလား……………..။

 

ဇွဲမာန်(အင်းဝ)

5 comments

  • ဇွဲမာန်(အင်းဝ)

    April 6, 2012 at 9:52 pm

    နွေရောက်အမှတ်တရလေးပါ

  • Gipsy

    April 6, 2012 at 10:16 pm

    နွေ ရာသီ
    လေအပူတိုက်တော့
    အီဖေကို
    နေနိုင်ဘူးကွယ်
    ပြင်းလှချည်ရဲ့….။

  • MaMa

    April 6, 2012 at 10:34 pm

    နွေဆိုတာ
    မီးမလာ ရေကပြတ်မို့

    ရွဲနစ်နေတဲ့ချွေးတွေနဲ့အတူ

    ဒေါခီးစရာ စာတစ်ပုဒ်အဖြစ်

    ကျန်ရစ်စေခဲ့ပါလား……………..။ 😆

    (ကဗျာကို ဖျက်တာ မဟုတ်ရပါ။ လတ်တလော ခံစားချက်လေး မို့ သည်းခံပါ။)

  • aye.kk

    April 7, 2012 at 7:36 am

    နွေဆိုတာ..
    အရမ်းပူတယ်..
    ရွက်ဝါတို့ခြောက်..
    ရေတို့နောက်တယ်..
    ရွက်သစ်ဖြစ်ဖို ့..
    ရေသစ်ရဖို ့..
    အသစ်အသစ်..
    ခွန်အားဖြစ်ဖို ့….
    မွေးဖွားရှင်သန်..
    ဖြစ်ထွန်းစေတယ်လေ..။
    နွေဆိုတဲ့အလှ..
    သဘာဝကို..
    စာသကဗျာ…
    ဖွဲ ့ခါမှီလို ့
    လှပစီချယ်..
    ကုန်မယ်မထင်ဘူး..
    နွေကိုကြိုတဲ့..
    ဥဩပျိုငှက်..
    လွမ်းသံစွက်လည်း..
    ကိုယ့်တွက်သာယာ..
    နာပျော်ခံစား..
    တေးသွားသံစဉ်..
    ရင်ထဲမှာလေ..
    အိုဧစစ်လေး…
    ဖြစ်ထွန်းနေတာနွေပါလေ..။။

Leave a Reply