နေ့စွဲများ အမှတ်သားဖြစ်စေဖို့ နေ့စွဲတွေကိုလှန်လျောကြည့်မိတယ် သင်္ကေတများစွာ အထုပ်ပိုးတွေပြင်လို့ ဟို ဝေးရာဆီသို့ ဥဒဟိုလျှောက်သွားနေကြတယ် လောင်နေတဲ့မီးစတွေလည်း မငြိမ်းသေးဘူး နောက်ထက်ရှို့မီးတွေလောင်နေပြီ ထွန်နေတဲ့လယ်တွေလည်း မပြီးသေးဘူး သိမ်းတဲ့သူတွေလည်းရောက်နေကြပြီ ဆောင်းမကုန်ခင် နွေရောက်လာတော့ အေးချမ်းရမလား ပူလောင်ရမလား သေချာတာတစ်ခုကတော့ အေးတာလည်းမဟုတ် ပူတာလည်းမဟုတ် အေးလိုက်ပူလိုက်ဖြစ်နေတာကိုက ငါတို့အတွက်………… သင်္ကေတနေ့စွဲတွေအဖြစ်ထင်ကျန်နေခဲ့တယ်။ ။ ဇွဲမာန်(အင်းဝ) 060202016  


ပလက်ဖောင်းပေါ်က ပျိုခင်း ……………………………………. အရောင်ကမှိန်ဖျော့ဖျော့ ကောင်ကင်အရောင်လား မီးအရောင်လား ဝေခွဲမရဒဏ္ဍာရီဆန်ဆန် တွေ့စရာ၊နေစရာ၊စားစရာ ဘယ်မှာမလဲဘယ်မှာလဲ တွေးတောပူပန်နေရတဲ့ဒီစိတ် ဟိုအတိတ်ကတည်းကပါခဲ့လေရောသလား တစ်ညတစ်ညပလက်ဖောင်ဆိုတာချည်းကိုမုန်းပေမယ့် ပလက်ဖောင်းနဲ့ပျော်ခဲ့ရတယ် ပလက်ဖာင်းနဲ့အိပ်ခဲ့ရတယ် ပလက်ဖောင်းနဲ့အတူစားခဲ့ရတယ် ကျေးဇူးကမ္ဘာပါပလက်ဖောင်းရယ်လို့ဆိုရမလားဘဲ ဘဝတွေပျောက်ဆုံးနေခဲ့ရတယ် ရည်ရွယ်ချက်တွေပျောက်ဆုံးနေခဲ့ရတယ် ရည်မှန်းချက်တွေပျောက်ဆုံးနေခဲ့ရတယ် ပလက်ဖောင်းပေါ်မှာမီးလုံးတွေလင်းနေပေမယ့် ပလက်ဖောင်းလေးတွေရဲ့ဘဝတွေကတော့ မှိန်ရောင်နေဆဲ၊မှိန်နေဆဲ အို……………ပလက်ဖောင်းကြီးရယ် သင်ကိုယ်တိုင်ကပဲအထီးကျန်တာလား ကျွန်ုပ်တို့ကိုယ်တိုင်ကပဲအထီးကျန်နေတာလား ခွဲခြားတိုင်းတာရမည့်အချိန်တစ်ခုကိုတော့ရခဲ့ပြီ အဲဒီညက………………ကုမုဒြာပွင့် တဲ့ ည ကုမုဒြာကြာပန်းတော့မဟုတ်ခဲ့ဘူး ဒါပေမယ့်……………………. မြင့်မြတ်တဲ့ ကုမုဒြာတော့ဖြစ်နေခဲ့တယ် အသွင်ဆန်းကိုယ်ကမြင့်မြတ်သူတို့ရဲ့အသွင် စိတ်ဓာတ်မြင့်မြတ်လိုက်ပုံက သူမတူအောင်ထူးကဲလှပါဘိ မွေးဖွားပုံမွေးမြူလိုက်ပုံကြည့်လိုက်ခြင်းက ပလက်ဖောင်းပျိုးခင်း တဲ့ ပျိုးခင်းတစ်ကာပျိုးခင်းထဲကဖြစ်သင့်ဆုံးပျိုးခင်းတစ်ခု ကျွန်ုပ်……………………….. ဂုဏ်ယူလို့မဆုံး ပျော်ရွှင်လို့မဆုံး ကျေးဇူးတင်လို့မဆုံး ဖြစ်နိူင်မယ်ဆိုရင်ချမ်းသားကြွယ်ဝသူတွေရဲ့ရင်ထဲဝယ် ဒီပျိုးခင်းလေးရှင်သန်စေချင်တယ် ကုမုဒြာကြာပန်းတွေနဲ့အတူတူပေါ့ အို………..ပလက်ဖောင်းကြီးရေ ခင်ဗျားလည်းအထီးမကျန်တော့ဘူး ကျွန်ုပ်တို့လည်းအထီးမကျန်တော့ဘူး ပလက်ဖောင်းပေါ်မှာအရောင်တွေတောက်ပလာခဲ့ပြီ ပလက်ဖောင်းပေါ်မှာရည်ရွယ်ချက်တွေမွေးဖွားလာခဲ့ပြီ ပလက်ဖောင်းပေါ်မှာရည်မှန်းချက်တွေမှန်လာခဲ့ပြီ ပလက်ဖောင်းပေါ်မှာဘဝတွေရှင်သန်လာခဲ့ပြီ အို………….ပလက်ဖောင်းကြီးရေ […]


မွန်မြတ်တဲ့ညတစ်ညကိုရိုက်ချိုးမိခြင်းအတွက် နောင်တ.. ………………………………………………….. ကုန်သွားခဲ့ပြီနေ့တစ်နေ့နဲ့ညတစ်ည ဘယ်အရာတွေများဒီဂရီတက်သွားတာလဲ ကုသိုလ်လား အကုသိုလ်လား နဖူးပေါ်လက်တင်ပြီးစဉ်းစားကြည့်လိုက်ပါအုံး အပေါင်းအသင်းရောင်းရင်းများနဲ့တွေ့ဆုံတုန်းခဏ ပျော်လို့မဆုံးမော်လို့မဆုံးပေါ့ လောကကြီးမှာငါတို့သာလျှင်အပျော်ဆုံးထင်ခဲ့မိတာ သောက်မလား စားမလား သွားမလား လားမလား(လမ်းသလား) လာပြီးတော့ပြောမယ်မကြံနဲ့ဂရုမစိုက်ဘူး လက်ထဲမှာကိုင်ထားတာကြည့်လိုက်ပစ်ထည့်လိုက်မယ် အော်လိုက်ဟစ်လိုက်စည်းချက်အညီဆိုင်ကယ်လီဘာတွေမြင့် သံယောင်လိုက်အမှားတွေနောက်ကောက်ကောက်ပါအောင်လိုက်ရင်း ခဏတာပျော်ရွှင်မှုတွေကိုမက်မောတွယ်တာမိတာပေါ့ ဟုတ်သလိုလိုပျော်သလိုလိုအမှားတွေကိုဖက်တွယ်မိရင်း တန်ဘိုးရှိလှတဲ့နေ့တစ်နေ့နဲ့ညတစ်ညကိုလက်လွတ်ခဲ့ရပြီ မြင့်တက်လာတဲ့ဒီဂရီတွေကအကုသိုလ်ပုံရိပ်တွေနဲ့ ဘယ်လိုများဘဝကိုအဆုံးသတ်သွားမှာလဲလို့တွေးပူရင်း အိပ်မပျော်တဲ့ညတစ်ညကိုငါရလိုက်မိတဲ့နောက် နောင်တတရားကငါ့ကိုအနိုင်ယူသွားပြီဆိုတာသိလိုက်ရပြီ….။    ။ ဇွဲမာန်(အင်းဝ) 19.10.13(11း7PM) သီတင်းကျွတ်လပြည့်ညမှာ အပျော်လိုက်စားမိသူတွေအတွက် စိတ်မကောင်းဖြစ်မိခြင်း……။


သတိ္တရှိရင်ထွက်ခဲ့ ………………………. သွေးတစ်စက်ကိုမြေမှာကျလို့ သမိုင်းအနာဂတ်ကောင်းစားစေရမယ် မွေးကတည်းကဒီစိတ်ဓာတ် ဘယ်သူချေဖျက်နိူင်အုံးမှာလဲ အမေပေးတဲ့လက်က အမေမွေးတဲ့နိူင်ငံကိုချေဖျက်ဖို့မဟုတ်ဘူး မယုံရင်လှန်လျှောကြည့်လို့ရတယ် ဖြူစင်တဲ့စာမျက်နှာတွေ အတိတ်မှာထင်ထင်သာသာရှိနေတုန်းပဲ ကလောင်တစ်ချောင်းကိုသာကိုင်ခဲ့တဲ့သူကို အကြမ်းဖက်တယ်လို့ပြောရအောင် အကြမ်းဖက်ဆိုတဲ့အဓိပ္ပါယ်ကို ဘယ်လိုပညာတွေနဲ့စွဲချက်တင်လိုက်တာလဲ ကိုယ်ထင်ရာကိုယ်စိုင်းနေတဲ့အတ္တမာနတွေအတွက် ငါဂရုစိုက်နေစရာလိုမယ်မထင်ဘူး ခွေးဟောင်တိုင်းသာထကြည့်နေရမယ်ဆိုရင် အိပ်ရေးပျက်ရုံသာရှိနေမှာပေါ့ လူဆိုတာအခွင့်ရေးအမျိုးမျိုးရှိကြတာမှန်ပေမယ့် စည်းဆိုတာလေးဘောင်ကွပ်ထားလိုက်ရင် စည်းလုံးခြင်း၊ငြိမ်းချမ်းခြင်းတွေနဲ့အတူ အနာဂတ်မှာလှပနေပါလိမ့်မယ် အကြောင်းအရာတစ်ခုကိုသေချာမသိဘဲ သူများဟောင်တိုင်းလိုက်ဟောင်နေခဲ့ရင် လမ်းဘေးမှာအိပ်နေတဲ့ခွေးနဲ့ဘာထူးမှာလဲ လူဆိုတာစဉ်းစားဆုံးဖြတ်တက်ဖို့အသိဉာဏ်ပါနေပြီးသားပါ မှားတယ်မှန်တယ်ဆိုတာပုထုဇဉ်တို့ရဲ့ဓလေ့ အမှားများများကင်းနိူင်ဖို့သာအရေးကြီးတာပါ မင်းလည်းမှားနိူင်သလိုငါလည်းမှားနိူင်သေးတာပဲ ကိုယ်မစွမ်းဆောင်နိူင်လို့အရန်ခုံမှာထိုင်နေရသေးတာ စွမ်းဆောင်နိူင်လို့လုပ်နေသူကိုအပြစ်မတင်လိုက်ပါနဲ့ မင်းစွမ်းဆောင်နိူင်လို့လုပ်ခဲ့မယ်ဆိုရင် ငါအရန်ခုံမှာထိုင်နေပေးမယ် ကိုယ်တိုင်ကျတော့လူတွေမုန်းခံရမှာကြောက်ပြီး ဦးမဆောင်ဘဲချန်ထားခဲ့တာကို ဦးဆောင်ပြီးလုပ်နေသူတွေအား လူ့ခွင့်ရေးချိုးဖောက်တယ်ဆိုတဲ့စွဲချက်တွေနဲ့ သူရဲကောင်းကြီးလုပ်မနေစမ်းပါနဲ့ မင်းစွမ်းဆောင်နိူင်လို့သတ္တိရှိတယ်ဆိုရင် ရှေ့သို့သာထွက်ခဲ့လိုက် ငါလက်ကမ်းပြီးကြိုဆိုနေအုံးမှာပါ…။            ။                             ဇွဲမာန်(အင်းဝ)


ခေါင်းစဉ် တပ်ခွင့်မရှိသောမျက်ရည် ……………………………………. ငါမကြားချင်ဘူး ဒီသတင်း ငါမသိချင်ဘူး ဒီသတင်း ငါ မမြင်ချင်ဘူး ဒီမြင်ကွင်း ဒါပေမယ့်……… ငါ မလွန်ဆန်နိုင်ဘူး သူ လျှောက်သွားခဲ့လမ်း သူ ဖောက်သွားခဲ့လမ်း သူ ချပြသွားခဲ့တဲ့ ပုံရိပ်တွေ ငါ လုပ်နိုင်ပါ့မလား သူ့ ပြောခဲ့တဲ့စကားတစ်ခွန်းလို ငါ ပြန်ရနိုင်ပါ့မလား အရာရာ ရှေ့ဆုံးကာမားမားမတ်မတ် သမာဓိရှိရှိ ရက်တည်ခဲ့တဲ့သူ ငါ ရှာတွေ့ နိုင်ပါအုံးမလား မလွန်ဆန်နိုင်တဲ့ သင်္ခါရတရားက ငါ့ကို သရော်ခဲ့ပြီပေါ့ နွေရူး လေရူး နွေရာသီမှာ သွေးရှုးသွေးတန်းနဲ့ငါဖြတ်လျှောက်ခဲ့ရပြီ သူ့ရဲ့ ပုံရိပ်တွေက ငါ့နှလုံးသားမှာ ကျောက်သံပမာ မာကျောနေခဲ့ အရည်မပျော်မျက်ရည်စက်တွေက သူ့အတွက် အလွမ်းမျက်ရည်တွေ ငါ ကျဆင်းခဲ့ရပြီ မဖြစ်ချင်သော အာသာဆန္ဒကို မဖြစ်ခင်က အကြီမ်ကြီမ်တောင်းဆိုခဲ့ပေမယ့် […]


ကာရန်မညီသေးတဲ့ကဗျာ ……………………………… ပြေးဟေ့………..ပြေးကြ…..ပြေးကြ ဝှီး……..ဝုန်း………..ဒိုင်း……….ဒိုင်း ဂယောက် ဂယက်နဲ့အော်ဟစ်သံ ပွက်ပွက်ညံတဲ့သမိုင်းတစ်ရက် မြေပြင်မှာသွေးတွေထက်လို့ ရဲရဲနီနီသွေးစက်တွေကမလှပ ကျခဲ့ရမျက်ရည်မှာရွဲရွဲစို အပျို အအို မခွဲခြားကလေးငယ်တဖတ်သားနဲ့ အမိတ အဖတ ပြေးခဲ့ရနေ့ရက်တွေ သမိုင်းဝင်မော်ကွန်းတင်မယ်ထင်မို့လား လားလားပင်မက်မရသည့် သည်အိပ်မက် ဇန်နဝါရီ(၄)ရက်ကချေဖျက်လို့ အောင်ဆန်းဇာနည်နာမည်ဖွားက ထူးထူးခြားခြားသမိုင်းတစ်ရက် ခေါင်းဆောင်ဆိုတဲ့နာမည်ဂုဏ်ဒြမ်နဲ့ရေးမှတ်လိုက်ပြီ…။ “တိုင်းရင်းသားအချင်းချင်း ညီညွတ်ရေး၊ တိုင်းရင်းသားလူထု ညီညွတ်ရေး၊ စားဖားသမားတွေ ညီညွတ်တာ ကျွန်တော်မလိုချင်ပါဘူး။ တိုင်းရင်းသား အချင်းချင်းညီညွတ်ရေး၊ တိုင်းသူပြည်သား လူထုညီညွတ်ရေး၊ အဲဒီညီညွတ်ရေး နှစ်ခုမရှိသမျှ ကာလပတ်လုံး၊ ဒီတိုင်းပြည်ဟာ လွတ်လပ်ပင်လွတ်လပ်ငြားသော်လဲ ဘယ်ပါတီတက်တက်၊ ဘယ်အစိုးရလုပ်လုပ်၊ ဖာသယ်တိုင်းပြည်ဖြစ်နေမှာဘဲလို့ကျွန်တော်ပြောချင်တယ်။” သမိုင်းဝင်တဲ့နောက်ဆုံးမိန့်ခွန်းစကား နှလုံးသားက သူ ပြောလို့ထွက် သူလေ……..သူလေ….သူလေ… ငါတို့ကို…..နုတ်ဆက်သွားရက်လေပြီ….။ ဪ………………ခုတော့ သမိုင်းဝင်တဲ့မော်ကွန်း(၆၅)နှစ်စွန်းခဲ့ပြီ သမိုင်းသစ်တွေဒီရေစငါတို့တတွေက တိုင်းရင်းသား အချင်းချင်းညီညွတ်ရေး၊ တိုင်းသူပြည်သား လူထုညီညွတ်ရေး၊ […]


အချိန်ရဲ့တန်ဘိုး …………………………… နှလုံးသားစီးခြင်းရိုက်သံတွေ ဖြူစင်ခြင်းအတိတ်ရောင်တွေ နာကြည်းခြင်းမည်းညစ်ရောင်တွေ ရောပြွမ်းနေတဲ့ရင်ခွင်တစ်ခုက ခံစားချက်တစ်စုံတရာကို နားခွင့်တောင်းနေခဲ့ပြီ……။ ငါ……..တောင်းပန်ပါတယ် ခံနိုင်ရည်ရဲ့အဆုံးဘက်မှာ သုညဒီဂရီရောက်နေလို့ပါ ဖြစ်နိုင်မယ်ဆိုရင်……….. အချိန်တစ်ခုရဲ့တန်ဘိုးတစ်ခုကို သိစေချင်ပါသေးတယ်………..။ တားဆီးခွင့်တစ်စုံတရာမရှိတော့ပေမဲ့ ရှင်းပြခွင့်ရလာဒ်လေးကိုရချင်ပါသေးတယ် အချိန်အတိုင်းတာတစ်ခုရဲ့ဒဏ်ခက်မှု နောင်တဆိုတာလေးကိုမခံစားစေချင်လို့ပါ..။ တကယ်ဆိုရင်အချိန်တစ်ခုကိုရခွင့်ပေးသင့်တယ် ငါတို့နှစ်ယောက်ရဲ့ပြောင်းလည်းမှုက အချိန်လေးတစ်ခုရဲ့တန်ဘိုးပေါ်မှာ ရပ်တည်နိုင်သေးလို့ပါ……………။  ဇွဲမာန်(အင်းဝ)


တိုးတိုးလေးပါပဲ …………………. ငါမညာရက်ဘူး………….. ငါမညာချင်ဘူး…………… ရင်ထဲကခံစားချက်တွေကို အသိမှတ်တစ်ခုအနေနဲ့ပြောပြဖို့ ခံစားတက်သူကိုရှာနေခဲ့မိတယ် ခံစားမဲ့သူကိုညာနေခဲ့မိတယ် ရင်တွင်းကခံစားချက်ကတော့ မြည်နေခဲ့မိပြီ…………….. ဒါပေမယ်………တိုးတိုးလေးပါပဲ….။ လမင်းကိုငေးမောဖို့ကောင်းကင်ကိုကြည့်မိခဲ့ပြီ ကြယ်ကလေးကငိုနေလို့ပေါ့ ဪ…………ဟုတ်တယ် သူငိုနေတယ် ငါလည်းငိုနေတယ် ဝေးကွာမှုတွေကအစပြုခဲ့တာလေ ရင်ခုန်သံတွေကခုန်နေတုန်း ဒါပေမယ့်……..တိုးတိုးလေးပါပဲ….။ စင်မြင့်ပေါ်ကအဆိုတော်သစ်က သံစဉ်တွေကိုသီကုံးနေခဲ့ပြီး သဘာဝတရားကြီးထဲရောက်နေတဲ့ ကဗျာဆရာလေးက အလှပကိုရှာနေပြီး စကားလုံးတွေသီကုံးနေခဲ့ပြီ ကန်ဘောင်မှာရောက်နေတဲ့ချစ်သူစုံတွဲက စကားတွေဖောင်ဖွဲ့လို့ပေါ့………… ငါလည်းပြောလိုက်မိခဲ့တယ် ချစ်ဆုံးသူရဲ့ရင်တွင်းဆီသို့ ငါ့နှလုံးသားလေးရဲ့တောင်းဆိုချက်အရ `ငါ…..မင်းကိုချစ်တယ်`ဆိုတဲ့စကားလုံးလေး ငါ့ရင်တွင်းကပြောလိုက်မိပြီပေါ့…….. ဒါပေမယ့်……….တိုးတိုးလေးပါပဲ……..။ ။   ဇွဲမာန်(အင်းဝ)


ပြည်တွင်းစစ် …………………………………….. ငါ့အိပ်မက်ကိုလည်းမက်ခွင့်ပြုပါ မင်းအိပ်မက်ကိုလည်းခံစားခွင့်ပြုပါ ရာသီတွေကမတည်ငြိမ်သေးဘူး ကောင်းကင်ယံကကြယ်စင်တွေလည်းကြွေနေဆဲပေါ့။ လင်းကြက်တွန်သံတွေကခက်တိတ်တိတ်ပါပဲ တည်ငြိမ်သလို မတည်ငြိမ်သလိုရေလှိုင်းကြားက ဗေဒါပင်ငယ်လေးတွေကလက်လှုပ်လှုပ် သံစဉ်လို်က်ဖို့စောင့်နေကြသူတွေကအများသား ရေးလိုက်ခြစ်လို်က်ကြတဲ့ကျောင်းသားလေးတွေ “ယုံလိုက် ယုံလိုက်”လို့ဆိုပြီးရေထဲဆင်းသွားကြတာ ပြန်လာတော့ ငါးစာ တွေနဲ့ပေါ့..။ ချက်မယ် ပြုတ်မယ်ဆိုတုန်းအိုးဖွင့်လို်ကတော့ ကြွက်မစုံတွဲကစိတ်ဆိုးသွားပြန်ပါလေရော ခက်မိပါရဲ……………. အပြင်ဘက်ကိုကြည့်မိတော့လည်း နွားသိုးတစ်ရှည်းကမျက်စောင်းတွေထိုးလို့ပါလား တငွေ့ငွေ့လောင်နေတဲ့စပါးကျီတိုက်ကြီးကို မကြည့်မိဖို့လည်းအားတွေတင်ထားနေမိပြီ၊ သားသားဗိုက်ဆာပြီဖေဖေ သမီးထမင်းစားချင်တယ်ဖေဖေ သံစဉ်မညီ၊ကဗျာမပီတဲ့အသံဗလံတွေက ငါ့နားထဲမှာပဲ့တင်ထပ်လို့ပေါ့…။ တဝုန်းဝုန်း တဒိုင်းဒိုင်းအသံတွေကြားမှာ ကိုယ်ထည်တစ်ခုကိုဘေးမှာလွယ်ရင်း ချောင်ကျကျနေရာလေးတစ်ခုမှာ ဖျာစုတ်လေးတစ်ခုကိုခင်းရင်း ဟောင်းနွမ်းတဲ့စောင်လေးခြုံကာ အိပ်မက်တစ်ခုကိုမက်နေခဲ့မိပါရဲ့ အဲဒါ……………….. “ပြည်တွင်းစစ်တွေငြိမ်းချမ်းပါရစေ”တဲ့…။


မပြောဖြစ်လိုက်သောစကားတစ်ခွန်း ………………….. ငါ့အိမ်မက်ကိုမင်းခံစာလည့်ပါ ငါ့ကိုတော့မနိုးသွားပါနဲ့ ငါမခံးစားနိူင်ဘူး ဖြစ်နိူင်ရင်တော့အနမ်းလေးထားခဲ့ပါလား ငါနိူးရင် ရင်ခုန်စေဖို့ပေါ့…၊ တကယ်တော့ငါမသိခဲ့ပါဘူး.. မင်းဟာတိတ်ဆိတ်စွာထွက်ခွာသွားခဲ့ပြီ တကယ်ဆိုရင် ငါ မင်းကို…. ချစ်ပါတယ်..ဆိုတဲ့ စကားလေးတစ်ခွန်းပြောသင့်တာပေါ့ ဒါပေမဲ့…… ငါဟာအိမ်မက်ထဲမှဇာတ်ကောင်ဆိုတာ.. မင်းသိခဲ့ရင်……။


ချက်တင် ………………….. ရှည်လျှားလှတဲ့လေဟာပြင်ထဲမှာ နက်နဲသောအဓိပ္ပါယ်တွေရဲ့ဖော်ဆောင်မှုကြောင့် သေးငယ်သောကြိုးမျှင်လေးသွယ်တန်းခဲ့ပြီ..။ စေတမန်အဖြစ်ထမ်းဆောင်ခွင့်ရခဲ့ကြတဲ့ ကွန်ပျူတာမျက်နှာပေါ်ကစာသားလေး အထူးတာဝန်တစ်ခုနဲ့ကြိုးမျှင်ပေါ်လျှောက်ခဲ့ရပြီ..။ သွက်လက်ချက်ချာတဲ့သူငယ်ချင်း(10)ယောက် မှားယွင်းမှုတစ်စုံတရာနည်းပါးစေဖို့ စည်းချက် ဝါးချက်ဖြင့်တွဲစပ်ပြီးတီးစေကာ ကီးဘုတ်ရဲ့မျက်နှာပြင်ပေါ်ကခုန်ကြကုန်ပြီ..။ ထိတွေ့မှုကအိပ်ပျော်ခဲ့တာဆိုပေမဲ့ ခံစားမှုကဦးဆောင်ပြီးချီတက်ကြကုန်ပြီ မကြာခင်ပြန်လာလိမ့်မယ်…………. အောင်မြင်မှုနဲ့……….။ ရှုံးနိပ့်မှုနဲ့……………..။


တိုက်ဆိုင်မှုရဲ့လှည့်ကွက် ကံကြမ္မာရဲ့လှည့်ကွက်ကြောင့် တိုက်ဆိုင်မှုလေးဖြစ်သွားရင် ငါ့ကိုခွင့်လွတ်နော် တကယ်တော့…… မသိလိုက်မှီတခဏမှာ အချက်ပေးကိရိယာတွေ မြည်သင့်ပေဘူး…. ခုတော့…. ဘာမဟုတ်တဲ့တိုက်ဆိုင်မှုကြောင့် နှလုံးသားကလက်သင့်မခံဘူး ဖြစ်နိုင်ရင်တော့မြင်စေခြင်တယ် ခုတော့မင်းရောငါရော ဘာမှမတက်နိုင်သောအခြေနေနဲ့ ဘဝကိုကျောခိုင်းမလား.. ရင်ဆိုင်ဖြတ်ကျော်မလားဆိုတာ…