သူမ စိတ်ဆိုးဆိုးနဲ့ ထွက်သာလာရတယ် ဘယ်သွားလို့ ဘယ်လာရမှန်းမသိ။ ရန်ကုန်မြို့က သူမအတွက်ကျဉ်းလွန်းနေသလိုပင်။ လမ်းလျှောက်ရင်း သွားစရာနေရာကို အလျှင် အမြန် စဉ်းစားနေရသည်။ သူငယ်ချင်းတွေအိမ်လည်း မသွားချင်။ သူမ အိမ်တွင်းရေးကို သူငယ်ချင်းတွေမသိစေလို။ သူတို့ထင်နေသလို ကံကောင်းသော ပျော်စရာကောင်းသော မိသားစုရှိသူအဖြစ် ဆက်ထင်နေစေချင်သည်။ တကယ့်တကယ် ည ၈နာရီကျော်ဆိုတာ နောက်ကျသော အချိန်မဟုတ်ပေမယ့် အသက် ၃ဝ ကျော် အိမ်ထောင်ရှင် အမျိုးသမီးအတွက် သွားစရာနေရာရှားပါးလှပေသည်။ ယောင်တောင်ပေါင်တောင်ဖြစ်နေသော သူမကို ကွက်ကြည့်ကွက်ကြည့် လုပ်သွားသော လမ်းသွားလမ်းလာများ၏ အကြည့်ကိုလည်း မခံလို။ ပါးစပ်သရမ်းသူတို့၏ မကြားတကြားပြောသံလည်း မကြားချင်ပေ။ နေ့လည်ဆိုလည်းကောင်းသား၊ shopping ထွက်ရင်း beauty spa မှာ ခေါင်းလျှော်ရင်း အချိန်ကုန်ဆုံးစေလိုက်မည်။ ကားမောင်းသင်ပေးမည်ဟု သူပြောတုန်းက မသင်လိုက်မိတာမှားပြီ။ အနည်းဆုံးတော့ […]