lady fingerDecember 10, 20141min37726
သူမ စိတ်ဆိုးဆိုးနဲ့ ထွက်သာလာရတယ် ဘယ်သွားလို့ ဘယ်လာရမှန်းမသိ။ ရန်ကုန်မြို့က သူမအတွက်ကျဉ်းလွန်းနေသလိုပင်။ လမ်းလျှောက်ရင်း သွားစရာနေရာကို အလျှင် အမြန် စဉ်းစားနေရသည်။ သူငယ်ချင်းတွေအိမ်လည်း မသွားချင်။ သူမ အိမ်တွင်းရေးကို သူငယ်ချင်းတွေမသိစေလို။ သူတို့ထင်နေသလို ကံကောင်းသော ပျော်စရာကောင်းသော မိသားစုရှိသူအဖြစ် ဆက်ထင်နေစေချင်သည်။ တကယ့်တကယ် ည ၈နာရီကျော်ဆိုတာ နောက်ကျသော အချိန်မဟုတ်ပေမယ့် အသက် ၃ဝ ကျော် အိမ်ထောင်ရှင် အမျိုးသမီးအတွက် သွားစရာနေရာရှားပါးလှပေသည်။ ယောင်တောင်ပေါင်တောင်ဖြစ်နေသော သူမကို ကွက်ကြည့်ကွက်ကြည့် လုပ်သွားသော လမ်းသွားလမ်းလာများ၏ အကြည့်ကိုလည်း မခံလို။ ပါးစပ်သရမ်းသူတို့၏ မကြားတကြားပြောသံလည်း မကြားချင်ပေ။ နေ့လည်ဆိုလည်းကောင်းသား၊ shopping ထွက်ရင်း beauty spa မှာ ခေါင်းလျှော်ရင်း အချိန်ကုန်ဆုံးစေလိုက်မည်။ ကားမောင်းသင်ပေးမည်ဟု သူပြောတုန်းက မသင်လိုက်မိတာမှားပြီ။ အနည်းဆုံးတော့ […]


မြသဲ ( 17082011 )August 26, 20141min47525
တရံတခါဆီကပေါ့ရှင် ကျွန်မမှာ အကသင်ဖို့ကိစ္စဖြစ်လာပါတယ်။ မှတ်မှတ်ယယ ခြောက်တန်းနှစ် ( ၁၉၈ရ ) ရာတန်တွေ ( အဲ့ အစိတ်တန်လား ရာတန်လားသေချာမမှတ်မိ ) တရားမဝင်ကြေငြာလိုက်တော့ တက္ကသိုလ်ကျောင်းသားတွေဆန္ဒပြလေတော့ ကျွန်မတို့ကျောင်းလေးတွေလဲ တလခွဲ နှစ်လလောက် ရောယောင်ပိတ်တဲ့ထဲပါသွား သပေါ့။ နဂိုကမှ ညနေကျောင်းပြီးတာနဲ့ အိမ်တန်းမပြန်ပဲ တောတိုးခြုံဝင်ရွာပါတ်ဆော့တဲ့အမျိုးမို့ ဒီတခါကျောင်းပိတ်တာကတော့ ကျွန်မအတွက်ဆုလာဘ်တပါးဖြစ် သလို မိဘများအတွက်တော့ အင်မတန်ခေါင်းခဲစရာပေါ့ရှင်။ အဲ့အချိန်မှာပဲ မြို့က အနုပညာဝါသနာရှင် ဆရာဝန်မတယောက်က ပတ ္တလားသင်တန်းနဲ့ အကသင် တန်းဖွင့်ပါလေကော။ ကျွန်မလိုမိန်းမပီသသူအတွက်ကတော့ ဘုန်းကြီးနဲ့ဘီးလို လားလားမှမဆိုင်တဲ့သင်တန်းပေါ့။ သို့သော် အိမ်ကတော့ ဗိုင်းကောင်းကျောက်  ဖိဖြစ်အောင် အကသင်တန်းကိုပို့လိုက်တယ်။  :p: မြင်ကြည့်ကြပါအရပ်ကတို့ရယ်။ လမ်းလျှောက်တာတောင် ကားယားကားယား ဇာတ်တောက် ဇာတ်တောက် လျှောက်တဲ့သူက အကသင်တန်းရောက်သွားတဲ့အခါမယ် အတော်လေးကို […]