jullies cezerOctober 23, 20121min27918
အားလုံးပဲ ဂေဇက်ရွာ ရွာသူရွာသားအပေါင်းတို့ မင်္ဂလာပါ ကျွန်မက ရန်ကုန်မြို့လှည်းတန်းမှာနေတဲ့သူဖြစ်ပါတယ် ရွာသူရွာသားအပေါင်းတို့မှတ်မိကြမလာတော့မသိဘူး တစ်ခါတုန်းက ဒီရွာထဲကရွာသူတစ်ယောက်ပဲ ဒီအကြောင်းကိုတင်ခဲ့ဖူးပါတယ် တင်တဲ့ Post ရဲ့ရက်စွဲနဲ့ ခေါင်းစဉ်ကိုမမှတ်မိတော့ပါဘူး အခုလည်း အပ်ကြောင်းထပ်တယ်ကူးချတယ်လို့တော့မထင်လိုက်ပါနဲ့ ရှင်းလို့ကိုမပြီးနိုင်တဲ့ဂိုဒေါင်အကြောင်းလေးထပ်ပြောချင်လို့ပါဗျာ ရန်ကုန်မှာနေကြတဲ့ ရွာသူရွာသားတိုင်း လှည်းတန်းဆိုတဲ့အရပ်ကို အားလုံးနီးပါး ရင်းနီးကျွမ်းဝင်ပြီးသားဖြစ်ကြပါမှာပါ ။ အဲဒီလှည်းတန်းဆိုတဲ့အရပ်က ရန်ကုန်အင်းစိန်လမ်းမကြီးပေါ်မှာရှိတဲ့ ဖိနပ်ဆိုင်တစ်ဆိုင်ကို အားလုံးပဲသတိထားမိကြမှာပါ အမြဲလိုလိုဂိုဒေါင်ရှင်းတယ်ဗျာ အဲဒီဂိုဒေါင်ရှင်းတဲ့ဖိနပ်တွေကို discount နဲ့ရောင်းတယ်ဗျာ ဒီလောက်ဆိုရွာသူရွာသားများပေါက်ကြမှာပါ ။ အဲဒီဂိုဒေါင်းရှင်းတာအတော်ကြာတယ်ဗျာ တော်တော်ကိုမှနှစ်ပေါက်အောင်ရှင်းခဲ့ရတဲ့ ဂိုဒေါင်ဗျာ အဲဒီမှာ ရွာထဲမှရွာသူတစ်ဦးက ဂိုဒေါင်ရှင်းဆိုပြီး တရုတ်ဖိနပ်တွေကိုဈေးလျော့ရောင်းတဲ့အကြောင်း တင်လိုက်ရော သိပ်မကြာဘူး ဂိုဒေါင်ရှင်းတာပြီးသွားရော ။ ဒါနဲပဲဂိုဒေါင်ရှင်းဆိုင်းဘုတ်မတပ်တော့ပဲ ဆက်ရောင်းနေတယ်ဆိုပါတော့ဗျာ ။ အခုအဲဒီဂိုဒေါင်ရှင်းက ဘယ်ရောက်လာပြီထင်လဲ ရန်ကုန်-အင်းစိန်လမ်းမကြီးပေါ်ကနေ ဦးထွန်းလင်းခြံလမ်းထဲက အစုံရောင်းတဲ့ Mini market ဆီကိုရောက်လာတယ်ဗျာ […]