Nan ShinOctober 9, 20111min32925
နိုင်ငံတော် သီးခြားဝိနည်းဓိုရ်အဖွဲ့မှ အဓမ္မဝါဒအဖြစ် ဝိနိစ္ဆယချ၊ ဆုံးဖြတ်ပြီးသော မိစ္ဆာဝါဒများကို လေ့လာကြည့်သောအခါ အချို့သော မိစ္ဆာဝါဒများသည် တစ်ခုနှင့်တစ်ခု ဆက်သွယ်မှုရှိနေသည်ကို တွေ့ရ၏။ ဥပမာ- ရှင်ဥက္ကဋ္ဌ-၏ မိစ္ဆာဝါဒအချို့နှင့် ရေတာရှည် ဦးမာလာဝရ၏ ဝါဒ၊ ဦးပညာဝံသ၏ ဓမ္မနီတိဝါဒ-တို့မှ အချို့သော မိစ္ဆာဝါဒများ တူညီနေမှု။ တဖန် ယခုနောက်ပေါ် မိုးပြာဂိုဏ်း၏ ပစ္စုပ္ပန်ကမ္မဝါဒ-နှင့် ဦးအေးမောင်၏ ဗုဒ္ဓနှင့်ဗုဒ္ဓဝါဒစာအုပ်မှ ရေးသားချက်များသည် အထက်ပါ ရှင်ဥက္ကဋ္ဌစသော အဓမ္မဝါဒများနှင့် ထပ်တူနီးပါး တူညီနေသည်ကို တွေ့ရ၏။ မိုးပြာဂိုဏ်းသည် လျှို့ဝှက်သောနည်းဖြင့် စည်းရုံးဟောပြောမှု ဖြန့်ချိမှု ပြုသဖြင့် သာမန်လူထု သိပ်မသိ၊ သိသောအချိန်တွင်လည်း မိစ္ဆာဝါဒ-ဟု တပြိုင်နက် သိလိုက်ရ၏။ ဦးအေးမောင်၏ ဗုဒ္ဓနှင့်ဗုဒ္ဓဝါဒပါ အယူဝါဒများကို ကား တရားဝင်ဖြန့်ချိထားသော စာအုပ်ဖြစ်သဖြင့် မိစ္ဆာဝါဒများဟု မထင်ကြ။ […]