AKKONovember 4, 20111min23813
လောကကြီးထဲ လူတွေများစွာရှိပါလျှက်  အခြေခံလူတန်းစားတွေကို သနားမိတဲ့ ကျွန်တော်အဖြစ်ပျက်လေးရင်နာနာနဲ့ ပြောပါဦးမယ် ။ စေတနာဆိုတာ လူသားအချင်းချင်းကြားမှာ အပြန်လှန်ရှိလျှင် နှစ်ဦးနှစ်ဖက်အကျိုးရှိပါတယ် ကြည်နူးစရာလည်းကောင်းလှပါတယ် ။ ဒါပေမယ့် စေတနာထားတဲ့နေရာလွဲမှားသွားပြီဆိုလျှင်တော့ စေတနာကနေ ဝေဒနာအဖြစ်ပြောင်းသွားတတ်ပါတယ် ။ လူတွေဗျာ စိတ်ကောင်းထားလို့ နည်းနည်းမှ မကောင်းဘူး ။ ထားခဲ့ဖူးတဲ့ စေတနာလေးတောင် နည်းနည်းပျက်ချင်လာပါပြီ ။ ဒီလိုပါ ကျွန်တော် ဆေးရုံက အားတဲ့အချိန် အချိန်ပိုင်း အလုပ်ဝင်တဲ့စက်ရုံအနီးနားက အခြေခံလူတန်းစားတွေကြားမှာ စရိတ်စက အသက်သာဆုံးဆေးခန်းတခုဖွင့်ခဲ့တယ် ။ ရည်ရွယ်ချက်ကတော့ အခြေခံလူတန်းစားတွေကြားဖြစ်ပေါ်နေတဲ့ ကျန်းမာရေး အယူဆလွဲတွေနဲ့ ခဏခဏကလေးဖျက်တဲ့ အန္တရာယ်ကနေ တတ်နိုင်သလောက် ကူညီဖျောင်းဖျ အသိပေးမယ်ပေါ့ဗျာ ။ ရည်ရွယ်ချက်လေးအောင်မြင်လျှင် ကျန်သူငယ်ချင်းတွေနဲ့ပေါင်းပြီး နေရာတိုးချဲ့ လုပ်ကိုင်ဖို့အထိ စိတ်ကူးရှိခဲ့ဖူးတယ် ။ တကယ်တမ်းလက်တွေ့ဘဝနဲ့ယှဉ်ကြည့်တော့မှ တော်တော် […]