black chawOctober 4, 20111min54617
အကြိုက်တွေ့မိသော စာအုပ်လေးတစ်အုပ် အကြောင်း ပြောပြချင်ပါတယ်။ ဒေါက်တာသိန်းလွင် ရေးသားပြီး တူဒေးစာအုပ်တိုက်က ထုတ်ဝေသော “ ကိုယ်ကျင့်တရားနှင့် ဘဝအောင်မြင်ရေး အလေ့အကျင့်များ “ စာအုပ်ဖြစ်ပါတယ်။ YOU CAN WIN BY SHIV KHERA လို့ဖေါ်ပြထားတဲ့ ဘာသာပြန်စာအုပ်လေးဖြစ်ပါတယ်။ ထုတ်ဝေခဲ့တာကတော့ ၂၀၀ဝ ပြည့်နှစ် မတ်လကတည်းကပါ။ ဖတ်ဘူးတဲ့လူတွေတောင် တော်တော် များများ ရှိနေရော့မယ်။ လူတစ်ယောက် အောင်မြင်ဘို့အတွက် စိတ်နေစိတ်ထားအရေးကြီးတယ်ဆိုတာကို နမူနာလေးတွေနဲ့ ရှင်းပြထားတာပါ။ ဒီစာအုပ်ကို ကျွန်တော် ကြိုက်ရတဲ့ အကြောင်းကလည်း  နားလည်လွယ်တဲ့ နမူနာလေးတွေကြောင့်ဖြစ်ပါတယ်။ နမူနာအချို့ကို အရင်းအတိုင်း တင်ပြခွင့်ပြုပါ။ နမူနာ (၁) “ ပွဲဈေးတစ်ခုတွင် ဘူဘောင်းများရောင်းပြီး အသက်မွေးသည့် လူတစ်ဦးရှိသည်။ နီ၊ ဝါ၊ ပြာ၊ စိမ်း […]