လင်းဝေMay 10, 20121min24116
စာအုပ်ကြော်ငြာ ပါ။ ဘားရက် အိုဘားမားရဲ့ ဆီနိတ်တာဘဝ က ရေးသားခဲ့တဲ့စာအုပ်ကို မြန်မာဘာသာ ပြန်ဆိုထားတာပါ။ ဒီမိုကရက်ဆီနိတ်တာ အနေနဲ့ ရီပတ်ဘလီကန် အစိုးရ လက်ထက်မှာ ရေးထားတဲ့အမြင်ဖြစ်ပါတယ်။ ပွင့်လင်းပြီး တိုင်းပြည်တည်ဆောက်ရေး တိုးတက်ရေးအတွက် အမြင်တွေအပြင် အမေရိကန် လွှတ်တော်ထဲမှာ ဘယ်လို အလုပ်တွေလုပ်ကြသလဲ။ အမေရိကန် အထက်လွှတ်တော် အမတ်တစ်ယောက်အလုပ်ဘယ်လိုလုပ်ပြီး အမြင်ဘယ်လို ရှိတယ်ဆိုတာတွေပါ ဖတ်ခွင့်ရတဲ့ စာအုပ်ပါ။ စာအုပ်တန်ဖိုးက ၃၀၀ဝကျပ်တည်းနဲ့ အသိအမြင်များစွာရစေနိုင်မှာဖြစ်ပါတယ်။ အထူးသဖြင့် နိုင်ငံရေးသမားဆိုသူများ၊ လသား တစ်နှစ်သား နှစ်နှစ်သား အမတ်မင်းအသစ်ကျပ်ချွတ်များ မဖြစ်မနေဖတ်သင့်တဲ့စာအုပ်လို့ မြင်မိပါတယ်။ ဒါ့အပြင် ရင့်ကျက်တဲ့ မဲဆန္ဒရှင်များလည်း ဖတ်သင့်ပါတယ်။ အောက်မှာ ဘာသာပြန်သူရဲ့ အမှာကို ပြန်ရိုက်တင်ပေးလိုက်ပါတယ်။ ဒီမိုကရေစီ ရဲ့ သဘောကတော့ နိုင်ငံသားများရဲ့လက်ထဲသို့ ရွေးချယ်ခွင့်ကို အပ်နှင်းပေးလိုက်တာပဲဖြစ်ပါတယ်။ […]