ချစ်စွာသောရွာသူားတို့ရေ ….. တကယ်တော့ ဒီစာလေးက ကိုထူးဆန်းရဲ့ “မန်းဂဇက် ချစ်သူများစာပေဆု ၂၀၁၂ ဩဂုတ်လ နှင့် ကူညီကြပါဦး”  ပိုစ့်မှာ ကွန်မင့်အဖြစ် ရေးဖို့ပါဗျာ။ ဒါပေမယ့် ကျွန်တော့်ထုံးစံအတိုင်း အချိန်ဆွဲနှောင့်နှေးနေတာ ရေးမယ်ကြံခါမှ ပိုစ့်ဘယ်ရောက်သွားမှန်းမသိလို့ တော်တော်လိုက်ရှာရပါတော့တယ်။ အဲဒါကြောင့် အခုမှ ကွန်မင့်ထရေးလဲ စာဖတ်သူတွေသိပ်မတွေ့မှာစိုးတာနဲ့ ပိုစ့်အဖြစ်ပဲ တင်လိုက်ရပါတယ်။ ကျွန်တော်တို့ မန်းဂဇက်ချစ်သူများအကြိုက် စာမူဖတ်ရွေးအဖွဲ့လေးဟာ ဒီဩဂုတ်လမှာ နှစ်လမြောက် နှစ်ကြိမ်မြောက် အကြိုက်ဆုံးစာမူတွေကို ရွေးချယ်ခဲ့ပြီးပါပြီ။ စာမူဖတ်ရွေးအဖွဲ့ဝင်တွေဟာ ပတ်ဝန်းကျင်မတူ၊ အကြိုက်မတူ၊ ခံစားချက်မတူ ကြတာမို့ တဦးစီက ရွေးချယ်ခဲ့တဲ့စာမူတွေဟာလဲ ဟိုလိုလဲကောင်း  ဒီလိုလဲကောင်း တဲ့  သူတရသစုံ စာမူတွေပဲဖြစ်နေတာကို ပဏာမ အရွေးခံစာမူစာရင်းကို ကြည့်လို့ သိနိုင်ကြပါတယ်။ လူပေါ်ကြည့်မရွေးပဲ စာပေါ်သာကြည့်ရွေးခဲ့ကြတာလဲ […]


မထင်ထားဘူး… အဲဒီနေရာမျိုးမှာ အင်တာဗျူးဖြေရလိမ့်မယ်လို့ တကယ့်ကို ထင်မထားပါဘူး… ဇတ်လမ်းစတာက အဲ့ဒီကောင် ရဲဘော်ဟောင်း ပေါ့..။ တနေ့က – ကျုပ်ကလဲ စမ်းချောင်း ဗဟိုလမ်းမှာရောက်နေတုန်း ဒီကောင်က ဖုန်းဆက်ပြီး ပန်းဟေဝန်  ကိုခေါ်တယ်။ ပန်းဟေဝန်ဆိုတာက ဟံသာဝတီလမ်းပေါ် ကားပွဲစားတန်းထွက်ပေါက်နားက လဘက်ရည်ဆိုင်ပါ။ ဒီကောင့်မလဲ  နိုင်ငံတော်ရဲ့စီးပွားရေးမူဝါဒတွေကိုယုံမိလို့  သူ့စည်းစိမ်လေး ခပ်ကြီးကြီးပဲ့သွားပြီးကတည်းက “ကားမျော-မိန်းမပိုက်ဆံနဲ့လိုက်” ရင်း  ဆင်ကြံကြံ  ကျားချောင်းချောင်း နေလိုက်တာ တနေ့တနေ့  ကားဝိုင်းနားကကို မခွာဘူး…။ အခုလဲ သူ့ကားတရားကိုမနာချင်တာနဲ့  ဟိုဟိုသည်သည်စကားလမ်းလွှဲရင်း မန်းဂေဇက်အကြောင်းရောက်သွားမိတယ်..။ မန်းဂေဇက်အကြောင်းပြောမိမှတော့ လောလောဆယ်လုပ်နေတဲ့ မန်းဂေဇက်ချစ်သူများစာပေဆု အကြောင်းလဲ ပြောဖြစ်တော့တာပေါ့…။ အဲဒီမှာတင် ဒီကောင်တစခန်းထတော့တာပဲ………..   “ အေးကွာ.. ပါလေရာ ရယ်..။ ဒီလိုမှန်းသိရင် ငါလဲ ဆောင်းပါးလေးဘာလေး ရေးပါရဲ့….. ” […]


                    မင်္ဂလာပါဗျာ… ကနဦး ဝန်ခံရမှာက အဲဒီခေါင်းစဉ်စာသားက သတင်းစာဆရာကြီးအောင်ဗလ(ကြေးမုံဦးသောင်း)ရဲ့ ဆောင်းပါးစီးရီးခေါင်းစဉ်ကို မှီငြမ်း:၊ကိုးကား၊အတုယူ၊စုတုပြု ထားတာပါခင်ဗျ..။ အဲဒါကတော့ ကိုယ့်ကိုယ်ကိုမို့ သက်သက်သာသာ လှတပတ လေးပြောရတာပါ။ ဒီနေရာမှာ သူများကိုသာ ပြောရမယ်ဆိုရင်တော့ လက်ညှိုးကြီးငေါက်ငေါက်ထိုးပြီး အာလုပ်သံကြီးနဲ့- ဟဲ့…..  အဲဒါ နင်ခိုးချထားတာလေ၊ သူများဦးနှောက်ဖေါက်စားတာ၊ သူများတွင်းဝင်အောင်းတာ၊ သူများရဲ့ဟုန်းဟုန်းတောက်ကျော်ကြားပြီးသား ထရိတ်မတ်ခ်စာသားတွေက်ို နှစ်ပေါင်းသုံးဆယ်လောက်ဆိုမေ့လောက်ပါပြီဆိုပြီး စကောလောက်မှဇောက်မနက်တဲ့အကြံနဲ့ မျက်နှာပြောင်တိုက် မူပိုင်ခွင့်ချိုးဖေါက်တာ..၊ ဘလာ… ဘလာ… ဘလာ…  ဆိုပြီး အားပါးတရ၊ပယ်ပယ်နယ်နယ် နှိပ်ကွပ်ခြေမှုန်းမိမှာပါ…။ အဲဒါပါခင်ဗျာ…… “သူများ”  လို့မြင်တဲ့အခါ နဲ့ “ကိုယ့်”  လို့မြင်တဲ့အခါ ရင်ထဲကထွက်ပေါ်ပြီး နှုတ်ဖျား(ကလောင်ဖျား)က စီးကျလာတဲ့ စကားတွေဟာ […]