ကြုံရဆုံရ မန်နေဂျာဘဝ..။။ အရင်တုန်းထဲက မသင်္ကာတာပဲဗျ ဒါပေမယ့် အဲဒီနေရာမှာ လူကလည်းမရှိ အစားထိုးဖို့ ဝန်ထမ်းကလည်းခက်လေတော့ အလုပ်ခေါ်စာ ကြော်ငြာကပ်ပြီး ခေါ်လိုက်ရတာပဲလေ အဲဒီတော့ လာပြီးအလုပ်လျှောက်တဲ့ သူတွေထဲကမှ သတ်မှတ်ချက် နဲကိုက်ညီ ကျွမ်းကျင်မှုလည်းရှိဟန်တူပြီး ကျုပ်လိုခြင်တဲ့ သင်တန်းဆင်းလက်မှတ်တွေလည်းတင်ပြနိုင် လုပ်ငန်းအတွှေ အကြုံလည်း(၃)နှစ်လောက်ရှိတော့ သုံးစားလို့ရမယ်ထင်ပြီးခန့်ထားလိုက်တာပဲလေ  ဒါပေမယ့်……… ဒီကောင့်ပုံကြည့် ရတာ မူမမှန် သူ့နာမည်က“စိုးနိုင်”သူ့ကိုပေးထားတဲ့တာဝန်က လျှပ်စစ်ပိုင်းဆိုင်ရာဝန်ထမ်း သူလုပ်ရ မှာကစက်ရုံးထဲလှည်ပတ်နေပြီး အရေးပေါ် ပျက်တဲ့ လျှပ်စစ်နဲ့ ပါတ်သက်တဲ့ ကိစ္စမှန်သမျှ ပြင်သင့်တာပြင် မီးပျက်သွားရင် မီးစက်မောင်းမီးချိန်းပေး Load တွေ Ampier တွေတိုင်းတာမှတ်သား ဆင်သင့်တာဆင်ပြင်သင့်တာပြင် ဒီလိုနေရမှာဗျ အခုတော့ဒီကောင်ကဒီလိုမဟုတ်  တစ်နေကုန် တကုတ်ကုတ် အခန်းထဲကမထွက်  ဘာတွေလုပ်နေတယ်မသိ ကျုပ်ကလဲ တစ်နေ့တစ်နေ့ သွားလိုက်ရတဲ့ အပြင် ဒီ […]