ပြောချင်ပါသေးတယ်။ ဒါက တွေ့ကြုံခဲ့ရတဲ့ အဖြစ်အပျက်လေးတစ်ခုပါ။ အရမ်းလည်း စိတ်တိုဖို့ ကောင်းပါတယ်။ အဲဒီရက်တုန်းက ကျွန်တော်တို့ ကျောင်းက ဘွဲ့ယူဖို့ဖောင်တင်ဖို့ ငါးရက်၊ ခြောက်ရက် လိုခါနီးပါ။ ဘွဲ့ယူဖို့ အတွက် ဖောင်နဲ့အတူ နှစ် (၃၀) လဲပြီးသား မှတ်ပုံတင် copy ရယ်၊ လိုင်စင်ပုံ (၅) ပုံရယ်၊ မိဘမှတ်ပုံတင် copy ရယ် လိုပါတယ်။ ပြောချင်တာက နှစ်သုံးဆယ် မှတ်ပုံတင် လဲတဲ့ အခါပါ။ မှတ်ပုံတင်လဲဖို့ဆိုပြီး  မှတ်ပုံတင်ရုံးကို သွားပါတယ်။ ရောက်ရောက်ချင်း အရာရှိကို သွားတွေ့ပါတယ်။ မှတ်မှတ်ရရ ပြောရပါဦးမယ်။ ကျွန်တော်က ကျွန်တော့်မိဘက ပဇင်းခံပေးတဲ့ ဦးဇင်းတစ်ပါး  (မှတ်ချက်။ Ctrl Alt သုံးလို့ မရလို့ ဒီလိုေ ရးလိုက်တာပါ ) […]