manawphyulayMay 28, 20141min1206
လူတွေဟာ ကိုယ့်ဘဝရဲ့ ဥယျာဉ်မှူးတွေဖြစ်ပါသည်။ ကိုယ့်ဘဝကိုယ် ကိုယ်တိုင် ဘယ်လိုထိန်းကျောင်းသွားကြ ပါသလဲ။ ဥယျာဉ်မှူးကောင်းတွေဟာ အပင်သန်ပြီး အသီးတွေအောင်ဖို့၊ အပွင့်တွေလှပြီး အညွှန့်အခက်တွေ ဝေစည်ဖို့ ကြိုးပမ်းပြုပြင်ကြရပါသည်။ ပိုးမကျအောင်၊ မျိုးမပျက်အောင် ပြုစုစောင့်ရှောက်ကြသည်။ တချို့ ကတော့ ကိုယ့်ကိုယ်ကို အလေးမထား ပတ်ဝန်းကျင်ကိုလည်း ပစ်ပယ်ကြလို့ ဘဝဖုန်းဆိုးတောတွေ ဖြစ်ကုန် ကြတာကို တွေ့ရှိနေရပါသည်။ ကျွန်မတို့သည် နေ့စဉ် လူနေမှုဘဝတွင် ရွေးချယ်မှုများစွာကို လုပ်ကိုင်နေရပါသည်။ ရွေးချယ်သည် ဆိုသည့် စကားရပ်တစ်ခုသည် ကျွန်မတို့အတွက် အထူးဆန်းကြယ်သော စကားရပ်တစ်ခုပင် မဟုတ်ပါလား။ မိုးလင်းလို့ မျက်စိနှစ်လုံးပွင့်သည်နှင့်တစ်ပြိုက်နက်တည်း အိပ်ရာအရင်သိမ်းမလား၊ အိမ်သာ အရင်သွားမလား ဒါမှမဟုတ် မျက်နှာအရင်သစ်မလားဆိုတဲ့ စဉ်းစားရတဲ့ ရွေးချယ်မှုဆိုသောအရာနှင့် စတင် ထိတွေ့ရပါသည်။ အဲဒီလိုရွေးချယ်မှုတွေ များလာသည့်အခါ အမှန်ကို ရွေးချယ်မိသလို အမှားကိုလည်း […]