manawphyulayJuly 29, 20111min1441
ညီမလေး ပန်းရင့်ရောင် တဂ်တာကို ပြန်ဖြေခြင်းဖြစ်ပါတယ်။ ညီမလေး တဂ်တာကတော့ ညည်းဖြစ်မိသော သီချင်းများဆိုတဲ့ ခေါင်းစဉ်လေးပါ။ ဒါပေမယ့် ညီမလေးရေ မမက သီချင်းဆိုတာထက် နားထောင်တာပဲလုပ်လေ့ရှိတဲ့အတွက် ခေါင်းစဉ်လေးကို နည်းနည်းပြောင်းလိုက်ရတဲ့အတွက် တောင်းပန်ပါတယ်နော်။ လူဆိုတာ ပင်ပန်းတဲ့အခါ စိတ်ကို လန်းဆန်းစေမယ့်အရာတစ်ခုကို ပြုလုပ်တတ်ကြပါတယ်။ မမကတော့ အမြဲ စာဖတ်ဖို့ပဲ အားသန်ပါတယ်။ သီချင်းနားထောင်ပြီး ကော်ဖီသောက်ရင်း စာဖတ်ရတာကို အလွန်ပဲ ကြိုက်နှစ်သက်မိတယ်။ ဒါပေမဲ့ မျက်မှန်သမားဆိုတော့ အိမ်က သိပ်ပြီး စာဖတ်တာကို မကြိုက်တဲ့အတွက် ကွန်ပျူတာကိုင်တာပေါ့ ဟီး။ ပါဝါတွေလည်းတိုးလို့ တတ်နိုင်ဘူး။ ဝါသနာကို မတားနဲ့ရှင် ဆိုသလို ဖြစ်နေပြီ။ ကွန်ပျူတာကိုင်ရင်းလည်း သီချင်းနားထောင်တယ်။ သီချင်းနားထောင်လွန်းလို့ နားဒုက္ခရောက်တာတောင် ခံစားခဲ့ရဖူးတယ်။ တော်တော်ဆိုးတဲ့ ခံစားမှုတစ်ခုပေါ့ ညီမလေးရ။ ဒါနဲ့ ဆေးရုံကို […]