alinsettJuly 25, 20122min1424
”သူက ကျွန်တော့်ရဲ့ အဖေတူ အမေကွဲညီပါ။ တရားမဝင်အဖေတူအမေကွဲညီ” ဟု ဖြေလိုက်သည်။ ”ကျွန်တော် စပ်စုဖို့ မရည်ရွယ်ပါဘူး ဆပ်” ”ခင်ဗျားစပ်စုတာ မဟုတ်ပါဘူး” ”ဒီကလေးကို ဆပ်ဘာလုပ်မလဲ” ……………………… ……………………….. ___________________________________________ ”ဒီကလေးကို ဆပ်ဘာလုပ်မလဲ” ”ပက်ရှဝါကို ခေါ်သွားမယ်။ ဟိုမှာ ကလေးကိုဂရုစိုက်မယ့်လူတွေ ရှိတယ်” ဝါဟစ်သည် ကျွန်တော့်ကို ဓာတ်ပုံပြန်ပေးပြီး ကျွန်တော့်ပခုံးပေါ် သူ့ လက်တုတ်တုတ်ကြီးကို တင်ကာ ”ဂုဏ်သိက္ခာကြီးမြတ်လှပါပေတယ် ဆပ်။ ဒါမှ အာဖဂန်စစ်စစ်” ဟုပြောလိုက်ရာ ကျွန်တော့်မှာ ကြုံ့ဝင်သွားသည်။ ”ဆပ် ဒီအိမ်မှာလာတည်းတာ သိပ်ဂုဏ်ယူမိတယ်ဗျာ” ဟု ဝါဟစ်ဆိုသည်။ ကျွန်တော် ကျေးဇူးတင်စကားပြောပြီး ဖာရစ်ဒ်ကို လှမ်းကြည့်လိုက်ရာ ဖာရစ်ဒ်သည် ယခုတော့ ခေါင်းငုံ့ချထား၍ ကောက်ရိုးဖျာ၏ဖွာထွက်နေသော အနားစများကို လိမ်ယှက်နေသည်။ အတန်ကြာသော် […]