manawphyulayApril 18, 20121min13211
မြို့များစွာထဲမှ ရန်ကုန်မြို့သည် ဘာကြောင့် စည်ကားဆုံးမြို့ဖြစ်နေသနည်း အဖြေရှာကြည့်တော့ လူနေမှုထူထပ်နေခြင်းနဲ့ လူတန်းစားအလွှာအသီးသီးရှိခြင်းဆိုတဲ့အပေါ်တွင် မူတည်နေတာကို တွေ့ရပါတယ်။ ချမ်းသာသော လူတွေချည်းပဲ စုနေတာမဟုတ်သလို လက်လုပ်လက်စားတွေပဲ ရှိနေတဲ့ဝန်းကျင်လည်းမဟုတ်ပြန်ပါဘူး။ လူတန်းစားအလွှာ အသီးသီးရှိနေလို့ပါပဲလို့ ကောက်ချက်ချမိပါတယ်။ အရင်တုန်းကတော့ ရန်ကုန်မြို့သည် ပြည်ထောင်စုမြန်မာနိုင်ငံတော်၏ မြို့တော်ဖြစ်ပါတယ်။ မြန်မာနိုင်ငံသည် အကြီးဆုံးဆိပ်ကမ်းမြို့လည်း ဖြစ်တယ်။ လတ္တီတွဒ် မြောက် ၁၆ ံ ၄၆ နှင့် လောင်ဂျီတွဒ် အရှေ့ ၉၆ ံ ၁ဝ ဆုံရာမှာ တည်ရှိပါတယ်။ ရန်ကုန်မြစ်ခေါ် လှိုင်မြစ်နှင့် ပုဇွန်တောင်ချောင်း၊ ပဲခူးချောင်းတို့ဆုံရာ အရပ်မှာ ရှိပြီး။ ပင်လယ်ကူးသင်္ဘောကြီးများဟာ ပကတိအားဖြင့် လုံခြုံသော ရန်ကုန်ဆိပ်ကမ်းကို ဝင်ထွက်သွားလာနိုင်ကြတယ်လေ၊ ရန်ကုန်မြို့ဟာ ပြည်တွင်းကျောထောက်နောက်ခံနယ်များနှင့်လည်း ကုန်းလမ်း၊ ရေလမ်း၊ လေကြောင်းလမ်းတို့နဲ့ ဆက်သွယ်ရေးလည်း ကောင်းတယ်။ […]