ကျွန်မကလေးတွေက မြန်မာသီချင်းပဲဖြစ်ဖြစ် အင်္ဂလိပ်သီချင်းပဲဖြစ်ဖြစ် သူတို့နားထဲကြားတာကို ကွက်လပ်ပေါက်မကျန်အောင် သူတို့အတွေးနဲ့ဖြည့်ဆိုလေ့ရှိတယ်။ **မိုးလင်းတိုင်းမှာမရေရာတာတွေ တွေ့အောင်ပြန်ရှာ ပြီးဆုံးသွားတာ ခုံမင်နေတဲ့စိတ်နဲ့ မနက်စာကိုယ့်လမင်းလေး**** ဆိုပြီးခဏ ခဏအော်ဆိုတတ်ကြသလို သင်္ကြန်ပြီးနောက် သူတို့မောင်နှမဆိုဆိုနေတာက ***မနှစ်ကပေးတဲ့အင်္ဂလိပ်စာ ရေတွေစိုလို့ပျက်ကုန်ပြီ*** တဲ့ ကျွန်မက လိပ်စာလို့သေသေရှာရှာပြောတော့ လိပ်စာဆိုတဲ့အဓိပ္ပါယ်ကို အကျယ်ရှင်းရပြန်ရော။ တစ်ရက်က ကျွန်မသားလေးက *မေကြီးထမင်းစားတယ*် ဆိုလေတော့ ကျွန်မက *အေးအေး မေမေခူးလိုက်ဦးမယ်* လို့ပြောမိပါတယ်။မီးဖိုခန်းထဲထိလိုက်လာပြီး ငြင်းတော့ အတွန့်တက်တော့တယ်။(သူကသူ့စိတ်မှာမဟုတ်ဘူးထင်ရင် အိမ်သာထဲဝင်တောင် အိမ်သာရှေ့ကနေ လိုက်ငြင်းတတ်တဲ့အကျင့်ရှိတယ်။) *မေ့မေ့ မေမေက ထမင်းကိုအပင်စိုက်တာလား ချက်တာလား* တဲ့ ကျွန်မကလည်း *ချက်တာပေါ့သားရဲ့ ထမင်းပါဆို ချက်မှစားလို့ရမှာပေါ့* ဆိုတော့ *ဒါဆိုဘာလို့ ထမင်းထည့်ဦးမယ်လို့မပြောလည်း ထမင်းခူးမယ်တဲ့ အပင်စိုက်ထားမှခူးလို့ရမှာပေါ့* လို့ရေပက်မဝင်အောင်အတွန့်တက်ပြီး ကျွန်မဘာမှပြန်မပြောနိုင်ခင် ကျွန်မမှားကြောင်းသူ့အဖေကိုသွားသံတော်ဦးတင်လိုက်သေး။ တစ်ရက် ကျွန်မသမီးကကျောင်းကပြန်ရောက်တော့ *မေကြီး […]