Swal Taw YwetMarch 16, 20141min2036
အဲဒီ System Control Devices ဘာသာရပ်အတွက် စက်သက် (စက်မှုနှင့် သက်မွေးပညာ ဦးစီးဌာန) က ဝါရင့် E P ဆရာ ၂ယောက်ကို နိုင်ငံခြားပို့ ပညာသင်ယူစေပါတယ်၊ အဲဒီ ၂ယောက် ကမှ သင်ခန်းစာ စာအုပ် Text Book ပြုစုတာပါ။ တစ်ယောက်က ဆရာဦးထွန်းတင့်ပါ။ ကျနော်တို့ မန္တလေး GTI တက်နေတုံးမှာမှ မန္တလေး THS ကနေ ရာထူးတိုးနဲ့ ပြောင်းလာခဲ့တဲ့ဆရာ ဖြစ်ပါတယ်။ကျနော် နောက်ဆုံးနှစ်ကျောင်းသားဖြစ်တော့ ဆရာ က Power Wiring and Installation ဘာသာရပ်ကို သင်ပေး ခဲ့ပါတယ်၊ ကျနော် မုံရွာ GTI ကို ရောက်ရောက် ခြင်း သင်ကြားပေးခဲ့ရတာကလည်း အဲဒီ […]


Swal Taw YwetMarch 11, 20141min20211
စွယ်တော်ရွက် ဒီစာစုကို ရေးမိတာဟာ ၂၀၁၃ ကုန်ဆုံးကာနီး နောက်ဆုံးရက်တွေမှာ ကတည်းက အတိတ်ကို ပြန်လည် သုံးသပ်ရာကနေ ထွက်ပေါ်လာတဲ့ ခံစားချက်လေးတွေကို ရွာထဲမှာ မျှဝေခံစား အဝေဖန်ခံကြည့် ချင်လို့ပါ၊  မွန်မွန်တို့ ဆွေးနွေးနေတဲ့ ပညာရေးအကြောင်း တစ်စိတ်တစ်ပိုင်းလည်း ပါသပေါ့။ စွယ်တော်ရွက် GTI ကျောင်းဆင်းခဲ့တာ ၁၉၈၅ မှာပါ။ A.G.T.I ( Electrical Power ) မန္တလေး GTI ကပါ။ ၁၉၈၆-၈ရ မန္တလေးဆေးရုံကြီး ဆေးဖက်ဆိုင်ရာ အင်ဂျင်နီယာဌာနမှာ လုပ်အားပေး အင်ဂျင်နီယာ လုပ်ခဲ့ပါတယ်။ ၁၉၈၈ အရေးအခင်းကာလ ရန်ကုန်မှာရောက်နေပါတယ် သင်္ဘောကျင်း လက်တွေ့ဆင်းဘို့ကြိုးစားနေခဲ့တာပါ။ အရေးအခင်းပြီးတော့ မန္တလေး မှာမိဘတွေနဲ့အတူပြန်နေရင်း Mandalay Dairy Development Project နို့ချက်စက်ရုံစီမံကိန်း Liquid […]


Swal Taw YwetOctober 9, 20131min35323
အောက်တိုဘာ ၂၁၊၂၀၁၃ ထုတ် ကမာရွတ်တိုင်းမ်ဂျာနယ် အတွဲ ( ၁ ) အမှတ် ( ၈ ) Page No 19။ မန္တလေး ဂဇက်ရွာသူားများ ဝမ်းသာရအောင်လို့ပါခင်ဗျ၊ ရွှင်လန်းချမ်းမြေ့ကြပါစေ။ “လျှပ်စစ်သတိ၊ လျှပ်စစ် အသိ” ဟို တစ်ချိန်တုံးက ခေတ်စားခဲ့တဲ့ “ သတင်းစာ ကိုင်ရင် ဓါတ်လိုက်တယ် ” ဆိုတဲ့စကားလေး မမေ့ကြသေးဘူးဟုတ်။ ဒီနေ့တွေမှာတော့ ဓါတ်လိုက်သေဆုံးမှု သတင်းတွေကို သတင်းစာကိုင်တိုင်းတွေ့နေရလို့ ဒီဆောင်းပါးလေးကို ရေးဖြစ်ပါတယ်။ လျှပ်စစ်ဓါတ်လိုက်မှု အန္တရာယ်မှ ကင်းဝေးစေချင်လို့ပါ။ ဓါတ်လိုက်တယ်ဆိုတာက ကိုယ်ခန္တာအတွင်း လျှပ်စစ်ဓါတ်ဖြတ်သန်းစီးဆင်းသွားတာကိုခေါ်တာပါ။ လျှပ်စီးကြောင်းဖြတ်စီးလိုက်တဲ့အချိန်မှာ လူ့ခန္တာကိုယ်အတွင်း သွေးလှည့်ပတ်မှုရဲ့ အဓိကမောင်းနှင်သူဖြစ်တဲ့ နှလုံး ( Heart ) ပုံမှန် အလုပ်မလုပ်နိုင်တော့ဘဲ အသက်သေဆုံးစေသည်အထိ […]