moonpoemJanuary 6, 20161min67611
ယခု Tour Leader သည် ကိုယ်နှင့် အသက်မတိမ်းမယိမ်း။ သို့သော် သူသည် စလာကတည်းက Gentleman စတိုင်နှင့်။သည်တော့ ကိုယ်လည်း ပျာယာခတ်နေသော Jungle Girl ပုံစံနှင့်တော့ မဖြစ်။ ဟာသဖြစ်ဖြစ် ဖန်စီဖြစ်ဖြစ် Drama ဇာတ်လမ်း ရေးလို့ ရနိုးနိုးဖြင့် ချက်ချင်းလက်ငင်း မွန်းပိုအမ် ပုံစံ ပြောင်းပစ်လိုက်သည်။ လမ်းလျှောက်တာကို ဆင်မယဉ်သာ မလျှောက်နိုင်ဦးတော့ ဆင်မ စိတ်ကောက်သလောက်တော ့လျှောက်ပစ် လိုက်၏။(ဖိနပ်တော့ နည်းနည်းပွန်း၏) ဟိုတယ်သို့အရောက် နယူးရီးယား အထိမ်း အမှတ်ဖြင့် ရေခဲရုပ်ထုပုံစံ ပြင်ထားသည်ကို မြင်ရသည။် ဧည့်သည်များ ခေတ္တနားချိန်တွင် ရေခဲရုပ်ကြီးကို ဘေယောင်ဂျွန်းပမာ မြင်ယောင် ရင်းWinter Sonata ဇာတ်ကားထဲက ဇာတ်ကွက်များ၊ နှင်းတောထဲမှာ လမ်းလျှောက် ကြသည်များကို ခံစားမိလေရာ […]