– – – – – ====================== ====================== သူဋ္ဌေးကြီးတစ်ယောက် မြစ်ကြီးကို သဗ္ဗာန်နဲ့ဖြတ်ဖို့ ငှက်ဆိပ်ကို ဆင်းလာပါတယ်။ (အိပဲ့၊ အိပဲ့  ငှက်သဗ္ဗာန်ခတ်သွားတယ်ဆိုပြီး ရေချိုးဆိပ်သီချင်းမှာတောင် ပါတယ်လေ။) “ဟိတ်ကောင် ငါ့ကိုလာတွဲဦး။ ရေထဲပြုတ်ကျလို့ ငါ့အဖိုးတန် အဝတ်အစားတွေ ရေစိုကုန်ရင် မလွယ်ဘူး” “ဟုတ်ကဲ့” ဒီလိုနဲ့ သမ္ဗန်ပေါ်မှာ သူဌေးကြီးကိုတင်ပြီး ငှက်ခတ်လာတယ်။ “အခု တစ်နေ့ ဘယ်လောက်ရတုံး” “အမှန်မရှိပါဘူး။ သူဌေးကြီးရယ်။ တစ်ကျပ်ရ ငါးမူးရနဲ့” “ဝင်ငွေ ဘာမှမရပါလား။ တယ်ညံ့သကိုး” ခဏနေပြန်တော့ … “မင်းမှာ အိမ်ရောရှိရဲ့လား” “မရှိပါဘူး။ သူဌေးကြီးရယ်၊ ဟိုသောင်ခုံကတဲမှာနေတာ” “အိမ်ကလေးတစ်လုံးတောင် မရှိတဲ့ကောင်၊ တယ်ညံ့သကိုး” ဒီလိုနဲ့ သူဌေးကြီးက သမ္ဗန်သမားမှာ မရှိတာတွေကို မေးလိုက်၊ တယ်ညံ့သကိုးဆိုလိုက်နဲ့ […]