weiweiSeptember 13, 20111min34824
ဆင်းရဲနွမ်းပါးမှုလျော့နည်းရေး အကြောင်းတွေ သတင်းမှာကြားရ ဖတ်ရတာများနေပေမယ့် ဖာသိဖာသာပဲ နေဖြစ်ပါတယ်။ ဘာလို့လဲဆိုတော့ ကျွန်မအနေနဲ့က ဆင်းရဲသားအခြေအနေထဲမှာမပါသလို ဆင်းရဲသားတွေကို ကူညီပေးနိုင်တဲ့ သူဌေးအခြေအနေထဲမှာလဲမပါဘူး။ ရာထူးအာဏာနဲ့ကူညီပေးနိုင်သူလဲမဟုတ်လေတော့ ဒီကိစ္စ ကျွန်မနဲ့မဆိုင်ဘူးလို့သာ သဘောထားခဲ့ပါတယ်။ ဒီအပတ် ဟင်းချက်စရာဝယ်ဖို့ ဈေးသွားတဲ့အခါမှာ အတွေးတစ်ခု တွေးမိသွားပါတယ်။ ကျွန်မက ပုံမှန်အားဖြင့် တစ်ပတ်တစ်ခါ city mart မှာ လိုအပ်တာတွေဝယ်ပါတယ်။ လှည်းတန်းဈေးမှာ အသီးအရွက်သားငါး ဝယ်ပါတယ်။ ဈေးဝယ်တဲ့အခါတိုင်းမှာ ခေါင်းရွက်ဗျက်ထိုးဈေးသည်လေးတွေဆီမှာ ဝယ်လေ့ဝယ်ထ နဲပါတယ်။ ဒီအပတ်တော့ စိတ်ကူးပြောင်းလိုက်တယ်။ လမ်းဘေးက ဗန်းကလေးတွေနဲ့ ချရောင်းရတဲ့ ဈေးသည်လေးတွေဆီက ဈေးမဆစ်ပဲနဲ့ ဝယ်ပါတယ်။ သူတို့ဆီမှာ မရနိုင်တာကိုမှ ဆိုင်ကြီးကြီးကနေ ဝယ်တယ်။ ဆင်းရဲနွမ်းပါးမှုလျော့နည်းရေးမှာ တစ်နိုင်တစ်ပိုင်ကူညီချင်တဲ့စိတ်နဲ့ပေါ့။ ပစည်းတွေ မနိုင်မနင်းဖြစ်နေပေမယ့် အမြဲတမ်းလမ်းလျှောက်ပြီး အိမ်ပြန်လေ့ရှိပါတယ်။ ဒီတစ်ခါတော့ ဆိုက်ကားစီးပြီးပြန်လိုက်ပါတယ်။ […]